မြန်မာနိုင်ငံအတွင်းမှမြစ်များ(မေခမြစ်)

မြန်မာနိုင်ငံအတွင်းမှမြစ်များ(မေခမြစ်)

မေခမြစ်သည် မြောက်လတ္တီကျူ့ ၂၈ ဒီဂရီခန့်၊ တိဗက်အရှေ့ပိုင်း ဟိမဝန္တာ တောင်တန်း ရေခဲပြင်များမှ မြစ်ဖျားခံ စီးဆင်းပြီး ကချင်ပြည်နယ် မြစ်ဆုံဒေသတွင် မလိခ(မေလိခ)မြစ်နှင့် ပေါင်းဆုံကာ မြန်မာနိုင်ငံ၏ အသက်ဖြစ်သော ဧရာဝတီဖြစ်ပေါ်လာသည်။
မေခနှင့် မလိခ မြစ်နှစ်စင်းဆုံရာ မြစ်ဆုံသည် ကချင်လူမျိုးများအတွက် ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် အရေးပါသလို မြန်မာနိုင်ငံ၏ အရေးပါသော အမှတ်သင်္ကေတစ်ခုလည်း ဖြစ်သည်။
၁၉၄၀ ဆယ်ခုနှစ်တွင် ဗြိတိသျှ သစ်တောပညာရှင်ဖြစ်သူ Bertram E. Smythies ဆိုသူက ယင်းဒေသကို လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်းတွင် မြစ်ကြီးနားတက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ လက်ထောက်ကထိကဖြစ်သူ ကလာလုက ရေဝေကုန်းတန်းဒေသရှိ အပင်အမျိုးအစားများနှင့် ပတ်သက်သော စာတမ်းတစ်စောင် ပြုစုခဲ့ရာ ယင်းဒေသတွင် အမြင့် မီတာ ၈၀၀ မွ မီတာ ၄၆၀၀ ကျော်အတွင်း များစွာသော ဂေဟစနစ်များ တည်ရှိနေသလို ကမ္ဘာပေါ်ရှိ တရုတ်-ဟိမဝန္တာ ပန်းမာန်အမျိုးအစား အများဆုံးရှိသော ဒေသတစ်ခုလည်း ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။
၂၀၀၇ ခုနှစ်တွင် ဧရာဝတီမြစ်၊ မေခနှင့် မလိခမြစ်များတွင် ဆည်များ တည်ဆောက်ရန်အတွက် မြန်မာအစိုးရသည် တရုတ် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းနှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ မေခမြစ်တွင် ဆည် ငါးခု၊ မလိခမြစ်တွင် ဆည် ၁ ခုနှင့် မြစ်ဆုံဒေသတွင် ဆည် ၁ ခု တည်ဆောက်ရန် အဆိုပြုခဲ့သည်။ မြစ်ဆုံဒေသရှိ ဆည်မှာ ဆည်ခုနစ်ခုအနက် အကြီးဆုံးဖြစ်ကာ မြစ်ဆုံဒေသကို ပျက်စီးစေနိုင်သည့်အတွက် ၂၀၀၈ ခုနှစ်တွင်စတင်ခဲ့သော တည်ဆောက်ရေးလုပ်ငန်းများကို ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။ ချီဖွေမြို့ရှိ ကန့်ကွက်ဆန္ဒပြသူ ဒေသခံများလည်း အစိုးရ၏ နှိမ်နင်းခြင်းကို ခံခဲ့ရသည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဒေသခံများ၊ မြန်မာပြည်အရပ်ရပ်မှ ပြည်သူများ၊ ကဗ်ာဆရာ၊ စာရေးဆရာများနှင့် နယ်ပယ်အသီးသီးမှ အနုပညာရှင်၊ ပညာရှင်များက ကန့်ကွက်သောကြောင့် အကန့်မရှိ ရပ်နားထားခဲ့သော်လည်း နောက်ကွယ်တွင် စီမံကိန်းအား ဆက်လက်အကောင်အထည်ဖော်နေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
Ref&Photo: internet

About The Author

greenness_mm

No Comments

Leave a Reply