ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ဂျာမနီအစိုးရသစ် ယူရို၆၀ ဘီလီယံကို သုံးမယ်

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ဂျာမနီအစိုးရသစ် ယူရို၆၀ ဘီလီယံကို သုံးမယ်

ဂျာမနီအစိုးရသည် ရာသီဥတုဆိုင်ရာအကျပ်အတည်းကို တိုက်ဖျက်ရန် ယူရိုဘီလီယံ ၆၀ အား တိုင်ပြည် ရဲ့ သီးခြားဘတ်ဂျတ် အဖြစ်နဲ့ ထည့်လိုက်တာပါ။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ၏ ရာသီဥတုနှင့် အသွင်ကူးပြောင်းရေး ရန်ပုံငွေကို ပိုမိုအားဖြည့်ရန်နှင့် စိမ်းလန်းသော စီးပွားရေးသို့ ကူးပြောင်းရန် အားပေးသည့် နောက်ဆက်တွဲ ဘတ်ဂျက်အသစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဂျာမဏီ အဓိပတိသစ် အိုလက်ဖ်ရှိုးဇ် ၏ အစိုးရအဖွဲ့မှ တညီတညွတ်တည်း အတည်ပြုလိုက်သော ဘတ်ဂျက်သည် ယခုနှစ် ပြည်ထောင်စုဘတ်ဂျက်တွင် အသုံးမပြုရသေးသော အကြွေး ယူရို ဘီလီယံပေါင်းများစွာကို အနာဂတ် အစိမ်းရောင် အသုံးစရိတ် အဖြစ်သို့ လွှဲပြောင်းပေးလိုက်တာပဲဖြစ်ပါတယ်။

အကြွေးငွေ ယူရို ၆၀ဘီလီယံအပြင် အစိုးရသည် ဂေဟစနစ်အခွန်အခများနှင့် CO2 ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ ကုန်သွယ်မှုအစီအစဉ်မှ အဓိကအားထားရသော အခွန်ငွေ ယူရို ၁၈ ဘီလီယံကို လာမည့်နှစ်တွင် ရာသီဥတုနှင့် အသွင်ကူးပြောင်းရေး ရန်ပုံငွေအဖြစ်သို့ လွှဲပြောင်းပေးသွားမှာပါ။

မောင်ယဿ
REF euronews
Photo ; euronews

About The Author

greenness_mm

No Comments

Leave a Reply