မားစ်ဂြိုလ်ပေါ်မှာတွေ့ရှိခဲ့တဲ့ ပန်းပွင့်လေးတစ်ပွင့်

မားစ်ဂြိုလ်ပေါ်မှာတွေ့ရှိခဲ့တဲ့ ပန်းပွင့်လေးတစ်ပွင့်

မားစ်ဂြိုလ်ပေါ်မှာ စူးစမ်းလေ့လာမူတွေကိုပြုလုပ်နေတဲ့ Curiosity rover ယာဥ်ဟာပြီးခဲ့တဲ့လကအသေးစားတွေ့ရှိမူတစ်ခုရှိခဲ့ပါတယ်။အဆိုပါတွေ့ရှိမူဟာ ထူးဆန်းတဲ့အပြင်ချစ်စရာပါကောင်းနေပါသေးတယ်။လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာလောက်က ဖြစ်တည်မူတစ်ခုကိုတွေ့ရှိခဲ့တာပါ။
လွန်ခဲ့တဲ့ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မားစ်ဂြိုလ်ပေါ်က ဂေးလ်ချိုင့်ဝှမ်းမှာ လေ့လာနေရင်း ရိုဗာယာဥ်ဟာ ပန်းလေးတစ်ပွင့်ကိုတွေ့ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တကယ့်ပန်းတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကဖြစ်တည်ခဲ့တဲ့ သန္တာ‌ကျောက်ကနေ ပန်းပွင့်ပုံစံဖြစ်နေတာလေးပါ။အဲ့ဒီကျောက်လေးကဘယ်လောက်တောင်သေးလဲဆို အ‌ကြွေစေ့တစ်စေ့ထပ်တောင်ပိုသေးပါတယ်။ဒီချစ်စရာပုံလေးနဲ့ပန်းပွင့်ကျောက်တုံးလေးဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရေထဲကမင်နရယ်တွေနဲ့ ကျောက်တွေကို ရောနှောလိုက်သလိုဖြစ်သွားပြီး ပုံပေါ်လာတာဖြစ်ပါတယ်လို့ နာဆာကထုတ်ပြန်ထားပါတယ်။
အဲ့ဒီပန်းပွင့်လေးပုံကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရိုဗာကသူ့ရဲ့လက်တံမှာပါတဲ့ Mars Hand Lens Imager ကင်မရာနဲ့ရိုက်ကူးပေးပို့ထားခဲ့ပါတယ်။အဆိုပါတွေ့ရှိမူဟာ ရိုဗာရဲ့အရင်တွေ့ရှိမူတွေနဲ့လည်းဆင်တူပါတယ်။အရင်တုန်းကလည်း ဒီရိုဗာကနေပဲ ဘလူးဘယ်ရီပုံစံနဲ့ကျောက်လေးတွေကို တွေ့ရှိခဲ့ပါသေးတယ်။ဒီကျောက်တုံးတွေကလည်း ပန်းပွင့်လေးလိုပဲ ကျောက်တုံးတွေပေါ်ကို အရည်တမျိုးမျိုးက ဖြတ်သန်းစီးဆင်းတာကြောင့် ဖြစ်ပေါ်လာတဲ့ပုံစံလေးတွေဖြစ်ပါတယ်။
Curiosity ရိုဗာယာဥ်ဟာ မားစ်ပေါ်က မီးတောင်တွေ၊ချိုင့်ဝှမ်းတွေ၊တောင်ကုန်းပုံစံတွေကိုလေ့လာနေတဲ့ နာဆာပိုင်ယာဥ်တစ်စီးဖြစ်ပါတယ်။မားစ်ပေါ်ကို ၂၀၁၂ ခုနှစ် သြဂတ်စ်လ ၅ ရက်နေ့ကစတင်ရောက်ရှိခဲ့ပြီး မကြာခင်မားစ်ပေါ်‌ရောက်နေတာ ၁၀ နှစ်ပြည့်တော့မဲ့ ယာဥ်တစ်စင်းလည်းဖြစ်ပါတယ်။
Curiosity rover (Photo via NASA)
ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ပါတယ်။

About The Author

greenness_mm

No Comments

Leave a Reply