ရာသီပြောင်းလဲမှုကို ကာကွယ်ဖို့ အသက်ကြီးဆုံးအပင်တွေကို ကလုန်းနည်းနဲ့ ပွားဖို့ လုပ်နေ

ရာသီပြောင်းလဲမှုကို ကာကွယ်ဖို့ အသက်ကြီးဆုံးအပင်တွေကို ကလုန်းနည်းနဲ့ ပွားဖို့ လုပ်နေ

ဒေဗစ်မီလာချ် တစ်ယောက် သက်တမ်းရင့်အပင်တွေကို ကလုန်း နည်းနဲ့ ပွားဖို့အတွက် မစ်ရှင်တစ်ခုဖြစ်အောင် ကြိုးစားနေပါတယ်။

သူက ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံး အပင်တွေ ၊ လုံးပတ်အကြီးဆုံးနဲ့ အမြင့်ဆုံး အပင်တွေကို ရှာပြီး ဆဲလ်တွေ တစ်ရူးတွေ လိုက်လံ စုဆောင်းနေပါတယ်။ သူက ” အခုကျနော် တစ်ရူးထုတ်ယူနေတဲ့ အပင်က သက်တမ်း ၁၀၀၀ ကျော်နေပါပြီ။ ယေရူ့ လမ်းလျှောက်တက်စအရွယ်မှာပေါက်ခဲ့တဲ့ အပင်ပေါ့ဗျာ ” လို့ ထင်ရူးပင်ကြီး တစ်ပင်ကို လက်ညိုးထိုးပြပြီး ပြောလိုက်ပါတယ်။

သူက ၁၉၉၄ လောက်က ကလုန်းသီအိုရီ နာမည်ထွက်ချိန်မှာ အန်ဂျီအို အဖွဲ့တစ်ဖွဲ့ ကို ထူထောင်ပြီး ဆီကိုရီးယားတို့ သစ်နီသားပင်တို့လို သက်တမ်းရင့် သစ်ပင်တွေကို ကလုန်းနည်းနဲ့ ပွားဖို့ အတွက် ကြိုးစားခဲ့ပါတယ်။ ” ကျနော်တို့ သက်တမ်း ၂၀၀၀ ကနေ ၄၀၀၀ အတွင်းရှိတဲ့ ဆီကိုရီးယား အပင်တွေကို တွေ့ခဲ့ပါတယ်။ ပြီးတော့ သူတို့ ကို ကလုန်းနည်း နဲ့ ပွားလည်း ပြီး သွားပါပြီ ၊ ဒါပေမဲ့ ပြ ဿနာက အဲ့အပင်ပေါက်တွေကို ဘယ်လို အမြန် ကြီးအောင် လုပ်ရမလဲ ဆိုတာပါပဲ ၊ ဆိုချင်တာကဗျာ သစ်ပင်ကြီးတွေက ကမ္ဘာ့လေထုထဲက ကာဗွန်တွေကို အဓိက စုပ်ယူနေတာလေဗျာ ၊ အဲ့လိုမျိုးအမြန်ကြီးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ကျနော်တို့ နည်းလမ်းရှာနေကြပါတယ်” လို့ ဆိုပါတယ်။

ကလုန်းသီအိုရီ က ၁၉၃၀ ဝန်းကျင်လောက်မှာ ပေါ်ပေါက်ခဲ့ပေမဲ့ အဲ့ဒိသီအိုရီကို လက်တွေ့ အောင်မြင်အောင် လုပ်နိုင်တာက ၁၉၉၇ ခုနှစ် လောက်ရောက်မှ ဖြစ်ခဲ့တာပါ။ ကလုန်းသီအိုရီက သက်ရှိတွေကို ပုံတူမျိုးပွား နိုင်ခဲ့ပေမဲ့ သူရဲ့ စိန်ခေါ်မှုက လက်ရှိ သက်ရှိအတိုင်း ဖြစ်လာဖို့အတွက် က အချိန်ကိုပြန်စောင့်နေရတာပါပဲ ၊ အကောင်တွေအတွက် ဟိုမုန်း လိုသလို အပင်တွေအတွက် ကြီးထွားဟိုမုန်းက အောက်ဇင် ဓာတ်ပေါင်း လိုပါတယ်။ အပင်တွေ အမြန်ကြီးလို့ ရမယ့် အောက်ဇင် အသစ်တစ်မျိုးကို တွေ့ပြီဆိုရင်တော့ ကမ္ဘာ့လေထု သန့်စင်ဖို့အတွက် သက်တမ်းရင့်သစ်ပင်တွေကို မွေးထုတ်နိုင်တော့မှာဖြစ်ပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုကို ကာကွယ်ဖို့အတွက် သစ်တောတွေကို ပြုစုပျိုးထောင်ရာမှာ မူရင်းဒေသတွေမှာ တောပြန်လာဖြစ်အောင် လုပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ရှေးဟောင်းသစ်ပင်မျိုးတွေ ဆိုရင်ပိုပြီးတော့တောင် အရေးကြီးပါတယ်။ နောက်ပြီးတော့ ဒီနေ့ခေတ်မှာ တောမီးလောင်မှုက ကမ္ဘာအနှံ့မှာ ဖြစ်နေတာဖြစ်လို့ ရှေးဟောင်းသစ်ပင်တွေကို ထိန်းသိမ်းရတာ အခက်အခဲတွေရှိနေပါတယ်။ ရှေးဟောင်းသစ်ပင်တွေကို ထိန်းသိမ်းဖို့က ကလုန်းနည်းနဲ့ ပွားထားခြင်းကလွဲပြီး အခြားနည်း မတွေ့ သေးပါဘူး ၊ အဲ့ဒိနည်းနဲ့ ဗီဇပုံစံတူပွားယူထားပြီး မူရင်းဒေသတွေ မှာ တောဖြစ်အောင် စိုက်ဖို့ပဲ လိုပါတယ်။

 

မောင်ယဿ

REF: euronews

#Greenness

About The Author

greenness_mm

No Comments

Leave a Reply