ရှိနေတာတွေ ရေရှည်တည်တံ ခိုင်မြဲရေးအတွက် စိတ်ဝင်စားတဲ့ ဂဝင်းနက်ပက်သရို

ရှိနေတာတွေ ရေရှည်တည်တံ ခိုင်မြဲရေးအတွက် စိတ်ဝင်စားတဲ့ ဂဝင်းနက်ပက်သရို

ဟောလီးဝုဒ်က ဆယ်လီတွေထဲမှာ အသုပ်စုံလို့ပဲပြောရမလား ၊ ၁၂ မျိုး ဂျင်းသုပ်လို့ပဲ ပြောရမလား အလုပ်ဆိုရင် အကုန်လုပ်တဲ့ မင်းသမီးကတော့ ဂဝင်းနတ်ပက်သရိုဖြစ်ပါတယ်။ လုပ်သမျှလည်း အောင်မြင်တယ်လို့ ပြောရမှာပါပဲ။ ရုပ်ရှင်မင်းသမီး ၊ မော်ဒယ် ၊ စီးပွားရေးလုပ်ငန်းရှင် ၊ စာရေးဆရာ ၊ အဆိုတော် နဲ့ လူမှုရေး လုပ်ငန်းတွေ လုပ်တဲ့ သူတစ်ယောက်ပါ။
ပြီးခဲ့တဲ့ နှစ်တွေ တုန်းက ဆိုရင် ကျမဟာရနံ့ ဆိုပြီး ဖယောင်းတိုင် ထုတ်တယ်ဗျာ။ လူတွေက ညစာစားဖို့ အဲ့ဒိဖယောင်းတိုင်ကို ဈေးကြီးပေးပြီး ဝယ်သုံးကြတယ်ဗျာ။ အမွှေးရနံ့ပါတဲ့ ဖယောင်းတိုင်တွေ ရောင်းနေတာကြာပါပြီ ၊ သူမရဲ့ ကျမဟာ ရနံ့ ထွက်မှပဲ ညစာကို ဖယောင်းတိုင် သင်းသင်းလေးထွန်းပြီး စားတာပိုကောင်း သလိုမျိုး ဖြစ်သွားပါတယ်။ အဲ့လိုမျိုး ပါ။
၂၀၂၁ ဖေဖော်ဝါရီလမှာ သူမကိုဗစ်ဖြစ်ပါတယ်။ ရက်ရှည်ကို ခံလိုက်ရတာပါ။ ကိုဗစ်လည်းပျောက်ရော သူမက ကိုဗစ်ကို သကြားမပါတဲ့ အစားအသောက်တွေစားတယ်။ အယ်ကိုဟော မပါတဲ့ အရည်တွေသောက် တယ်။ သက်သက်လွတ်စားတယ်။ မနက်စာကို မနက် ၁၁ နာရီမထိုးမချင် မစားဘူး။ အနီအောက်ရောင်ခြည်နဲ့ ချွေးထုတ်တယ် စသဖြင့် ကိုဗစ်ကူးစက်ခံရစဉ် ကာလအတွင်း အဲ့လိုတွေလုပ်တယ်ဆိုပြီး လိုင်းပေါ်ကနေ ပရိသတ်ကို ပြောလို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တွေတောင် လှုပ်လှုပ်ခတ်ခတ် ဖြစ်ပြီး သူမကို ဝိုင်းဝေဖန်ကြပါတယ်။
အဲ့လို ထူးထူး ဆန်းဆန်းလေးတွေ လုပ်တတ်ပေမဲ့ သူမဟာ သဘာဝပတ်ဝန်းကျင် အရေးနဲ့ ပတ်သက်လာရင်တော့ ရှေးရိုး ဆန်ပါတယ်။ လက်ရှိ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ အပူချိန်မြင့်တက်မှုနဲ့ ရာသီစည်ချက်ပျက်ယွင်းနေမှု ကို ကာကွယ်ဖို့အတွက် နဂိုရ်ပုံစံမျိုးပြန်ဖြစ်ဖို့အတွက် ဒဏ်ရာ ကုစားတဲ့ နည်းကို ပဲ နှစ်သက်ပါတယ်။
သူမက သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေးအတွက် ASSN ဆိုတဲ့ မီဒီယာတစ်ခုထောင်ထားတယ်။ ပြီးတော့ ကာဗွန်ထုတ်လွှတ်မှု ထိန်းချုပ်နိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလုပ်ခွင် အင်အားစုတွေနဲ့ အုပ်စုဖွဲ့ ပြီး ကမ္ဘာကြီး ရေရှည်တည်တန့် ခိုင်မြဲရေးအတွက် ဟောပြော စည်းရုံးမှုတွေ ရုပ်ပြမှုတွေ လုပ်နေပါတယ်။
ဂုပ် ဆိုတဲ့ ကုမ္ပဏီတစ်ခုထောင်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် အိမ်သုံးပစ္စည်း တွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ မီးဖိုချောင်က ထွက်လာတဲ့ ကာဗွန်တွေကို ဘယ်လိုလျှော့ချလို့ရမလဲ နည်းပညာတွေကို လည်းမျှဝေနေပါတယ်။
မောင်ယဿ
REF: varity
Photo : entertainment weekly

About The Author

greenness_mm

No Comments

Leave a Reply