မြန်မာ့မြေပေါ်က ကျွန်းများ #115 ကျွန်း(115 island)

မြန်မာ့မြေပေါ်က ကျွန်းများ #115 ကျွန်း(115 island)

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီးရှိ 115 ကျွန်း(115 island) သည် မြိတ်မှ ၁၅၂ မိုင်၊ ကော့သောင်မှ ရေမိုင် ၃၈ မိုင်ခန့်အကွာတွင် တည်ရှိပြီး ကျွန်းငယ်များစုနေသော ကျွန်းစုတစ်ခုဖြစ်သည်။
ရှည်လျားသောသစ်သားဆိပ်ခံတံတားသည် ပင်လယ်ပြင်ရှိ လှပသောရှုခင်းများကို ကြည့်ရှုခံစားနိုင်သော နေရာတစ်ခုဖြစ်ပြီး ကြည်လင်သောရေနှင့် အရောင်အသွေးစုံလင်ပေါများသောငါးများ၊ မာကျောပြီးနူးညံ့သောသန္တာကောင်များစွာကိုကြည့်ရှုရန် အဆင်ပြေသော နေရာတစ်ခုဖြစ်သည်။ ရေငုပ်ကာ ပင်လယ်ကြမ်းပြင်အောက် လေ့လာလိုသူများအတွက် မျဖစ္မနေသွားသင့်သည့် ကျွန်းတစ်ခုလည်းဖြစ်သည်။
မိုးသစ်တောကိုဖြတ်၍ တောလမ်းခရီးသွားခြင်းနှင့် တောင်တက်ခြင်းအတွက်လည်း အချိန်ဖြုန်းရန် အကောင်းဆုံးကျွန်းများထဲမှ တစ်ခုဖြစ်သည်။ အလွန်ဖြူစင်ပြီး နူးညံသောသဲသောင်ပြင်များကလည်း ကျွန်း၏အလှတစ်ခုဖြစ်သည်။
Photo:AsiaTourGate&Tripadvisor

About The Author

greenness_mm

No Comments

Leave a Reply