ရာသီဥတုဒဏ်ခံနေရတဲ့ နိုင်ငံများကို ဘယ်လိုပံ့ပို့ပေးသွားမယ်ဆိုတာနဲ့ပတ်သက်ပြီး အခြေတင်ဆွေးနွေးဖို့လိုနေပြီ

ရာသီဥတုဒဏ်ခံနေရတဲ့ နိုင်ငံများကို ဘယ်လိုပံ့ပို့ပေးသွားမယ်ဆိုတာနဲ့ပတ်သက်ပြီး အခြေတင်ဆွေးနွေးဖို့လိုနေပြီ

ဒီလကုန်မှာ ကျင်းပမယ့် COP 28 တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုညီလာခံမှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်အသီးသီးအနေနဲ့ ကွာဟချက်ကြီးမားလာပြီဖြစ်တဲ့ ရာသီဥတုဒဏ်ခံနေရတဲ့ နိုင်ငံများကို ဘယ်လိုပံ့ပို့ပေးသွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး အခြေတင်ဆွေးနွေးဖို့လိုနေပြီလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရေ့စ်က သတိပေးလိုက်ပါတယ် ။
ကမ္ဘာကြီးပူနွေးလာမှု နဲ့လိုက်လျောညီထွေဖြစ်အောင် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေဟာ အန္တရာယ် နည်းပါးသွားအောင် လုပ်နေတာပါ လို့ဆိုလိုက်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် ဆင်းရဲသောနိုင်ငံများ၏ လိုအပ်သောငွေ နှင့် ရုပ်ကြွင်းလောင်စာကို အသုံးပြုပြီး ချမ်းသာနေသောနိုင်ငံများ ကြားက ဝင်ငွေသည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာနေပါတယ်။ “လိုအပ်ချက်တွေ များလာတာနဲ့အမျှ လုပ်ဆောင်ချက်တွေ ရပ်တန့်နေတယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကဆိုပါတယ်။
ယခုနှစ်၏ လိုက်လျောညီထွေမှု ကွာဟမှု အစီရင်ခံစာတွင် ကွာခြားမှုသည် ယခင် ထင်ထားသည်ထက် ၅၀ ရာခိုင်နှုန်း ပိုမိုကြီးမားကြောင်း ပြသထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ဖွံ့ဖြိုးပြီးနိုင်ငံများအနေနဲ့ ၂၀၂၀ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအား ရာ
သီဥတုဆိုင်ရာ နစ်နာကြေး အတွက် တစ်နှစ်လျှင် ဒေါ်လာ ဘီလီယံ၁၀၀ သုံးမယ်လို့ ကတိပြုခဲ့ပြီး ရာဿီဥတုဒဏ် လျော့ပါး သက်သာစေရန်နှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
လက်ရှိမှာက အဲ့ဒိပိုက်ဆံတွေက ထိခိုက်ခံစားနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အပြည့်အ၀ မလုံခြုံသေးကြောင်းနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက်ကြိုးစားမှုမှာ နှစ်စဉ်ကွာဟချက်ကြီးလာပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ခံစားနေရတဲ့နိုင်ငံတွေအတွက် ထောက်ပံ့ကူညီရတာက ဒေါ်လာ ၁၉၄ ဘီလီယံမှ ၃၆၆ ဘီလီယံ ကြားတွင် ရှိနေကြောင်း ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ် (UNEP) ရဲ့ အစီရင်ခံစာသစ်အရ သိရပါတယ်။
“လူနဲ့ သဘာဝကို ကာကွယ်ဖို့ လုပ်ဆောင်ချက်က အရင်ကထက် ပိုအရေးကြီးပါတယ်” လို့ ဂူတာရက်စ်က ဆိုပါတယ်။ “မုန်တိုင်းတွေ၊ မီးဘေး၊ ရေကြီးမှု၊ မိုးခေါင်မှုနဲ့ အပူချိန်လွန်ကဲမှုက ပိုပိုပြီးဖြစ်လာတယ်။ မကြာခဏလည်းဖြစ်လာပြီးတော့ ပိုပြင်းထန်လာတယ်၊ ပိုဆိုးလာဖို့ လမ်းကြောင်းပေါ်ကို ရောက်နေပါတယ်။”
ရာသီဥတု သက်ရောက်မှုများကို လိုက်လျောညီထွေဖြစ်အောင် လူများအားကူညီရန် ငွေပိုမိုစုဆောင်းခြင်းသည် ယခုလနှောင်းပိုင်းတွင် ဒူဘိုင်း၌ကျင်းပသော COP28 ရာသီဥတုထိပ်သီးအစည်းအဝေး၏ အဓိကအာရုံစူးစိုက်မှု ဖြစ်ပါတယ်။
လက်ရှိဘဏ္ဍာရေးစီးဆင်းမှုသည် ၂၀၁၇- ၂၀၂၁ ကာလအတွင်း ကန်ဒေါ်လာ၂၅ ဘီလီယံ (ယူရို 23 ဘီလီယံ) သာရောက်ရှိခဲ့ကြောင်း UNEP မှတွေ့ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၁၅ % ကျဆင်းသွားခဲ့သည်။ Glasgow တွင်ကျင်းပသည့် COP26 တွင် ဖွံ့ဖြိုးပြီးနိုင်ငံများအနေနဲ့ လိုက်လျောညီထွေဖြစ်မှုနှင့် လျော့ပါးသက်သာမှုကြား ပိုမိုကောင်းမွန်သော ချိန်ခွင်လျှာကိုရရှိရန် ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း လိုက်လျောညီထွေဖြစ်စေမည့် ဘဏ္ဍာရေးနှစ်ဆတိုးရန် ကတိပြုခဲ့ပါတယ်။
“အငွေ့အသက်က ကမ္ဘာလုံးဆိုင်ရာ အများသူငှာ ကောင်းကျိုးဖြစ်သလို လျော့ပါးသက်သာရေးမှာ ရင်းနှီးမြုပ်နှံမှုတွေ မကြာခဏ ပေးတဲ့အတွက်ကြောင့် အလှူရှင်တွေအတွက် လျော့ပါးသက်သာရေးက ပိုစိတ်ဝင်စားဖို့ များပါတယ်” ဟု Eindhoven University of Technology မှ UNEP တွဲဖက်စာရေးဆရာ Pieter Pauw က ပြောကြားခဲ့ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည် ရာသီဥတုသက်ရောက်မှုများနှင့် လိုက်လျောညီထွေဖြစ်အောင် ၂၀၃၀ ခုနှစ်အထိ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၁၅ မှ ၃၈၇ ဘီလီယံ လိုအပ်မည်ဟု UNEP က ခန့်မှန်းထားပြီး ကိန်းဂဏန်းသည် ၂၀၅၀ တွင် သိသိသာသာတိုးလာမည်ဖြစ်တယ်။
“ကိန်းဂဏန်းတွေက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ အမေရိကန်က သူ့ရဲ့စစ်တပ်အတွက် သုံးတဲ့ ဒေါ်လာ ဘီလီယံ ၁၀၀ ကို နှိုင်းယှဉ်ရင်၊ COVID အတွက် သုံးတာ ဒါမှမဟုတ် သူ့ရဲ့ဘဏ်တွေကို ကယ်တင်ဖို့ သုံးတာနဲ့နှိုင်းယှဉ်ကြည့်ရင် ဒါက နည်းနည်းလေးလောက်ပဲ ရှိပါတယ် ” လို့ Pauw က ထပ်လောင်း ပြောကြား ခဲ့ပါတယ်။
မောင်ယဿ

About The Author

greenness_mm

No Comments

Leave a Reply