ရာသီဥတုပြောင်းလဲတယ်ဆိုတာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာဖို့ မီးမွှေးလိုက်တာပါပဲ

ရာသီဥတုပြောင်းလဲတယ်ဆိုတာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာဖို့ မီးမွှေးလိုက်တာပါပဲ

ရာသီဥတုပြောင်းလဲမှုဆိုတာက အင်္ဂလိပ်စကားကို တိုက်ရိုက်ဘာသာပြန်ပြီးပြောလို့ နားလည်မှု ရှုတ်ထွေး နိုင်ပါတယ်။ မြန်မာလို ရှင်းရှင်းလင်းပြောရရင် ရာသီဥတုဖောက်ပြန်မှုပါပဲ။ ဆိုလိုချင်တာက မိုးရွာရမယ့်အချိန် မိုးမရွာဘူး ၊ ရွာပြန်ရင်လည်း မဟားဒယားရွာတာတွေက ရာသီဥတုဖောက်ပြန်တာပါ။ နှင်းကျရမယ့်အချိန်မှာ နှင်းမကျဘူး ။ရန်ကုန်မှာ နှင်းကောင်းကောင်း မကျတာ ၁၀စုနှစ်တစ်ခုလောက်ရှိနေပြီ။ အဲ့ဒါကို ရာသီဥတု ဖောက်ပြန် တယ်လို့ ခေါ်ပါတယ်။ ရာသီဥတုပြောင်းလဲမှု ကို အစဆွဲနေတာက ကမ္ဘာကြီးပူးနွေးလာမှုပါပဲ ။

ကမ္ဘာကြီး ပူနွေးလာအောင် လူသားတွေက ကမ္ဘာလေထုထဲကို အပူကို စုပ်ယူထားနိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်လို ဖန်လုံအိမ် ဓာတ်ငွေ့တွေကို အရမ်းကာရော ထုတ်လွှတ်နေတဲ့အတွက်ကြောင့်ပါပဲ။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုက လူသားတွေကြောင့်ဆိုရင် စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံတွေက ဖန်လုံဓာတ်ငွေ့တွေ ထုတ်လွှတ်ကြောင့် လို့အပြစ်တင်လို့ ရသလို ၊ ကာဗွန်တွေကိုစုတ်ယူမယ့် သစ်ပင်တွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စည်းမဲ့ ကမ်းမဲ့ ခုတ်လှဲနေတာကိုလည်းချန်ထားလို့ မရပါဘူး ။

ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီး က စက်မှုလုပ်ငန်း မဖွံ့ဖြိုးခင်ကာလ နဲ့ နှိုင်းယှဉ်ရင် ဒီနေ့ခေတ်မှာ အပူချိန် ၁.၅ ဒီကရီ တက်သွားပြီးလို့ သိပ္ပံပညာရှင်တွေက ထောက်ပြလာပါပြီ။ ရာသီဥတုဖောက်ပြန်မှုရဲ့ ဆိုးကျိူးတွေကိုလည်း စတင်ခံစားနေရပါပြီ ။ ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံပီယာ ပြည်နယ်က ရာသီဥတုဖောက်ပြန်မှုကို အဆိုးဆုံး ခံစားနေရတဲ့ ဒေသ တစ်ခုဖြစ်သွားပါပြီ။ ပူလွန်း အေးလွန်း ရာသီဥတုကို စတင်ခံစားနေရပါတယ်။ ဒီနှစ်အတွင်းမှာပဲ ပူလွန်းလို့ တောမီးတွေလောင်တဲ့အထိဖြစ်ခဲ့ရတဲ့အပြင် မိုးရွာတာကလည်း ပြည်နယ် မိုးရေချိန်အများဆုံး ရွာသွန်းမှု စံချိန်ကိုလည်း ကျော်သွားပါတယ်။ တောမီးလောင်တာနဲ့ မိုးကြီးတာကြောင့် လူအသေအပျောက်တွေ ရှိလာခဲ့ပါတယ်။

အဲ့ဒါကြောင့် ရာသီဥတုပြောင်းလဲမှု ကနေ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့အဆင့်ကို ရောက်လာပြီလို့ ဆိုလိုက်တာပါ။ ၁၉၃၇ ခုနှစ်တုန်းက အဲ့ဒိဒေသရဲ့ ဇွန်လ အမြင့်ဆုံး အပူချိန်က ၄၅ ဒီကရီဆဲစီယက်ပါ။ အခု ၃နှစ်ဆက်တိုက် ဇွန်လမှာ ၄၉ ဒီကရီ အောက်ကို မကျခဲ့ပါဘူး ။ မိုးကလည်း တစ်ခါရွာရင် ၁ပတ်လောက်ကို သည်းကြီးမဲကြီး ရွာလို့ ရေလွှမ်းမိုးမှုတွေဖြစ်နေပါတယ်။ ရာသီဥတုပြောင်းလဲမှုကို တိုက်ရိုက်ခံစားရတဲ့ ဒေသလို့ အသိအမှတ်ပြုနေရပါပြီ။

 

မောင်ယဿ ( နိုဝင်ဘာ ၂၀ )

REF: euronews

Photo : euronews

About The Author

greenness_mm

No Comments

Leave a Reply