ဘရာဇီးရေကာတာပြိုကျမှု သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုအား လျော်ကြေး စတာလင်ပေါင် ၅ ဘီလျံရလိုမှုဖြင့် နစ်နာသူ ၂ သိန်းကျော်က တရားစွဲ

ဘရာဇီးရေကာတာပြိုကျမှု သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုအား လျော်ကြေး စတာလင်ပေါင် ၅ ဘီလျံရလိုမှုဖြင့် နစ်နာသူ ၂ သိန်းကျော်က တရားစွဲ

သတ္တုတူးဖော်ရေးကုမ္ပဏီ BHP သည် ဘရာဇီးလ် ရေကာတာပြိုကျမှု နောကဆက်တွဲ ဘေးအန္တရာယ်ကြောင့် ပေါင် ၅ ဘီလီယံပေးဆောင်အရေး တရားရုံးချုပ်တွင် တရားစွဲခံရမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် နိုင်ငံ၏ အကြီးမားဆုံး သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်ကြောင့် နစ္နာသူ ၂၀၂,၆၀၀ ခန့်က တရားစွဲဆိုခြင်း ဖြစ်သည်။
တောင်အမေရိကနိုင်ငံ၏ အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ကြောင့် ထိခိုက္နစ္နာသူ ဘရာဇီးလ်နိုင်ငံသား ၂၀၂၆၀၀ က BHP ကို ပေါင် ၅ ဘီလီယံ ပေးဆောင်သည့် တရားစွဲမှုကို တရားသူကြီး ၃ ဦးက သောကြာနေ့တွင် လက်ခံကြားနာမှုပြုလုပ်ရန်
ဆုံးဖြတ်ခဲ့သည်။
အင်္ဂလိပ်တရားရုံးများတွင် တန္ဖိုးအရွိဆုံး အမှုတွဲတစ်ခုဖြစ်သည့် အဆိုပါတရားစွဲဆိုမှုကို ဆက်လက်စစ်ဆေးနိုင်သည်ဟု အယူခံတရားရုံးက ဆုံးဖြတ်ခဲ့သည်။ တရားရုံးများသည် ၂၀၁၈ ခုနှစ်တွင် စွဲဆိုထားသည့်အမှုကို ကြားနာခြင်းမပြုသင့်ကြောင်း အစောပိုင်းဆုံးဖြတ်ချက်ကို တရားသူကြီးများက ပယ်ချခဲ့သည်။
၂၀၁၅ ခုနှစ်က Fundo ရေကာတာပြိုကျပြီး သံသတ္တုရိုင်းတူးဖော်မှုမှ အစိုင်အခဲစွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်သည့် အဆပ်သင့်သတ္တုရိုင်း ကုဗမီတာ ၄၀ ခန့်ကို ထုတ်လွှတ်ခဲ့ရာ ဘရာဇီးနိုင်ငံ၏ အဆိုးရွားဆုံး သဘာဝပတ်ဝန်းကျင်ဘေးဥပါဒ်ကို ဖြစ်စေခဲ့မှုအတွက်
တရားစွဲခြင်းဖြစ်သည်။ အဆိုပါတရားစွဲဆိုမှုတွင် ဘရာဇီးနိုင်ငံသားများက ၎င်းတို့၏နေအိမ်များနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးခဲ့ရသည့်အတွက် အနည်းဆုံး လျော်ကြေးငွေ ပေါင် ၅ ဘီလီယံ တောင်းခံထားကြောင်း သိရသည်။
ရေကာတာပြိုကျမှုနှင့် ရေကြီးမှုကြောင့် လူ ၁၉ ဦး သေဆုံးကာ ရွာများလည်း ပျက်စီးခဲ့သည်။ မိုင် ၄၀၀ ခန့်အကွာ ပင်လယ်ပြင်သို့ဝင်သည့် River Doce လမ်းကြောင်းတစ်ခုလုံးလည်း ရေလွှမ်းခြင်း မြေပြိုခြင်းများ ဖြစ်ပွားခဲ့ပြီး မြစ်ရိုးတစ်လျောက်ရှိ ဒေသခံများ၏ အကျိုးစီးပွားကို ပျက်စီးစေခဲ့သည်။
အဆိုပါရေကာတာအား BHP အဖွဲ့၏တစ်စိတ်တစ်ပိုင်းဖြစ်သော Vale နှင့် BHP Billiton Brasil တို့ ပူးပေါင်းပိုင်ဆိုင်သည့် ဘရာဇီးကုမ္ပဏီ Samarco က လည်ပတ်နေခြင်းဖြစ်သည်။
ယင်းရေကာတာပြိုကျပြီး လေးနှစ်ခန့်အကြာတွင် ၂၀၁၉ ခုနှစ်တွင် Vale တစ်ဦးတည်းပိုင်သော သံရိုင်းမိုင်းတစ်ခုတွင် နောက်ထပ်ရေကာတာဘေးဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးက်များ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် Brumadinho မတော်တဆမှုတွင် လူ ၂၇၀ ဦး သေဆုံးခဲ့သည်။
ဘရာဇီးနိုင်ငံ၊ Minas Gerais အရှေ့ဘက် ၉ ကီလိုမီတာအကြာရွိ Crrego do Feijo သံသတ္တုရိုင်းမိုင်းရှိ Brumadinho ရေကာတာ သဘာဝဘေးအန္တရာယ်သည် ၂၀၁၉ ဇန္နဝါရီ ၂၅ ရက္က ဖြစ်ပွားခဲ့သည်။ ဆည်သည် ၂၀၁၅ Mariana ရေကာတာ သဘာဝဘေးအန္တရာယ်တွင် ပါဝင်ခဲ့သည့် အလားတူကုမ္ပဏီ Vale မှပိုင်ဆိုင်သည်။
Ref-Financial Time
Photo-google news

About The Author

greenness_mm

No Comments

Leave a Reply