မိုးယွန်းကြီးအင်း ရေတိမ်ဒေသ (၁)

မိုးယွန်းကြီးအင်း ရေတိမ်ဒေသ (၁)

မိုးယွန်းကြီးအင်း ရေတိမ်ဒေသမှာ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရမ်ဆာဒေသဖြစ်ပြီး၊ ရမ်ဆာကွန်ဗင်းရှင်းက ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၇ ရက်နေ့တွင် ရမ်ဆာဒေသအဖြစ် အသိအမှတ်ပြု သတ်မှတ်ကြေညာခဲ့ပါတယ်။ မိုးယွန်းကြီးအင်းမှာ ၁၀၃၅၉ ဟက်တာကျယ်ဝန်းတဲ့ ကုန်းတွင်းရေတိမ်ဒေသ ဖြစ်ပါတယ်။ ရှားပါးငှက်မျိုးစိတ်များ၊ ရှားပါးလိပ်မျိုးစိတ်များ၊ ဆောင်းခိုရေငှက်များ အကောင်ဦးရေ မြောက်မြားစွာ မှီခိုကျက်စားနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ Wild Wings Group အဖွဲ့ဟာ ဟိုယခင်ကဆိုလျှင် နှစ်စဉ် ဖေဖော်ဝါရီလထဲမှာ မိုးယွန်းကြီးအင်းသို့ ဆောင်းခိုရေငှက်များအား ဓာတ်ပုံရိုက်ကူးရန် သွားရောက်လေ့ရှိပါတယ်။ အင်းထဲမှာ ကျက်စားနေကြတဲ့ ဘဲအုပ်စုတွေ၊ ရေငှက်တွေကို လှေဖြင့် လိုက်လံရှာဖွေ မှတ်တမ်းတင်ကြပါတယ်။ အထူးသဖြင့် အများဆုံးတွေ့ရတတ်တာက ဘဲမြီးသွယ်(Northern Pintail) မ်ား ဖြစ်ပြီး၊ အခြားဘဲမျိုးစိတ်များဖြစ်သော စစ္စလီ (Lesser Whistling Duck) ၊ ဝမ်းဘဲ (Indian Spot-billed Duck)၊ ဂါဂဏီ (Gargney) တို့ကိုလည်း အကောင်ရေများစွာ တွေ့ရပါတယ်။ ခရုတုတ် (Asian Openbill) ၊ ခရုစုပ်(Glossy Ibis) ၊ ငဟစ် (Purple Heron)၊ ဗျိုင်း(Egret)၊ ဥပန်း(Oriental Darter)၊ တင်ကျီး(Little Cormorant) ၊ မယ်ညို(Grey-headed Swamphen)၊ စနိုက်(Snipe)၊ တလိုင်းကောင် (Pacific Golden Plover) ၊မြစ်တွေး (Tern) စသဖြင့် ရေငှက်မျိုးစိတ်များကိုလည်း စုံလင်စွာ တွေ့ရတတ်ပါတယ်။ ကောင်းကင်ယံတွင် ဝဲပျံနေတဲ့ သားရဲငှက်များ၊ သစ်ငုတ် သစ်ကိုင်းတွင် စောင့်ဆိုင်းပြီး ငါးဖမ်းနေတဲ့ ပိန်ညင်(Kingfisher)မ်ား၊ ဟိုတစ္စု ဒီတစ်စုနဲ့ အုပ်စုဖွဲ့ပျံသန်းကြတတ်ကြတဲ့ တစ်တီတူးခေါင်းမွဲ (Grey-headed Lapwing) လေးတွေနဲ့ ကြာဖက်နင်း (Pheasant-tailed Jacana) ငှက်အချို့ကလည်း လေ့လာသူများကို မအားလပ်စေရပါဘူး။ ဒါ့အပြင် ရေတိမ်ဒေသကို အမှီပြုလုပ်ကိုင်ကြတဲ့ လူနေမှုဘ၀များကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အဖွဲ့ဝင်များ လေ့လာမှတ်တမ်းတင်ခဲ့သော မိုးယွန်းကြီးအင်းမှ သဘာ၀အလှများ၊ လူနေမှုဘ၀များနှင့် ငှက်မျိုးစိတ်များ၏ ဓာတ်ပုံများကို ဖော်ပြပေးလိုက်ပါတယ်။
အောက်ပါ Original Link တွင် ဓာတ်ပုံများနှင့် အကြောင်းအရာအပြည့်အစုံကို လေ့လာနိုင်ပါသည်။https://www.facebook.com/1574060156201347/posts/3150780401862640/

About The Author

greenness_mm

No Comments

Leave a Reply