လက်ဖက်ခြောက်ထုတ် ၊ အသင့်စားနဲ့ ဟော့‌ဒေါ့တွေမှာ ဖော်အဲဗား ဓာတုပစ္စည်းတွေ အများကြီးပါတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပြီ

လက်ဖက်ခြောက်ထုတ် ၊ အသင့်စားနဲ့ ဟော့‌ဒေါ့တွေမှာ ဖော်အဲဗား ဓာတုပစ္စည်းတွေ အများကြီးပါတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပြီ

အမေရိကန်နိုင်ငံ ကတ်ခ်ဆေးကျောင်းက ပတ်ဝန်းကျင်ကျန်းမာရေး ဌာနမှာ ဒေါက်တာဘွဲ့စာတမ်းတင်နေတဲ့ ဟေးလေးဟမ်ဆင် ဆိုသူရဲ့စာတမ်းပါ အချက်အလက်အရ အသင့်စား အစားအသောက်တွေကို ထုတ်ပိုးတဲ့ ပစ္စည်းတွေ ၊ လက်ဖက်ခြောက်အထုတ်လေးတွေ နဲ့ ဟော့‌ဒေါ့လို စားသောက်ကုန်တွေမှာ သွေးထဲမှာ မပျော်သွားဘဲ ခန္တာကိုယ်တွင်း တစ်နေရာရာမှာ အနည်ကျသွားစေပြီး ကင်ဆာရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်နေတဲ့ ဖော်အဲဗားဓာတုပစ္စည်း ( PFAS ) တွေ ပါဝင်မှုမြင့်မားတယ်လို့ သိရပါတယ်။
သူမနဲ့ အဖော်သုတေသီများက လူတွေရဲ့ အစားအသောက်များက အချိန်ကြာလာသည်နှင့်အမျှ သူတို့ရဲ့ သွေးထဲတွင် ထာဝရဓာတုပစ္စည်းများပါဝင်မှုနှုန်းနဲ့ ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာကို ဆန်းစစ်ရန် ပထမဆုံး လေ့လာမှုဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ပေါင်မုန့်၊ အားကစားသမားတွေသောက်တဲ့ နို့အချိုရည်များ၊ လက်ဖက်ရည် နဲ့ ရေနွေးကြမ်း ကဲ့သို့သော အချို့သော အစားအစာများနဲ့ အဖျော်ယမကာများကို မကြာခဏ စားသုံးခြင်း အပါအဝင် သူတို့ရဲ့ အစားအသောက်နှင့်ပတ်သက်သည့် မေးခွန်းများကို သုတေသီတွေက အုပ်စုနှစ်စုခွဲပြီး လူ ၇၀၀ ကျော်ကို မေးမြန်းခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့သွေးထဲက PFAS ပမာဏကို စမ်းသပ်တိုင်းတာခဲ့ကြပါတယ်။
သုတေသီတွေက အိမ်ချက် နဲ့ အပြင်စာ စားသောက်တဲ့ အကြိမ်ရေတွေကိုလည်း မေးမြန်းခဲ့ပါတယ်။ အင်တာဗျူး မှာပါဝင်သူများက PFAS ရဲ့ ဘုံရင်းမြစ်ဖြစ်တဲ့ အစားအစာထုပ်ပိုးခြင်းနှင့် ဘယ်လောက်ထိတွေ့ရ လေ့ရှိတယ် ဆိုတာကို တွေးဆရန် အဲ့အချက်အလက်များကို အသုံးပြုခဲ့ကြပါတယ်။
အိမ်ချက်မဟုတ်ဘဲ အသင့်စား လက်ဖက်ရည်၊ ပြုပြင်ထားတဲ့ အသားတွေနဲ့ အစားအစာတွေကို အများအပြား စားသုံးတာဟာ အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲမှာ PFAS ပမာဏ တိုးလာမှုနဲ့ ဆက်စပ်နေတယ်လို့ လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။ လက်ဖက်ရည်၊ ဟော့ဒေါ့နှင့် ပြုပြင်ထားသော အသားများကို ပိုမိုစားသုံးသော ပါဝင်သူများသည်လည်း PFAS အဆင့် ပိုများပါတယ်။
သုတွေသီတွေကထောက်ပြတဲ့ အဓိကအချက်ကတော့ အသင့်စားတွေရဲ့ ထုတ်ပိုးမှုပြဿနာကိုပဲ ဖြစ်ပါတယ် ။ အပြင်စာစားတိုင်း PFAS မြင့်တယ်တယ်လို့ ဆိုတာမဟုတ်ပါဘူး ။ ဒါပေမဲ့ အစားအသောက်တွေကို ထုတ်ပိုးတဲ့ ပစ္စည်းတွေမှာ ကြာရှည်ခံအောင်အဆင့်မြှင့်လိုက်တာနဲ့ အဲ့ဒိပစ္စည်းတွေမှာ PFAS တွေပါနေတာကို ထောက်ပြတာပါ ။
ဥပမာဆိုရသော် လက်ဖက်ခြောက်မှာ PFAS ပါတာမဟုတ်ပေမဲ့ လက်ဖက်ခြောက်ထုတ်တဲ့ အထုတ်ကလေးတွေမှာ PFAS ပါဝင်မှုမြင့်မားနေပါတယ် ။
အဲ့ဒိအိတ်ကလေးတွေကို ရေနွေးထဲမှာစိမ်ပြီး သောက်တော့ ခန္တာကိုယ်ထဲကို PFAS တွေထည့်သွင်းနေတာနဲ့တူနေတာပါ ။ အဲ့လိုပဲ ပြုပြင်ထားတဲ့အသားတွေမှာ PFAS ပါဝင်မှု နည်းပေမဲ့ အဲ့ဒိအသားတွေကို ထုတ်ပိုးတဲ့ ပစ္စည်းတွေမှာ PFASမြင့်နေတာပါလို့ သုတေသနက ဆိုတာပါ ။
“ဇီဝဖြစ်စဉ်အရ အတော်လေး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုတောင် PFAS နဲ့ ညစ်ညမ်းစေ နိုင်တယ်ဆိုတာ ကျမတို့ စတင်တွေ့ရှိလာပါပြီ။ ဒီတွေ့ရှိချက်တွေက ‘ကျန်းမာတဲ့’ အစားအစာကို အခြားသော နည်းနဲ့ ရှုမြင်ဖို့ လိုအပ်တာကို မီးမောင်းထိုးပြထားပါတယ်။ အကြိမ်ပေါင်းများစွာ လေ့လာထားတဲ့ အချက်တွေကို ကြည့်ခြင်းအားဖြင့် လူတွေရဲ့ အစားအသောက်တွေ ပြောင်းလဲခြင်းက PFAS အဆင့်ကို အမှန်တကယ် သက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို အကြံဉာဏ်ပေးပါတယ်” လို့ Keck ဆေးကျောင်းမှ လူဦးရေနှင့် ပြည်သူ့ ကျန်းမာရေ သိပ္ပံမှ လက်ထောက်ပါမောက္ခ Jesse A. Goodrich က ပြောကြားခဲ့ပါတယ်။
မောင်ယ‌ဿ
REF; Euronews

About The Author

greenness_mm

No Comments

Leave a Reply