မှို ကွန်ယက်မြေပုံဆွဲဖို့ သိပ္ပံပညာရှင်တွေ တောင်းဆို

မှို ကွန်ယက်မြေပုံဆွဲဖို့ သိပ္ပံပညာရှင်တွေ တောင်းဆို

ကျနော်တို့ သိထားတဲ့ မှို တွေကို သိပ္ပံပညာရှင်တွေက မှိုဆိုတာ တစ်ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဘတ်ဂျက်ကို စီမံခန့်ခွဲဖို့ ၊ ပျက်စီးနေတဲ့ ဂေဟစနစ်ကို ပြန်လည် ထူထောင်ဖို့ ၊ ညစ်ညမ်းနေတဲ့ မြေဆီလွှာတွေကို ပြန်လည်ပြုပြင်ဖို့ နဲ့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ဆီသို့ ကူးပြောင်းမှုကို အရှိန်မြှင့်ပေးနိုင်တဲ့ ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ အဖိုးတန်ရတနာတွေလို့ ရှုမြင်ကြပါတယ်။

သူတို့ က ပဏမ ခြေလှမ်းတစ်ရပ်အဖြစ်နဲ့ DNA နဲ့ ယန္တယားလေ့လာမှု နည်းစနစ်ကို အသုံးပြုပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ မှိုကျွင်းတွေကို မှတ်တမ်းပြုပြီး ကွန်ယက်ကိုလေ့လာဖို့ ကြိုးပမ်းအားထုတ်မှုကို စတင်လိုက်ပြီဖြစ်ပါတယ်။ နောက်ပြီးသူတို့က မှို ဇီဝမျိုးကွဲများနဲ့ မှိုကျွင်းတွေကို မှတ်တမ်းလုပ်ပြီး ကွန်ယက်ဖွဲ့စည်းမှု ပုံစံကိုဖော်နေပါပြီ။

မှို ပညာရှင်တွေကတော့ မှိုတွေကိုထိန်းသိမ်းတာက မြေအောက်မှာရှိတဲ့ မြေဆီအရည်အသွေးကို ကို ထိန်းသိမ်းရာဖြစ်လို့ ရာသီဥတုပြောင်းလဲမှု ၊ ဇီဝမျိုးကွဲအစုံ ဆုံးရှုံးမှု ၊မြေယာအသုံးပြုမှု ပြောင်းလဲခြင်းနဲ့ လေထုညစ်ညမ်းခြင်း ကဲသို့ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ပြေလည်သွားစေနိုင်တယ်လို့ တစ်ညီတညွတ်တည်း ဆိုထားကြပါတယ်။

မှိုရဲ့ အပင်ခန္တာနဲ့ မြေအောက်မြေဆီ အပြန်အလှန်ဆက်စပ်မှု က ကွန်ယက်ပုံစံရှိနေတဲ့အတွက်ကြောင့် အာဟာရ သယ်ယူပို့ဆောင်မှု စနစ် ၊ ဂေဟစနစ်ထဲမှာ ရေစီးဆင်းမှု နဲ့ လေထုထဲမှာရှိတဲ့ ကာဗွန်တွေကို အမြောက်အများ စုဆောင်းပေးထားနိုင်မှုတွေကြောင့် မှို ရဲ့ အရေးပါမှုကို မေ့ထားလို့မရဘူးလို့ ဆိုကြပါတယ်။

“ အခုကျနော်တို့ မှို မြေပုံတွေကို ဆွဲနေပါတယ်။ အဲ့ဒိကနေ တစ်ဆင့် မှိုဇီဝမျိုးကွဲဆိုင်ရာမှတ်တမ်းများ ကို လုပ်မှာပါ။ ပြီးတော့မှ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ စီမံကိန်းတွေလုပ်ဖို့ ဆုံးဖြတ်ချင်ချကြမှာပါ” လို့ ဆွစ်ဇာလန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေနဲ့ ရာသီဥတုပြောင်လဲမှု ကာကွယ်ရေးဌာနက အကြီးတန်း သိပ္ပံပညာရှင် ကော်လင်းအေဗရယ် က ဆိုပါတယ်။

လက်ရှိအဲ့ဒိအဖွဲ့ က ကမ္ဘာ့သိပ္ပံပညာရှင်တွေကို စုစည်းပြီး သူတို့ရဲ့ စီမံကိန်းကို အကောင်အထည် ဖော်ဖို့အတွက် ပြင်ဆင်နေပါပြီ။

 

မောင်ယဿ ( ဒီဇင်ဘာ ၁၉ )

REF: mongabay
Photo; mongabay

About The Author

greenness_mm

No Comments

Leave a Reply