ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလှုပ်ရှားမှုးတွင် တောင်ကိုရီးယား K Pop အဖွဲ့ Black Pink ပါဝင်

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလှုပ်ရှားမှုးတွင် တောင်ကိုရီးယား K Pop အဖွဲ့ Black Pink ပါဝင်

အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဂူဂဲလ်က ဖန်တီးပြီးတော့ ယူကျူ့ကနေ လက်ခံကျင်းပမယ့် Dear Earth (ချစ်သောကမ္ဘာ ) အစီအစဉ်မှာ တောင်ကိုရီးယားကေပေါ့ Black pink (ဘလက်ပင့်ခ်) အဖွဲ့ က စကာပြော ၊ သရုပ်ဆောင်တင်ဆက်မှုတွေ လုပ်ပြဖို့အတွက် အဖိတ်ကြားခံလိုက်ရပါတယ်။
ကုလသမဂ္ဂရဲ့ ရေရှည်တည်တံ့ဖွံ့ဖြိုးသော ပန်းတိုင် ( SGDs ) စီမံကိန်းအတွက် အွန်လိုင်း ပရိသတ် သန်းပေါင်း များစွာရှိတဲ့ ဘလက်ပင့်ခ်ကို သံတမန်အဖြစ် ခန့်အပ်ပြီး သူတို့ရဲ့အသံနဲ့ အများပြည်သူကို လှုံ့ဆော်မှု လုပ်မှာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကို ဖြေလျှော့ဖို့လူတစ်ဦးချင်းစီမှာ အသိစိတ်ဓာတ်တွေ မြင့်တက်လာစေရန် ရည်ရွယ်ပြီး SGDs အစီအစဉ်ကို လှုတ်ရှားမှုတစ်ရပ်အနေနဲ့ အကောင်အထည်ဖော်နေတာပါ။ လူတွေရဲ့ နေ့စဉ်ဘဝမှာ အပိုလုပ်နေတဲ့ ဘယ်အရာတွေ လျှော့ချရင် ကမ္ဘာကြီး နေပြန်ကောင်းလာနိုင်မယ့် အခွင့်အရေးအတွက် ဆွေးနွေးပြောဆိုမှုတွေ ၊ အကြံပေး တင်ပြမှုတွေကို SGDs က လုပ်မှာပါ။
ဘလက်ပင့်ခ် ကို ကုလသမဂ္ဂက သံတမန်အဖြစ်နဲ့ SGDs ရဲ့ အသံတွေကို နိုင်ငံတကာ အစိုးရတွေ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ သိအောင်လုပ်ကြမှာ ဖြစ်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံလက်ချင်ဆက်ပြီး ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပါဝင်လာအောင် စည်းရုံး မှုလုပ်သွားမှာပါ။ ကေပေါ့ က လူငယ်ဝိုင်းတစ်ဝိုင်း ဖြစ်တဲ့ BTS ကို ကုလသမဂ္ဂက ရာသီဥတုပြောင်းလဲမှု အတွက် စည်းရုံးရေး တာဝန်ပေးပြီးတဲ့နောက်မှာတော့ ဘလက်ပင့်ခ် ဒုတိယအဖွဲ့အနေနဲ့ သံတမန်ခန့်အပ်ခြင်း ခံရတာပါ။
မောင်ယဿ
REF: meaww
Photo; amino oppa

About The Author

greenness_mm

No Comments

Leave a Reply