ရာသီဥတုဖောက်ပြန်မှုက ဥရောပလယ်သမားတွေကို အထိနာစေတော့မှာလား

ရာသီဥတုဖောက်ပြန်မှုက ဥရောပလယ်သမားတွေကို အထိနာစေတော့မှာလား

ဒီနှစ်ပိုင်းတွေအတွင်းမှာ ရေကြီးမှု၊ မိုးခေါင်မှုနှင့် အပူလှိုင်းများ တိုးလာခြင်းကြောင့် ဥရောပနိုင်ငံတွေရဲ့ စိုက်ပျိုးရေးကို ထိခိုက်နေပါတယ် ။ ရာသီဥတု အကျပ်အတည်းက တောင်သူလယ်သမားတွေနဲ့ လယ်ယာ ကဏ္ဍအတွက် စီးပွားရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပြီး အဲ့ဒိကိစ္စကို မကိုင်တွယ်ဘူးဆိုရင်တော့ ပိုမိုဆိုးရွားလာဖို့ပဲ ရှိနေပါတယ်။
Edinburgh တက္ကသိုလ်မှ စိုက်ပျိုးရေးနှင့် အစားအစာစနစ်ဆိုင်ရာ အကြီးတန်းကထိက ဒေါက်တာ Peter Alexander က “ဥရောပနှင့် ကမ္ဘာတစ်ဝှမ်းရှိ အစားအစာစနစ်၊ ဂေဟစနစ်များနှင့် လူသားကျန်းမာရေးအတွက် အန္တရာယ်တွေက ကမာ္ဘကြီး ပိုမိုပူနွေးလာခြင်းကြောင့် သိသိသာသာ မြင့်တက်နေပါတယ် ။ သိပ္ပံပညာနဲ့ ပတ်သက် ပြီးတော့ အခြားပြောစရာ မရှိပါဘူး ။ တိုးတက်နေတာမှန်ပေမဲ့ လက်ရှိဖြစ်နေတဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့က လက်လှမ်းမမီနိုင်သေးဘူး ”လို့ ပြောကြားခဲ့ပါတယ် ။
ဥရောပတစ်ခွင်ရှိ လယ်သမားတွေက ဥရောပတိုက်သားတွေကို အစားအစာကျွေးမွေးရန် တာဝန်ရှိတာမှန်ပေမဲ့ ရာသီဥတုဖောက်ပြန်မှု၏ အလေးချိန်အောက်မှာ သူတို့ ထမ်းရမယ့်ဝန်က ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေ ပါတယ်။ ဥရောပ တောင်ပိုင်းနိုင်ငံများအတွက် စိုးရိမ်စရာအကောင်းဆုံးက ခြောက်သွေ့ပူပြင်းသောရာသီများ နှင့် ပြင်းထန်သောရေကြီးမှု ဒဏ်တွေပဲဖြစ်ပါတယ်။
ပေါ်တူဂီတောင်ပိုင်းရှိ နို့စားနွားမွေးတဲ့ Maaike Smits က သူ့မွေးထားတဲ့ နွားအကောင်ရေ ၅၀၀ နဲ့ပတ်သက်ပြီး “ ဒီနှစ်ခြောက်သွေ့တဲ့ ဆောင်းရာသီကို မရောက်မီ ပူပြင်းလွန်းတဲ့ ရာသီဥတုက ငါ့အကောင်တွေကို စိတ်ဖိစီး စေတယ်။ နွားတွေအတွက် လေဝင်လေထွက်နဲ့ ရေဖျန်းတဲ့စနစ်အတွက် တတ်နိုင်သမျှ ရင်းနှီးမြှုပ်နှံရတော့ အရင်းရဖို့ မနည်းကြီး လုပ်ယူနေရတယ်” လို့ ပြောပါတယ်။
