ရာသီဥတုပြဿနာနဲ့ ဓာတ်ပုံဆရာတွေရဲ့အခန်းကဏ္ဍ

ရာသီဥတုပြဿနာနဲ့ ဓာတ်ပုံဆရာတွေရဲ့အခန်းကဏ္ဍ

ကမ္ဘာကြီးပူနွေးလာမှုဟာ ရာသီဥတုဖောက်ပြန်မှုကို ဦးတည်စေလာပါတယ်။ ပညာရှင်တွေက သုတေသနမျိုးစုံ စမ်းသပ်ချက်မျိုးစုံဖြင့် တင်ပြပေမယ့် အများပြည်သူရဲ့ အသိဉာဏ်ကို ပွင့်လင်းလာအောင် လုပ်နိုင်စွမ်း အားနည်းခဲ့ပါတယ်။ ရာသီဥတုဖောက်ပြန်မှုကို တကယ် အပ်ကျမတ်ကျသိမြင်နိုင်ဖို့အတွက်က ဓာတ်ပုံဆရာများစွာရဲ့ လက်ညှိုးကလေးက အရေးပါခဲ့ပါတယ်။
၁၀နှစ်ပေါင်းများစွာကြာအောင် ဓာတ်ပုံဆရာတွေက အရေးကြီးပြီး ဆွဲဆောင်မှုမြင့်တဲ့ ကမ္ဘာ့ရာသီဥတု ပြဿနာတွေကို မီဒီယာအမျိုးမျိုးကနေ တင်ပြနိုင်ခဲ့ပါတယ်။ သူတို့က စကားတွေမပြောဘူး။ စာတွေမရေးဘူး။ ဒါပေမယ့် သူတို့ရဲ့ ဓာတ်ပုံတစ်ပုံဟာ စကားတွေအများကြီးပြောပါတယ်။ စကားလုံးတွေအများကြီးကို ပြသခဲ့ပါတယ်။
ကလောဒီယိုဂျစ်လီရိုနီ ဆိုတဲ့ သိပ္ပံပညာရှင်ဓာတ်ပုံဆရာက ဝင်ရိုးစွန်းဒေသက ရေခဲတွေ အရေပျော်သွားတဲ့ မြင်ကွင်းကျယ်တစ်ခုကို ဓာတ်ပုံရိုက်ပြီး ကမ္ဘာကိုပြနိုင်ခဲ့တယ်။ အဲ့ဓာတ်ပုံဟာ ကမ္ဘာကြီးပူနွေးလာတယ် ဆိုတာကို လူတော်တော်များများအား သိနားလည်သွားစေနိုင်ခဲ့ပါတယ်။
ကိုရီလက်စ်ရှာ ဆိုတဲ့ အောက်ဒိုးဓာတ်ပုံဆရာက သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကို အသက်ပါအောင် ရိုက်နိုင်ခဲ့ပါတယ်။ သူရဲ့ဓာတ်ပုံ ၅၀%ကျော်ကို အလှူအဖြစ်နဲ့ လစဉ်လတိုင်းရောင်းချနေပါတယ်။ ကီလီယံဂျော်နက် ဆိုသူ တောင်တက်သမားဓာတ်ပုံဆရာက သဘာဝပတ်ဝန်းကျင်အရေးနဲ့ ပတ်သတ်ပြီး ဓာတ်ပုံရိုက်ပြကာရန်ပုံငွေ အဖွဲ့တစ်ဖွဲ့တောင်ထူထောင်ထားနိုင်ခဲ့ပါတယ်။
ပီတာနစ်ခ် ဆိုသူ ယာဉ်မောင်းသင်တန်းဆရာက တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သတ်ပြီး ဓာတ်ပုံကောင်းကောင်းတွေကို ရိုက်ထားနိုင်ခဲ့ပါတယ်။ သြစတေးလျှက ပင်လယ်သက်ရှိတွေနဲ့ပတ်သတ်လာရင် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဓာတ်ပုံတွေကို သူက စုဆောင်းထားနိုင်ခဲ့ပါတယ်။
အဲ့ဒိလိုဓာတ်ပုံဆရာတွေရဲ့ မီဒီယာအသီးသီးက တင်ပြမှုတွေဟာ ကမ္ဘာကြီးပြောင်းလဲလာနေပြီဆိုတာကို အများပြည်သူ သတိထားမိစေခဲ့ပါတယ်။ ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အခန်းကဏ္ဍမှာ ဓာတ်ပုံဆရာတွေရဲ့ အစွမ်းက မသေးငယ်လှတဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်နေပါတယ်။
ရင်ငြိမ်းနွေ
Ref : euro news
Photo : peter naik

About The Author

greenness_mm

No Comments

Leave a Reply