ရာသီဥတုပြင်းထန်လာမှုကြောင့် ကလေးသူငယ် သန်းပေါင်းများစွာ ရွှေ့ပြောင်းပေးနေရ

ရာသီဥတုပြင်းထန်လာမှုကြောင့် ကလေးသူငယ် သန်းပေါင်းများစွာ ရွှေ့ပြောင်းပေးနေရ

ယူနီဆက်ရဲ့ ဒီကနေ့အစီရင်ခံစာမှာ မုန်တိုင်းများ၊ ရေကြီးမှု၊ မီးလောင်ကျွမ်းမှုနှင့် အခြားသော ပြင်းထန်သော ရာသီဥတု ဖြစ်ရပ်များကြောင့် ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အတွင်း ကလေးငယ်များ ပါ၀င်သည့် နေရာပေါင်း ၄၃ သန်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဖော်ပြပါရှိပါတယ်။
လာမယ့် နှစ် ၃၀ အတွင်း မြစ်ရေကြီးခြင်း၊ ဆိုင်ကလုန်းလေပြင်းနှင့် မုန်တိုင်းနောက်ဆက်တွဲ ရေကြီးခြင်း အန္တရာယ်များကြောင့် ကလေးသူငယ် ၁၁၃ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရဖွယ်ရှိကြောင်း ကိုလည်း အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။
မိုးခေါင်းခြင်းနဲ့ ပတ်သက်ပြီး ကလေးသူငယ်များ အိုးအိမ်စွန့်ခွာ ခြင်းမှာ အကြိမ်ရေ ၁.၃ သန်းရှိနိုင်တယ်လို့ ခန့်မှန်းထားပါသေးတယ်။ ဆိုမာလီးယာ လိုနိုင်ငံမျိုးမှာအဖြစ် များနိုင်ပြီး မိုးခေါင်မှုကြောင့် အိုအိမ်စွန့်ခွာမှုကိုတော့ အတိအကျ စာရင်းမပြုစုသေးရဘူးလို့လည်း ဆိုပါတယ်။
ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ မြင့်တက်လာတဲ့ ပင်လယ်များက ကမ်းရိုးတန်းများကို စားသောက်လိုက်ပြီဖြစ်ပါတယ် ။ မုန်တိုင်းတွေကလည်း မြို့တွေကို ဖြိုဖျက်ဖို့ ကြိုးစားနေပြီး မိုးခေါင်ခြင်းက ဒေသတွင်း ပဋိပက္ခများကို ပိုမိုဆိုးရွားစေပါတယ်။ ခက်တာက ကပ်ဘေးများ ပြင်းထန်လာချိန်မှာ ကမ္ဘာကြီးသည် ရာသီဥတုကြောင့် ရွှေ့ပြောင်းနေထိုင်သူများကို အသိအမှတ်မပြုသေးဘဲ ၎င်းတို့အား ကာကွယ်ရန် တရားဝင်နည်းလမ်းများကို ရှာဖွေနေဆဲဖြစ်နေပါတယ်။
“အမှန်တကယ်ကတော့ ရာသီဥတုဖောက်ပြန်မှုရဲ့ သက်ရောက်မှုတွေက ဆက်လက်ပြင်းထန်နေတာကြောင့် (အနာဂတ်မှာ) ကလေးတွေကို သက်ရောက်မှုတွေ ပိုများလာမှာပါ” ဟု UNICEF မှ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ အထူးကျွမ်းကျင်သူနှင့် အစီရင်ခံစာရေးသားသူ တစ်ဦးဖြစ်သည့် Laura Healy က ပြောကြားခဲ့ပါတယ်။
၂၀၁၆-၂၁ ခုနှစ်အတွင်း ရာသီဥတုဆိုးရွားမှုကြောင့် နေအိမ်များမှ နှင်ထုတ်ခံရသည့် အကြိမ်ပေါင်း ၁၃၄ သန်း၏ သုံးပုံတစ်ပုံ သို့မဟုတ် ၄၃ သန်းနီးပါးသည် ကလေးငယ်များ ပါဝင်နေပါတယ် ။ မုန်တိုင်းကြောင့် ထက်ဝက်နီးပါး သည် ၎င်းတို့၏ နေအိမ်များမှ ထွက်ခွာခဲ့ရပါတယ် ။ ယင်းတို့အနက် ရွှေ့ပြောင်းနေထိုင်သူ ၁၀ ဦးအနက် ၄ ဦးနီးပါးသည် ဖိလစ်ပိုင်များဖြစ်ပါတယ် ။
ဖိလစ်ပိုင်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ရာသီဥတုဘေးဒဏ်ကြောင့် ကလေးသူငယ်များ ရွှေ့ပြောင်းနေထိုင်မှု အများဆုံးဖြစ်ပြီး ထက်ဝက်နီးပါးရှိပါတယ် ။ အာဖရိကဦးချိုတွင်နေထိုင်သော သို့မဟုတ် ကာရေဘီယံရှိ ကျွန်းငယ်တစ်ခုတွင်နေထိုင်သော ကလေးများသည် ပို၍ထိခိုက်လွယ်ပါတယ် ။ အများစုသည် ပဋိပက္ခများ၊ ပျက်စီးလွယ်သော အဖွဲ့အစည်းများနှင့် ဆင်းရဲမွဲတေမှုတို့ဖြင့် ပေါင်းစပ်ထားသော ရာသီဥတုအစွန်းဖျားမှ အန္တရာယ်များဖြစ်သည့် “ထပ်နေသောအကျပ်အတည်းများ” ကို ကြံ့ကြံ့ခံနေကြရသည်ဟု Healy က ဆိုသည်။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply