ယဉ်ကျေးမှုအမွေအနှစ်နဲ့ လစ်သီယံသိုက် ဘာကိုရွေးမလဲ

ယဉ်ကျေးမှုအမွေအနှစ်နဲ့ လစ်သီယံသိုက် ဘာကိုရွေးမလဲ

ပေါ်တူဂီမြောက်ပိုင်းရှိ တောင်ကုန်းများဖြစ်သော Barroso ဒေသသည် စိုက်ပျိုးရေး ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတု ပြောင်းလဲမှု ခံနိုင်ရည်ရှိသော ဂေဟစနစ်များနှင့် အဖိုးတန်ယဉ်ကျေးမှုအမွေအနှစ်များကို ပေါင်းစပ် ထားတဲ့ နေရာ တစ်ခု ဖြစ်ပါတယ် ။ ရာစုနှစ်များစွာတည်ရှိခဲ့တဲ့ “တစ်ကမ္ဘာလုံးအတွက် အရေးကြီးသော” လယ်ယာစနစ် တစ်ခုရှိတယ်လို့လည်း အသိအမှတ်ပြုခံထားရပါတယ် ။
ဒါပေမဲ့ အဲ့ဒိဒေသမှာ ဥရောပရဲ့ အကြီးဆုံး လစ်သီယမ်သတ္တုသိုက်များထဲမှ တစ်ခုလို့ ယူဆရတဲ့ နေရာ ဖြစ်နေပါ တယ် ။
သန့်ရှင်းသော စွမ်းအင် အသွင်ကူးပြောင်းရေးတွင် အရေးပါသည့် ဒြပ်စင်တစ်ခုဖြစ်တဲ့ လစ်သီယံတွေ အများကြီး ရှိတယ်ဆိုတာက Barroso မှာ သတ္တုတူးဖော်ရေး စီမံကိန်းများ ဖြစ်လာနိုင်စရာ ရှိနေပါတယ်။ ပြည်တွင်း သတ္တုစျေးကွက်မှာ လိုအပ်တဲ့ ထောက်ပံ့ရေးပေးနိုင်ရန် အဓိက သော့ချက်ဖြစ်လာနိုင်တယ်လို့ EU နှင့် ပေါ်တူဂီ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ် ။
သို့သော် ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများက သတ္တုမိုင်းများက သဘာဝရှုခင်းကို အဆိပ်သင့်စေကာ ရေညစ်ညမ်းစေခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ထိခိုက်စေပြီး အများပိုင်မြေများ ဆုံးရှုံးသွားမည်ဖြစ်ကြောင်း သတိပေးလာပါတယ် ။
စီစဉ်နေတဲ့ မိုင်းတွင်းတွေကို ဆန့်ကျင်နေပေမဲ့ သတ္တုတွင်းစီမံကိန်းများအတွက် လိုအပ်တဲ့ မြေများကို ဒေသခံတွေ ဆီကနေ ငှားရမ်းတာတွေ ၊ ဝယ်ယူတာတွေ လုပ်လာကြပါတယ် ။ ပြည်နယ်အစိုးရက ဒေသခံတွေကို အတင်းအကျပ် ပြောင်းရွှေ့ ခိုင်းဖို့အတွက် လုပ်လို့ရပေမဲ့ လစ်သီယမ်တူးဖော်ရေးစီမံကိန်းများကို ဗျူဟာမြောက် အများသူငှာ အကျိုးစီးပွားအဖြစ် ပြုလုပ်ဖို့ရာအတွက် အကြံပေးမှုတွေကလည်း ရှိနေပါတယ် ။
ပေါ်တူဂီနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Barrosoမှာ တောင်ကုန်းမြင့်တွေကနေ ရေသွယ်မြောင်းတွေနဲ့ ရေကိုယူတာ လွန်ခဲ့သည့် ရာစုနှစ်များစွာက တည်ဆောက်ထားခဲ့ကြတာပါ ။ ရေမြောင်းငယ်လေးတွေကနေ စီးဆင်းလာတဲ့ ရေတွေက စာကျက်မြေတွေ ၊ ဝက်သစ်ချပင်တွေ၊ ထင်းရှူးတွေတောတွေ ၊ ထွန်ယက်စိုက်ပျိုးနိုင်တဲ့မြေတွေနဲ့ မြေလပ်မြေရိုင်းများကို ဖြတ်သန်းစီးဆင်းသွားပါတယ်။
လီဗာဒါလို့ခေါ်သော ရှေးခေတ်ရေလမ်းကြောင်းများသည် တောင်များမှ ရေစီးဆင်းမှုကို လွင်ပြင်ဆီသို့ လမ်းကြောင်း ပြောင်းပေးထားတာပါ ။ လီဗာဒါများကို ထိန်းသိမ်းရန် စုပေါင်းကြိုးပမ်းမှုများသည် ရှားပါးသော ရေအရင်းအမြစ်များကို ထိန်းသိမ်းရန်နှင့် ကြမ်းတမ်းသော ရှုခင်းများတစ်လျှောက် ဖြန့်ဝေပေးကာ အခြောက်သွေ့ဆုံးလ မှာတောင်မှ တောင်စောင်းများကို စိမ်းလန်းစေပါတယ် ။
