ယူကေက မုန်တိုင်းဂျာရစ်ကတော့ တော်တော်မွှေသွားတယ်

ယူကေက မုန်တိုင်းဂျာရစ်ကတော့ တော်တော်မွှေသွားတယ်

ယူကေ ကိုဝင်ရောက်တိုက်ခတ်နေတဲ့ မုန်တိုင်း ဂျာရစ်က ကုန်းတွင်းပိုင်းမှာ တော်နေဒို ( လေဆင်နှာမောင်း ) ပုံစံပြောင်းပြီး မန်ချက်စတာမြို့ ပတ်ဝန်းကျင်ကို အပြင်းအထန်တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ထောင်ပေါင်းများစွာသော အိမ်ရာတွေ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး နိုင်ငံနဲ့ အနှံ့ ခရီးသွားလာဖို့ အခက်အခဲတွေဖြစ်ခဲ့ပါတယ်။
စကော့တလန်မှာလည်း ဆီးနှင်းများထူထပ်စွာ ကျဆင်းခြင်းအပြင် လေပြင်းတိုက်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း တို့ကိုလည်း ကြုံတွေ့ခဲ့ရပါတယ် ။ သစ်ပင်တွေလဲ ၊သစ်ကိုင်းတွေကျိုးလို့ လျှပ်စစ်မီး ပြတ်တောက်မှုကို အများကြီး ခံစားလိုက်ရပါတယ် ။ ‘ဒေသတွင်း လေဆင်နှာမောင်း’က Tameside ရှိ Stalybridge အိမ်ရာ ၁၀၀ ခန့်ကို ‘သိသိသာသာ ပျက်စီးဆုံးရှုံးမှု’ ဖြစ်စေခဲ့တယ်လို့ ဒေသခံအုပ်ချုပ်ရေး အဖွဲ့က အစီရင်ခံထားပါတယ် ။ နေအိမ်အမိုးများ ပြိုကျခြင်း၊ နံရံများပြိုကျခြင်းနဲ့ သစ်ပင်များ ပြိုကျခြင်းများရှိဲ့ပါတယ် ။
ထိခိုက်ဒဏ်ရာရရှိမှု သတင်းများ မကြားရသော်လည်း လူအများအပြား နေအိမ်များမှ ထွက်ပြေးခဲ့ရကြောင်း တပ်ဖွဲ့ဝင်များက ပြောပါတယ် ။
မုန်တိုင်းတိုက်ခတ်မှုကြောင့် စကော့တလန်ရှိ ဒေသများသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး ပြန်လည်ချိတ်ဆက်ရန် အိမ်ရာပေါင်း ၁၆၀၀၀ ခန့်က စောင့်ဆိုင်းလျက်ရှိပါတယ် ။ စကော့တလန်နှင့် တောင်ပိုင်းလျှပ်စစ်ကွန်ရက်များ (SSEN) သည် ချိတ်ဆက်မှုများကို ပြန်လည်ရယူရန် လုပ်ဆောင်နေသော်လည်း အချို့သော ကမ်းရိုးတန်းဒေသများတွင် လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၃ဝ အထိ တိုက်ခတ်နေကြောင်း အင်ဂျင်နီယာများက ဆိုပါတယ်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply