မြန်မာနိုင်ငံရှိ အထင်ကရချောင်းများ (မုန်းချောင်း)

မြန်မာနိုင်ငံရှိ အထင်ကရချောင်းများ (မုန်းချောင်း)

မုန်းချောင်းသည် ချောင်းဟုခေါ်သော်လည်း အမှန်မှာ မြစ်ကလေးဖြစ်၏။ ၁၉၆ မိုင်ရှည်လျားသည်။ ဧရာဝတီမြစ်၏ လက်တက်ဖြစ်၍ ဧရာဝတီမြစ်အတွင်းသို့ လက်ျာ ဖက်ကမ်းမှ စီးဝင် ပေါင်းဆုံသည်။ မုန်းချောင်းသည် တောင်ပိုင်း ချင်းတောင်ခရိုင်ရှိ ဝိတိုရိယတောင်၊ ခေါနုဇုမ်၊ နတ်မတောင်ထိပ်၏ အနောက်ဖက်နှင့် မြောက်ဖက်ရှိ တောင်များတွင် မြစ်ဖျားခံသည်။ အစသော် တောင်ဖက်သို့ လမ်းပြောင်းပြီးနောက် မင်းဘူးခရိုင် အတွင်းသို့ စေတုတ္တရာမြို့နယ်၏ အနောက်မြောက်ဖက်မှ စီးဝင်သည်။ စေတုတ္တရာ မြို့နယ်ကို မြောက်မှ တောင်သို့ နှစ်ပိုင်းအတိမျှ ပိုင်း၍ စီးသည်။ ထိုနောက် ပွင့်ဖြူမြို့နယ်တွင်းသို့ ဖြတ်သန်း စီးဆင်းသည်။ မဲဇလီရွာမှစ၍ မြေပြန့်တွင်းသို့ ရောက်သည်။
မဲဇလီရွာမှ ဧရာဝတီမြစ်နှင့် ဆုံရာအထိ အတည့်တိုင်းလျှင် မိုင် ၃ဝ ကျော်ရှိသည်။ မြစ်ရိုးတစ်လျှောက်မှ တိုင်းလျှင်မူကားနှစ်ဆမျှရှိပေမည် ။ မုန်းချောင်းကမ်းဘေးမှာထက် မြို့ရွာများ ပိုမိုတည်ရှိသည်။ မုန်းချောင်းဘေးတွင် မဲဇလီအောက်ဖက်မှစ၍ ရွာပေါင်း ၁ဝဝေက်ာ္ရွိ၍ မြစ်ချောင်း၏ တစ်ဖက်တစ်ချက် အမျှပင် တည်ရှိသည်။ သို့ရာတွင် ပြောပလောက်သည်တို့ကား စေတုတ္တရာ၊ ပွင့်ဖြူစသည်တို့သာလျှင်ဖြစ်၏။ မဲဇလီရွာအထက် ၄၅ မိုင်အထိ လှေများ တစ်နှစ်ပတ်လုံး ကူးလူးသွားလာနိုင်သည်။ မိုးအခါတွင် လှေများဖြင့်သာ ဖြတ်ကူးနိုင်သော်လည်း နွေအခါ၌ အချို့နေရာများတွင် ကျောက်ဆောင်များကို ကျော်ဖြတ်၍ ကူးသန်းနိုင်သည်။ မုန်းချောင်း မြစ်ဝှမ်းရှိ မြေသည် မန်းချောင်း မြစ်ဝှမ်းမှာထက် ပို၍ ပွသည်။ ဆည်မြောင်းများ ဖောက်လုပ်၍ ရေသွယ်မည်ဆိုပါက မန်းချောင်းမှာကဲ့သို့ပင် တောင်ခြေ တစ်လျှောက်မှသည် ဧရာဝတီမြစ်ဝှမ်းအထိ စိုက်ပျိုးနိုင်သည်။ မဲဇလီ အောက်ဖက်ဆီတွင် မုန်းချောင်းမြစ်ဝှမ်းသည် ၁ မိုင်မျှကျယ်ဝန်းသည်။ ထိုမှအောက်ဖက် ၁၈ မိုင်အကွာ ကျွဲတဲသို့ရောက်လျှင် ၆ မိုင်ရှိ၍ ထိုမှလွန်ပြန်သော် အလ်ား ၁၃ မိုင် အနံ ၇ မိုင်ခန့်ရှိသော မြေပြန့်ရှိ၏။ မြေလည်းကောင်းမွန်သည်။
