ရဝမ်ဒါလို နိုင်ငံတောင် အီးဘိုက်တွေ သုံးဖို့အတွက် ပြင်ဆင်နေကြပြီ

ရဝမ်ဒါလို နိုင်ငံတောင် အီးဘိုက်တွေ သုံးဖို့အတွက် ပြင်ဆင်နေကြပြီ

ရဝမ်ဒါနိုင်ငံဆိုတာ အာဖရိကတိုက် ရဲ့ အရှေ့ဖက်ခြမ်းက နိုင်ငံတစ်နိုင်ဖြစ်ပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံလေး ဖြစ်တဲ့အပြင် စစ်မက်ထူပြောခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကနေ့ ရဝမ်ဒါက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဖို့အတွက် လမ်းတွေပေါ်မှာ ပြေးဆွဲနေတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေ တက္ကဆီ ဒရိုင်ဘာတွေက သူတို့ရဲ့ ဆီကားတွေ ဆိုင်ကယ်တွေကိုလျှပ်စစ်ကားတွေ လျှပ်စစ်ဆိုင်ကယ်တွေ ပြောင်းလဲပစ်ဖို့အတွက် ကြိုးစားနေကြပါပြီ ။

ကီဂါလီမြို့ပေါ်က လမ်းတွေမှာ ၁၂ နှစ်ကြာအောင် ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ ဒီဒီယာက

“ စစချင်းတော့ အဆင်မပြေဘူးပေါ့ဗျာ ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျင့်သားရသွားမှာပါ ။ ကျနော်တို့ ဆီကားတွေ ၊ ဆီဆိုင်ကယ်တွေ မသုံး ဖို့အတွက် စကြိုးစားနေပါပြီ ။ ဓာတ်ဆီ ၊ ဒီဇယ်တွေက မဟားဒယားကို ဈေးတွေ တက်နေတာကလည်း ပါပါတယ်” လို့ ဆိုပါတယ်။

‘ ကီဂါလီက ဆိုင်ကယ်ကယ်ရီသမားတွေ ထဲမှာ ကျနော်တို့ က ဗွေဆော်ဦး အီးဘိုက်တွေအဖြစ်ပြောင်းတာပါ။ သူများတွေ ဆီဖိုး အတွက် စိတ်ပူနေရတဲ့အချိန်မှာ ကျနော်တို့ က အေးရာအေးကြောင်းပဲ ။ ပိုက်ဆံလည်း ပိုစုမိပါတယ်” လို့ ဆိုပါတယ်။

“ အီမိုတိုတွေ နဲ့ ဆီမိုတိုတွေကြားမှာ ကွားခြားချက်တွေ အများကြီး ရှိပါတယ်။ နောက်ဆုံးပြောရမယ်ဆိုရင်ဗျာ သက်တောင့်သက်သာ ပိုရှိတာခြင်းတောင် မတူပါဘူး ။

ကျနော်တို့ မြို့မှာ ဆိုင်ကယ် ကယ်ရီ ၂သောင်းခွဲကျော် ရှိတယ်ဗျ ။ နေစဉ်သွားလာနေတဲ့ ယာဉ်အစီးရေ ရဲ့ တစ်ဝက် က အချိန်ပြည့် သွားနေတာပါ။ အခုတော့ ကျနော်တို့လို အီးမိုတို တွေ လိုက်ပြောင်းနေကြတာ ၁သောင်းလောက်ရှိတော့မယ်” လို့ ဆိုပါတယ်။

“ ပြောချင်တာကဗျာ ။ ဆီဆိုင်ကယ်တွေက ထွက်တဲ့ အိတ်ဇောငွေ့နဲ့ ဆူညံသံတွေ က မြို့ ထဲမှာ တဖြည်းဖြည်း နည်းလာတယ်။ နောက်ပြီး ကားတွေလည်း လိုက်ပြောင်းလာလို့ ဆူညံသံ တဖြည်းဖြည်း နည်းလာတာကိုတော့ သိသိသာသာခံစားရတယ်ဗျ။

အရင်လို လမ်းတွေပေါ်မှာ အိတ်ဇောညော်နံ့တွေလည်း နည်းလာသလို ခံစားရတယ်ဗျာ။ ကျနော်တို့ဆီက ဆီဆိုင်ကယ်ကယ်ရီ တစ်စီးက အနည်းဆုံး မိုင် ၇၀ လောက်သွားရတာ ။

အစီးရေ သောင်းဂဏန်းနဲ့ ဆိုစဉ်းစားသာကြည့်ပေါ့ဗျာ ။ လေထုဘယ်လောက် ညစ်ညမ်းမလဲ အခုတော့ သက်သာစပြုနေပြီ ဗျ” လို့ ဆိုသွားပါတယ်။

 

မောင်ယဿ ( ဒီဇင်ဘာ ၁၃ )

REF: BBC
Photo : ktpress

About The Author

greenness_mm

No Comments

Leave a Reply