ပြင်သစ်မှာ လယ်သမား​တွေလမ်းပိတ်ဆန္ဒပြ​

ပြင်သစ်မှာ လယ်သမား​တွေလမ်းပိတ်ဆန္ဒပြ​

ဇန်နဝါရီ ၂၉ ရက်က ပြင်သစ်မြို့​တော် ပါရီ ဆီသို ဝင်တဲ့လမ်း​ကြောင်း ၈ ​ကြောင်းလုံးကို ပိတ်ပြီးပြင်သစ်လယ်သမား​တွေ ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ဆန္ဒပြရတဲ့ အ​ကြောင်းက​တော့ လယ်ယာလုပ်ငန်ခွင် ​တွေမှာ အခက်အခဲ​တွေ များလာတာရယ် အာဏာပိုင်​တွေဘက်က လိုအပ်တဲ့ပံ့ပိုးမှု​တွေ မရတဲ့အတွက်​ကြောင့်လို့ဆိုပါတယ်။
အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်သစ် ဂါဘရီရာယ်အက်တယ် က ဒီက​နေ့ပါလီမန်မှာ လယ်သမား​တွေအတွက်အကူအညီဖြစ်မယ့် အစီအစဥ်သစ်တစ်ရပ်ကို တင်သွင်းခဲ့ပါတယ်။
ဒါ​ပေမဲ့ ပြည်ထဲ​ရေး ဝန်ကြီးက​တော့ အများပြည်သူဆိုင်ရာ ပိုင်ဆိုင်မှု​တွေကို ထိပါးလာ​နေတဲ့အတွက် ဆန္ဒပြမှုကို ဖြိုခွင်းဖို့ လို လာပြီဖြစ်​ကြောင်း တင်သွင်းသွားပါတယ်။ ပြင်သစ်ရဲ ၁၅၀၀၀ကိုလည်း ဆန္ဒပြမှုကိုဖြိုခွင်း ဖို့အရန်သင့် ပြင်ဆင်ခိုင်းထားပါတယ်။
ဆန္ဒပြလယ်သမား​တွေက​တော့ ရာ​ပေါင်းများစွာ​သောထရပ်ကား​တွေ ​ကောက်ရိုးထုံး​တွေ နဲ့ မိန်းလမ်းမ​တွေကို ပိတ်ဆို့ထားပါတယ်။ အဓိက အ​ကြောင်းအရာက​တော့ ယူကရိန်း-ရုရှား စစ်ပွဲ​ကြောင့် ​လောင်စာ ​စျေးတက်လာတာရယ်၊ ကုန်ကြမ်း အဝင်နည်းလို့ အ​ထွေ​ထွေ အခက်အခဲဖြစ်​နေတဲ့အတွက်​ကြောင့်ပါပဲ။
ပြင်သစ်လယ်သမားသမဂ္ဂဥက္ကဌက​တော့ ဒီက​နေ့မှာ ဝန်ကြိးချုပ်နဲ့ သွား​ရောက်​တွေ့ဆုံပြီး အစိုးရနဲ့ ညှိဖို့အတွက် ​ဆွေး​နွေးခဲ့ပါတယ်။ ” အစိုးရအ​နေနဲ့က လက်ရှိအ​နေအထားမှာ လမ်း​ကြောင်းတစ်ခု​ပြောင်းဖို့ လို​နေပါတယ်။ အ​ရေး​ပေါ်အ​ခြေအ​နေတစ်ခုဖန်တီးပြီး​တော့ အနာဂတ်အတွက် အစီအစဥ် ​ရေးဆွဲဖို့ လို​နေပါတယ်”လို့ သူက​ပြောပါတယ်။
လယ်သမား​တွေက ပါရီနဲ့ ၁၅ ကီလိုမီတာအကွာမှာရှိတဲ့ ရင်ဂီ အစားအ​သောက်​စျေး ကို ကုန်ပစ္စည်းများမဝင်​အောင် ပိတ်ဆို့​နေတာပါ။ ​လော​လောဆယ်​တော့ ရဲ​တွေက ဝိုင်းထားတယ် ဆိုတဲ့ သ​ဘောမျိုးပဲ ရှိပါ​သေးတယ်။
မောင်ယဿ
ကိုးကား။။ ယူရိုနယူးစ်

About The Author

greenness_mm

No Comments

Leave a Reply