ရာသီဥတုပြောင်းလဲမှုကြောင့် အာတိတ်ဒေသရှိ လက်ရှိနဲ့အနာဂတ် စီးပွားဖြစ်ငါးဖမ်းလုပ်ငန်းအပေါ် အကျိုးသက်ရောက်စေနိုင်

ရာသီဥတုပြောင်းလဲမှုကြောင့် အာတိတ်ဒေသရှိ လက်ရှိနဲ့အနာဂတ် စီးပွားဖြစ်ငါးဖမ်းလုပ်ငန်းအပေါ် အကျိုးသက်ရောက်စေနိုင်

အာတိတ်ဒေသသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အများဆုံးခံရတဲ့ ဒေသဖြစ်ပါသည် ။ နှင်းကဏန်းနှင့် ပိုလာကော့ဒ်တို့ကို အဓိကထား အာရုံစိုက်သည့် ငါးဖမ်းလုပ်ငန်းသည် အဆိုပါဒေသတွင် အရေးကြီးဆုံးသော စီးပွားရေးနှင့် လူမှုရေးအရအကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းများဖြစ်သည်။
ဒေသဆိုင်ရာ ရာသီဥတုပြောင်းလဲမှု များနှင့် ပင်လယ်ပြင်ပူနွေးလာမှု လမ်းကြောင်းများသည် စီးပွားဖြစ်အရေးပါသောမျိုးစိတ်များအပါအဝင် အခြား မျိုးစိတ်များ တည်နေရာအသစ်သို့ ပြောင်းရွှေ့သည်နှင့်တပြိုင်နက် မြောက်ပိုင်းရေပြင်တွင် အဓိကဂေဟ စနစ်များ အပြောင်းအလဲဖြစ်စေသည်။
နှင်းကဏန်း (Chionoecetes opilio) သည် မြောက်ပိုင်းရှိ ငါးဖမ်းလုပ်ငန်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ သို့သော်လည်း ရာသီဥတုဖောက်ပြန်မှုသည် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနှင့် ဤမျိုးစိတ်များ ဖြန့်ဖြူးမှု အပြောင်းအလဲကို ဖြစ်စေသည်။ နှင်းကဏန်းများသည် အအေးပိုင်းရေပြင်တွင် နေထိုင်ကြပြီး ယင်းမျိုးစိတ်များသည် ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသောကြောင့် အပူချိန်ပြောင်းလဲမှုများအတွက် အလွန်အကဲဆတ်သည်။
ကဏန်း၏ဘဝအဆင့်အချို့သည် အပူချိန်နိမ့်ရန် လိုအပ်သည် – အရွယ်မရောက်သေးသောအကောင် များမှာ အပူချိန် 2°C အောက်နှင့် 0°C အထက်တွင် ရှင်သန်နိုင်သည်ဟု သိရှိကြပြီး အများစုမှာ 0°C အထက်ဖြစ်နိုင်သည်။ ယေဘုယျအားဖြင့်၊ နှင်းကဏန်းသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးအခြေအနေများ လိုအပ်သည် – ပြီးနောက်၊ သားလောင်းအဆင့်သုံးဆင့် (ပထမနှင့် ဒုတိယ zoea နှင့် megalopa) သားလောင်းများသည် ပင်လယ်ကြမ်းပြင် တွင် အခြေချနေထိုင်ကြပြီး နွေရာသီတွင် ပထမအဆင့် ကဏန်းအဖြစ်သို့ ပြောင်းလဲကြသည်။
အစောပိုင်းဆယ်စုနှစ်အနည်းငယ်က နှင်းကဏန်းများကို အမေရိကန်ပြည်ထောင်စု အလက်စကာပြည်နယ်၊ ရုရှားနှင့် ကနေဒါအာတိတ်ဒေသများတွင်သာ တွေ့ရှိနိုင်ခဲ့သည်။ ရာသီဥတုပုံစံများ နှင့် ဒေသပတ်ဝန်းကျင် အခြေအနေများ အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် ဤမျိုးစိတ်များကို နေရာသစ်များသို့ ရွှေ့ပြောင်းမှုများ ဖြစ်ပေါ်ခဲ့ပါသည်။
အကျိုးဆက်အနေဖြင့် ငါးဖမ်းကွင်းများအတွင်း ငါးဖမ်းလုပ်ငန်းအတွက် လုံလောက်သည့် နှင်းကဏန်းများကို မတွေ့နိုင်တော့ပေ။ ဥပမာအားဖြင့်၊ အလာစကာရှိ ဘာရင်းပင်လယ်တွင် နှင်းကဏန်းကောင်ရေသည် (၈) ဘီလီယံမှ (၉၀) ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းလာခဲ့သည်။
ဒေသတွင်း နှင်းကဏန်းကောင်ရေ သိသိသာသာ ပြောင်းလဲမှု ဖြစ်စေသည့် အကြောင်းရင်းများထဲမှ တစ်ခု ( ကဏန်းနီကဲ့သို့သော အခြားမျိုးစိတ်များ‌ရွှေ့ပြောင်းရခြင်း) သည် မကြာသေးမီနှစ်များ ( ၂၀၁၇ – ၂၀၁၉) အတွင်း စံချိန်တင် သမုဒ္ဒရာ အပူချိန်ကြောင့် ဖြစ်သည်။ ဤကာလအတွင်း ဤ crustaceans အများအပြားကို Bering ပင်လယ်၏ မြောက်ပိုင်းတွင် တွေ့ရှိခဲ့ပြီး ၎င်းတို့ကို ယခင်က မတွေ့ရှိခဲ့ပေ။ နှင်းကဏန်းများ ပြောင်းရွှေ့ နေထိုင်မှုအပြင်၊ ဤမျိုးစိတ်များ၏ လက်ကျန်များ ကျဆင်းလာသည်ကို တွေ့ရှိရသည်။ ဘာရင်းပင်လယ်ပြင်ရှိ ပင်လယ်ရေခဲများ ဆက်လက်ကျဆင်းမှုသည် အဓိက အဏ္ဏဝါမျိုးစိတ်များအတွက် အစားအစာရရှိနိုင်မှုနှင့် ၎င်းတို့၏ မြောက်ဘက်တွင် သိုလှောင်မှုတိုးချဲ့ခြင်းတို့ကို အကျိုးသက်ရောက်စေနိုင်သည်။
မောင်ယဿ
REF: the Artic institute

About The Author

greenness_mm

No Comments

Leave a Reply