ခြောက်သွေ့သော နွေရာသီနှင့် ဆောင်းရာသီတို့က နွေသီးနှံများအတွက် ရေအလုံအလောက်မရှိတာကြောင့် အစာကောင်းကောင်းမထွက်ဘူး ဖြစ်ခဲ့ရတယ်။ အဲ့ဒိမှာ အစာစရိတ်တက်လာတော့တာပါပဲ ။ ပေါ်တူဂီအစိုးရက လယ်သမားများအတွက် ငွေကြေးပံ့ပိုးပေးမယ်လို့ ကတိပြုထားပေမဲ့ ဒါကလာမည့်နှစ် အနည်းငယ်အတွက် အခက်အခဲများကို “လျော့ပါးသက်သာ” စေတာလောက်ပဲဖြစ်ပါတယ် ရေရှည်ဖြေရှင်းချက်ပေးတာလို့ သူက မ ထင်ထားပါဘူး ။
အီတလီနိုင်ငံ၊ Emilia-Romagna တွင် မေလတုန်းက ရေလွှမ်းမိုးမှုကြောင့် ကောက်ပဲသီးနှံနဲ့ မိသားစု လယ်ယာများ ထိခိုက်ပျက်စီးစေခဲ့ရပါတယ်။ “ကျွန်မတို့ စပျစ်သီးတွေ၊ မြေ ဟက်တာ ၂၀ လောက်နဲ့ တိရစ္ဆာန်တွေအတွက် အမိုးအကာတွေ ဆုံးရှုံးခဲ့ရတယ်” ဟု အသက် ၂၉ နှစ်အရွယ် လယ်သမားတစ်ဦးက ပြောပါတယ်။
“အိမ်နီးနားချင်းတချို့က ပိုလို့တောင် ရှုံးတယ်။ ရေကြီးရေလျှံမှုအပြီးတွင် ပြင်းထန်သော ပူပြင်းခြောက်သွေ့သော နွေရာသီကဝင်လာပါတယ် ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရာသီဥတုက အရမ်းခြောက်တယ်” လို့ ၎င်းက ဆိုပါတယ်။ “ရာသီဥတုက ဖောက်ပြန်နေတယ် ၊ ကျနော်တို့အတွက် မလုံခြုံဘူး” လို့ဆိုပါတယ်။
ရာသီဥတု၏ မှန်းဆမရခြင်းကြောင့် Pagliarani တစ်ယောက်အတွက် သူ၏ သီးနှံများကို မျိုးစေ့ချရန် အကောင်းဆုံးအချိန်ကို သိရန် ခက်ခဲစေပြီး သူ၏ ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်သွားစေပါတယ်။
“လယ်သမားတွေ အရမ်းစိတ်မကောင်းဖြစ်ရတယ်” လို့ ၎င်းက ဆိုပါတယ် ။ “သူတို့က စိုက်လို့ပျိုးလို့ရမယ့် နေရာ တွေ
ကို လိုက်ရှာပြီး ပိုအဆင်ပြေတဲ့ အခြေအနေကို ရှာနေရပါတယ်။ လူငယ်လယ်သမားတွေဟာ လယ်ယာမြေရဲ့ အနာဂတ်ပါပဲ။ သူတို့ကို ရင်းနှီးမြုပ်နှံဖို့၊ ပံ့ပိုးပေးပြီး ယုံကြည်ဖို့ လိုပါတယ်” လို့ ၎င်းက ဆိုပါတယ် ။
လယ်ယာမြေလုပ်သားတွေက လက်ရှိဖြစ်နေတဲ့ ရာသီဥတုဖောက်ပြန်မှုမျိုး နဲ့ဆိုရင် အနာဂတ်မှာ သူတို့ရဲ့ အလုပ်အကိုင်တွေ ပျောက်သွားမှာကိုစိုးရိမ်နေကြပါတယ်။ အပူကြီးလို့ လယ်လုပ်ရင် သေဆုံးသွားရတဲ့ လုပ်သားတွေတောင်ရှိနေပါတယ်။ ခရမ်းလွန်‌ရောင်ခြည်မိပြီး အရေပြားကင်ဆာဖြစ်နေတဲ့ လုပ်သားတွေတောင်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရာသီဥတုဖောက်ပြန်မှုက ဥရောပ လယ်သမားတွေအတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပါတယ်။
မောင်ယဿ
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply