မြန်မာနိုင်ငံအတွင်းမှမြစ်များ (ငေါ့ချမ်းခမြစ်)

မြန်မာနိုင်ငံအတွင်းမှမြစ်များ (ငေါ့ချမ်းခမြစ်)

ငေါ့ချမ်းခ မြစ်ဝှမ်းဒေသမှာ ကချင်ပြည်နယ် အရှေ့ဖက်ခြမ်းတွင်ရှိပြီး တရုတ်ပြည် နယ်နိမိတ်နှင့် ထိစပ် နေသည်။ အရှေ့ဖျား ဟိမဝန္တာဒေသတွင်ပါရှိသော အဆိုပါ အရှေ့မြောက်ဖက်ရှိ တောင်တန်းများမှာ ပေပေါင်း ၁၀၀၀ မွ ၁၆၀၀၀ အမြင့်ရှိသည်။ ငေါ့ချမ်းခ မြစ်သည် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ဖီမော် တောင်တန်းများဆီမှ မြစ်ဖျားခံ စီးဆင်းနေသည်။ အဆိုပါ နယ်စပ်ဒေသရှိ ပေ ၁၂၀၀၀ ကျော်ခန့် မြင့်သည့် ရေခဲဖုံးလွှမ်းနေသည့် ကာအိုလီကွန် တောင်တန်းကြီးမှ စီးဆင်းလာသည့် ချောင်းနှစ်သွယ်သည် တောင်ခြေတွင် ပေါင်းဆုံပြီး ငေါ့ချမ်းခမြစ် ဖြစ်တည်လာခဲ့သည်။
စတင် မြစ်ဖျားခံရာဒေသတွင် မြောက်မှ တောင်သို့ ဒေါင်လိုက် စီးဆင်းပြီး မြစ်အလယ်ပိုင်းတလျှောက် အရှေ့မှ အနောက်သို့ အလျားလိုက် စီးဆင်းကာ၊ မြစ်အောက်ပိုင်းတွင် တောင်မှမြောက် (အထက်အရပ်) သို့ ပြန်လည်စီးဆင်းသည်။ အင်္ဂလိပ် အက္ခရာ ယူ (U) ပုံသဏ္႑ာန်ရှိသည်။ မြစ်ကြောင်းမှာ မိုင်ပေါင်း ၁၁၀ ခန့် ရှည်လျားပြီး ချီဖွေနှင့် ဆော့လော်မြို့နယ်များကို ဖြတ်သန်း စီးဆင်းသည်။
အဆိုပါ မြစ်ဝှမ်းတလျှောက်တွင် ချောင်းလက်တက်ပေါင်း မြောက်များစွာတို့သည် ကုန်းမြင့်တောင်တန်းများ ဆီမွ သြယ္ကာရစ္ကာ စီးက်လာကာ တောင်တန်းများခြေရင်း ချိုင့်ဝှမ်းလွင်ပြင် တလျှောက် စီးဆင်းနေသည့် ငေါ့ချမ်းခ မြစ်ထဲသို့ စီးဝင်နေကြသည်။ မြင့်မားသည့် တောင်တန်းများ၊ မြစ်ချောင်းများနှင့်အတူ စိမ်းစိုသည့် ချိုင့်ဝှမ်း လွင်ပြင်များ ဖြစ်ထွန်းနေသည်။ အဆိုပါ ချိုင့်ဝှမ်းလွင်ပြင်များမှာ အပြန့်ကျယ်ကာ မြေဆီမြေနှစ် ကောင်းသည်။
မြစ်ဝှမ်းတလျှောက် သေသပ်လှပပြီး ကျယ်ပြန့်သည့် ကုန်းမြင့် လှေကားထစ်စိုက်ခင်းများ ရှိသည်။ ဒေသစပါးမျိုးရင်း ၁၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သုတေသန မှတ်တမ်းများအရ သိရှိရပြီး လက်ရှိတွင် ဒေသ စပါးမျိုးရင်းများကို စိုက်ပျိုးလုပ်ကိုင် နေကြဆဲဖြစ်သည်။ ဤမြစ်ကြောင်းတလျှောက်တွင် လရွီ (ခေါ်) လာချိဒ်၊ ငေါ့ချမ်း (ငေါ့ချန်း) (လာချိဒ်မျိုးနွယ်စုဝင်)၊ မရူ (ခေါ်) လော်ဝေါ် မျိုးနွယ်စုများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်ကပင် ကျေးရွာများတည်ထောင်ပြီး အခြေချနေထိုင်လာခဲ့ကြသည်။ နောက်ပိုင်းတွင် လီဆူ လူမျိုးများလည်း ဤဒေသသို့ ဝင်ရောက်အခြေချ နေထိုင်လာခဲ့ကြသည်။ ဤမြစ်ဝှမ်းလွင်ပြင်ဒေသတွင် ကျေးရွာ ၁၇ ရွာ၊ ဌာနေလူဦးရေ ၄၅၀၀ ကျော် အခြေချနေထိုင်ကြသည်။
ယခုအခါ စက်ရုံစီမံကိန်းများကြောင့် မြစ်ရေမှာ အဝါနှင့် ကြေးနီရောင်သမ်းကာ ရေထုညစ်ညမ်းလျက်ရှိပြီး မြစ်တွင်းနေငါးများလည်း အဆိပ်သင့်သေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။ ဒေသခံများအတွက်လည်း မြစ်ရေကိုအသုံးပြုရန် အခက်အခဲများဖြစ်နေသည်။
Ref:#Irrawaddy Burmese
Photo:#Irrawaddy Burmese

About The Author

greenness_mm

No Comments

Leave a Reply