ရွှေကြာဖူး

ရွှေကြာဖူး

အမည်လေးမျိုးနှင့် အညာဒေသရဲ့ သဘာဝပေါက်ပင် ။
သုံးတတ်ရင် သဘာဝ ဟင်းစာလည်းရ ဆေးဖက်လည်းဝင်
ခြံစည်းရိုးလည်း ကာပေးတဲ့ အပင်ပါ။
ရွှေကြာဖူး
တဇောင်းဖူး အဖူးနုနုလေးတွေကိုရအောင်
ရွာထိပ်ကိုသွား . စွပ်ကနဲနေအောင် လက်ကိုမြှောက်ပီး ချိုးယူရတာလေ..
သူ့ကိုဘယ်လိုချက်ရလဲဆိုရင် အဖူးလေးကိုခွဲ ၊ အထဲက ၀တဆြံလေးတှဖယြေ
၊ ရေနွေးလေးဖျောပီး
ဆီသတ်ပြီး ချဉ်ပေါင်ရွက် ၊ မကျီးရွက်တို့နဲ့ ရောချက်ရတာကိုး.
#အညာမှိုဟင်း လို့လည်းခေါ်သလို ချဉ်ချဉ်ချွဲချွဲအရသာလေးက ထမင်းကိုသိပ်မြိန်စေတာပါ..
တဇောင်းဖူး ချဉ်ဟင်းအပြင် ၊ အသားကြော်လေးတခွက် ၊ အညာငရုတ်သီး ကြက်သွန်ဖြူလေးနိုင်နိုင်နဲ့ အညာထောင်းလေးတခွက်ရယ်ဆိုရင် အရမ်းမိုက်ပေါ့ကွယ်။
ရွှေကြာသီးကလည်း နဂါးမောက်သီး သကြားသီးလို အရမ်းစားကောင်း ဆေးဖက်ဝင်ပါသည်။
အညာဒေသ မှာ အရမ်းပေါပါတယ် ဆေးဖက်ဝင်မှန်းခုမှသိတယ် ။
ဆီးချို နှလုံး အစာအိမ်အူလမ်းကြောင်းရောဂါ အကုန်ကြိုတင်ကာကွယ်နိူင်သတဲ့
==============================
တဇောင်းဖူး (ခ)ပဒုမ္မာဖူး(ခ)ရွှေကြာဖူး
**********************************
အညာမှာ အခုချိန်အရမ်းပေါတဲ့ ရာသီစာလေးပါ။
တဇောင်းဖူးကို အလည်ကခွဲ ဝတ်ဆံတွေထုတ် ကြိုက်သလိုလှီးပြီး တနေလောက် လှန်းထားပါ
နေလှန်းထားတဲ့ ထဇောင်းဖူးလေးတွေကို ရေဆေးစစ်ထားဒယ်အိုးမှာ ဆီပါးပါးထည့်ခရမ်းချဉ်သီးကိုအနှစ်ချ ငပိ ပုစွန်ခြောက်မှုန့် နဲနဲထည့်ပြီး ကြက်သွန်နီ ပါးပါးလှီးကြော်ငြုပ်သီးလေးကြိတ်ထည့်ပြီးရင် ထဇောင်းဖူးထည့် အပေါ့အငံထည့် ရပြီ သူ့အရသာကတော့ မှိုလေးလိုပေါ့ ။
ဆေးဖက်ဝင်တဲ့အပွင့်
ဆီချိုရောဂါကိုကာကွယ်ပေးနိုင်တယ်
သွေးတိုရောဂါကာကွယ်ပေးနိုင်တယ်
နှလုံး ရောဂါကာကွယ်ပေးနိုင်တယ်
အပွင့်ကိုပြုတ် အရည်သောက်ပါ
ဆီးချို သွေးချိုရောဂါကိုပျောက်ကင်နိုင်ပါတယ်
အစာအိမ်နဲ့အူလမ်းကြောင်းကိုရောဂါပိုးတွေကိုကာကွယ်ပေးနိုင်ပါတယ်။
( အညာသူ အညာသား မဟုတ်တဲ့
လမ်းသွားလမ်းလာ ခရီး သွားတွေပါ အဖူး ဖူး ချိန် အလွယ်တကူ ခူးသွားလို့ရအောင်
ရေနံချောင်းမြို့ရှောင်လမ်း ထနောင်းရိပ် ဇရပ်နား မှာ စိုက်မယ့် အပင်လေးတွေ
သစ်ပင်တွေ ခြံစည်ရိုးကာရင်း နှင့် စည်းရိုးဘေး အပင် ၂၀၀ ကျော်လောက် ကပ်စိုက်ထားပေးပါမည် ခင်ဗျာ။
တစ်ချက်ခုတ် နှစ်ချက်ပြတ်
ကားလမ်းဘေး ဇရပ်နား ဆိုတော့ ဒေသပေါင်းစုံက ခရီးသွာတွေ အလွယ်တကူ တွေ့ဖူးသွားတာပေါ့)
Credit ချက်နည်း ဆေးနည်း မူရင်းတင်ထားသူများ
Photo Credit မူရင်းတင်ထားသူ ဆရာသမားများ

About The Author

greenness_mm

No Comments

Leave a Reply