မဲဇလီရွာအထက် မြောက်ဖက်တွင် ရှေးမြန်မာမင်းများလက်ထက်က တူးမြောင်းတစ်ခု တူးဖောက်ခဲ့သည့် အထောက်အထားများ တွေ့ရသည်။ အျခား တူးမြောင်းတစ်ခုမှာ မဲဇလီ၏ အောက်ဖက် ၁ဝ မိုင်ခန့် အကြာ တောင်ဖက်ကမ်းမှ ပြည်လုံးကျော်၏ အနောက်ယွန်းယွန်းတွင် ရှိခဲ့သည်။ အချို့နေရာများတွင် မုန်းမြစ်ကြောင်း ပြောင်းသည့် လက္ခဏာများ ရှိသည်။ ၁၉ဝ၈ ခုနှစ်ခန့်က မုန်းမြစ်ဝနှင့် ၃၄ မိုင်ကွာဝေးသော မဲဇလီရွာတွင် ရေလွှဲဆည်ကို စတင် ပြုလုပ်၍ ယခုအခါ မုန်းတူးမြေင်းစုဖြင့် ရေသွယ်ကာ လယ်ယာစိုက်ပျိုး လုပ်ကိုင်လျက်ရှိသည်။ မုန်းတူးမြောင်းစုသည်ကား မင်းဘူးခရိုင်ရှိ တူးမြောင်းစု ၃ စု အနက် အလယ်တူးမြောင်းစု ဖြစ်၏။ အျခား တူးမြောင်း ၂စုမွာကား စလင်းတူးမြောင်းစုနှင့် မန်းတူးမြောင်းစုတို့ ဖြစ်သည်။ မုန်းတူးမြောင်းကို အမှီပြုလျက်ရှိသည့် ရေသောက်မြေ ဧကပေါင်းမှာ ၇၉,၁၄ဝ ဖြစ်လေသည်။
ထီးချောင်း၊ ခွက်ချောင်း၊ အင်ကြင်းချောင်း၊ ဒွေးချောင်း၊အောင်းချောင်း၊ ချီချောင်း၊ ပန်းအိချောင်း၊ ပလောင်းချောင်း၊ ဆီမီးချောင်း၊ ပဇောချောင်း၊ ကြီးချောင်းတို့သည် မုန်းချောင်း၏ ချောင်းလက်တက်များဖြစ်သည်။
မုန်းချောင်းသည် ချင်းတွင်းမြစ်နှင့် မူးမြစ်ပြီးလျှင် ဧရာဝတီမြစ်အတွင်းသို့ အနောက်ဘက်ခြမ်းမှ စီးဝင်သော မြစ်လက်တက် ချောင်းလက်တက်များထဲတွင် တတိယမြောက် အကြီးဆုံးနှင့် ရေစီးအားအများဆုံးဖြစ်သည်။ ချောင်း၏အနောက်ဘက်ခြမ်းသည် ရခိုင်ရိုးမ တောင်တန်းများဖြစ်ပြီး မိုးကောင်းစွာရကာ တစ်နှစ်ပတ်လုံး ရေရှင်သော ချောင်းလက်တက်ငယ်များ အများအပြားရှိကြသည်။ ဒွေးချောင်း၊ ချီချောင်း၊ အောင်းချောင်း၊ ဆီမီးချောင်း နှင့် ကြီးချောင်းတို့မှာ တစ်နှစ်ပတ်လုံးရေစီးသော ထင်ရှားသော ရေရှင်ချောင်းကြီးများဖြစ်ကာ ၎င်းချောင်းငယ်များ ဘေးတွင် မှီတင်းနေထိုင်ကြသော ဒေသခံ ချင်း နှင့် ဗမာ တိုင်းရင်းသားတို့သည် သီးနှံတစ်ရာသီခံသော ကိုယ္ထူကိုယ္ထ သစ်ဝါးဆည်များပြုလုပ်ကြကာ ရေသွင်း၍ စပါးစိုက်ပျိုးကြသည်။ သို့သော်လည်း မြေပြန့် ဧရိယာ အနည်းငယ်သာရှိသဖြင့် လယ်စိုက်ဧကနည်းပါးသည်။ ချောင်း၏အရှေ့ဘက်ခြမ်းသည် ပုံတောင်ပုံညာတောင်တန်း၏အဆက်ဖြစ်သော မြင်းညောင်းတောင်တန်း နှင့် နွားမ(နမ္ပဒါ)တောင်တန်းကြီးများရှိနေပြီး မြေပြန့်ဒေသနှင့် ပိုမိုနီးကပ်သဖြင့် မိုးရေရရှိမှု နည်းပါးသော်လည်း နွရောသီမျှသာ ရေခန်းခြောက်သည့် ချောင်းလက်တက်များ ရှိကြသည်။ ပန်းအိချောင်း၊ ထီးချောင်း နှင့် ပဇောချောင်းတို့မှာ ထင်ရှားကြပြီး အနောက်ဘက်ခြမ်းရှိချောင်းများကဲ့သို့ ရေစီးအားမများပြားလှပေ။
Ref:Internet
Photo: Original Photographers

About The Author

greenness_mm

No Comments

Leave a Reply