စိုက်ပျိုးရေး၊ သစ်တောနှင့် မွေးမြူရေးဆိုင်ရာ ပြုစုပျိုးထောင်ရေး နဲ့ပတ်သက်ပြီး ထုတ်လုပ်မှုအတွက် လိုက်လျော ညီထွေရှိတဲ့ အပြန်အလှန်ဆက်နွယ်မှုက Barroso ကို ပေါ်တူဂီရှိ တစ်ခုတည်းသောဒေသ ဖြစ်စေပါတယ် ။ ဥရောပတွင် ရှစ်ခုမြောက်ဒေသအဖြစ် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသော စိုက်ပျိုးရေးအမွေအနှစ်စနစ်(GIAHS) အဖြစ် အသိအမှတ်ပြုခံထားရပါတယ် ။
“ဒီစနစ်က အလွန်ထူးခြားစေတာက မြေနဲ့ လူတွေရဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှုပါပဲ၊” လို့ Barroso အတွက် ကမ္ဘာ့စိုက်ပျိုးရေး အမွေအနှစ် လျှောက်လွှာတင်ခဲ့သည့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ADRAT မှ António Machado က ပြောကြားခဲ့ပါတယ် ။ “ကျက်စားရာ၊ ရေနဲ့ ရှုခင်းတွေကို စဉ်ဆက်မပြတ် စီမံခန့်ခွဲနိုင်ဖို့ အရာရာကို ဂရုတစိုက်နဲ့ လုပ်ဆောင်နေပါတယ်” လို့လည်း ၎င်းက ဆိုပါတယ် ။
သို့သော် Covas do Barroso ရှိ လယ်သမားငယ်များ မျိုးဆက်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့သော လယ်ယာမြေ နှင့် ခိုင်မာသော အသိပညာနှင့် ခိုင်မာသော ဆက်ဆံရေးသည် ဖြတ်တောက်ခံရမည့် အန္တရာယ်ရှိလာပါတယ် ။ အဲ့ဒါကတော့ ဘူမိပညာရှင်တွေက အဲ့ဒိဒေသရဲ့ မြေကို အကြိမ်ကြိမ် လာရောက်စစ်ဆေးနေတာပဲ ဖြစ်ပါတယ် ။
လန်ဒန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Savannah Resources သည် အနောက်ဥရောပ၏ အကြီးဆုံးသော လစ်သီယမ်သတ္တုတွင်းဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပြီး စမ်းသက်တူးဖော်မှုကို လုပ်လိုနေပါတယ် ။ အဲ့ဒိ တောင်တန်းဒေသက လျှပ်စစ်ကားများကို စွမ်းအင်ပေးပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို သိုလှောင်ပေးသည့် ဘက်ထရီများရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်တဲ့ ဥရောပရဲ့ အရေးပါဆုံးသော လစ်သီယမ် အရင်း အမြစ်အချို့ ရှိနေပါတယ် ။ ကမ္ဘာကြီးက ရုပ်ကြွင်းလောင်စာများနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်
ရာ သက်ရောက်မှု များကို အစားထိုးရန် ကြိုးပမ်းလာသည်နှင့်အမျှ လစ်သီယမ်ဝယ်လိုအားသည် မြင့်မား လာနေပါတယ် ။ အဲ့ဒိဒေသမှာသာ လစ်သီယံ ထုတ်နိုင်ရင် တစ်နှစ်လျှင် လျှပ်စစ်ကားဘက်ထရီ တစ်သန်းခွဲခန့် ထုတ်လုပ်ရန် လစ်သီယမ် အလုံအလောက်ရ မှာပဲဖြစ်ပါတယ်။
ဥရောပကော်မရှင်သည် ၂၀၅၀မှာ ကာဗွန်သုံညဖြစ်ဖို့ဆိုရင် လီသီယမ်အဆ ၆၀ ပိုမိုလိုအပ်မယ်လို့ ခန့်မှန်း ထားပါတယ် ။ ကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ Maroš Šefčovič က လစ်သီယမ်ကဲ့သို့ အရေးကြီးတဲ့ ပစ္စည်းများ မပါဘဲ ရာသီဥတု ရည်မှန်းချက်များကို အောင်မြင်နိုင်မည်
မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာ ပေါ်တူဂီအနေနဲ့ ထိန်းသိမ်းထားရမယ့် ယဉ်ကျေးမှု အမွေအနှစ် နဲ့ သန့်စင်သော စွမ်းအင်လိုအပ်ချက်အတွက် လီသီယံတူးဖော်မှု ၊ ဘာကိုရွေးရမလဲဆိုတာကတော့ ဘယ်လောက် မဟာဗျူဟာကျကျ လုပ်ဆောင်နိုင်မလဲ ဆိုတာ ပေါ်မှာမူတည်နေပါတယ်။
မောင်ယဿ ဘာသာပြန်သည်
REF: Mongabay

About The Author

greenness_mm

No Comments

Leave a Reply