လင်းပိုင်တွေ အမဲလိုက်ခံနေရတဲ့ ဘေးကနေ ဘယ်သူမှ မကယ်နိုင်ဘူးလို့ လှုံ့ဆော်ရေးသမားတွေ ဆို

လင်းပိုင်တွေ အမဲလိုက်ခံနေရတဲ့ ဘေးကနေ ဘယ်သူမှ မကယ်နိုင်ဘူးလို့ လှုံ့ဆော်ရေးသမားတွေ ဆို

ဖာရိုကျွန်းစုဆိုတာ ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပါတယ်။ အိုက်စလန် နဲ့ နော်ဝေကြားက မြောက်အတ္တလန်တစ် သမုဒ္ဒရာထဲက ကျွန်းတွေဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေနဲ့ ဥမင်တွေ တံတားတွေ ကူတို့ယာဉ်တွေနဲ့ အဆက်အသွယ်လုပ်ထားပါတယ်။ သမုဒ္ဒရာကြီးထဲမှာ ထိုးထွက်နေတဲ့ မီးတောင် တွေက အလွန်လှပပါတယ်။ငှက်ကြည့်သမားတွေ နဲ့ ရှု့ခင်းကောင်းကောင်းကြည့်ချင်သူတွေအတွက် စိတ်ဝင်စားစရာ ကောင်းတဲ့ ကျွန်းစုတွေပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဖာရိုကျွန်းသားတွေရဲ့ နှစ် ၄၀၀ လောက်ကတည်းက လုပ်လာတဲ့ ဓလေ့ထုံးစံတစ်ခုကတော့ ယနေ့ကမ္ဘာကို စိမ်ခေါ်မှု တစ်ရပ်ဖြစ်နေပါပြီ ၊ အဲ့ဒါကတော့ လင်းပိုင်တွေ နဲ့ ဝေလငါးတွေကို အမဲလိုက်တဲ့ ကိစ္စပါပဲ ။ ဝမ်းဖြူလင်းပိုင်တွေကို နှစ်စဉ် အမဲလိုက်ကြတာနဲ့ ပတ်သက်ပြီး ကန်သတ်မှုတွေ လုပ်ထားပေမဲ့ ဘယ်သူ ဘယ်သူကမှ ဖာရိုကျွန်းသားတွေကို တာမယ့်ဆီးမယ့် သူမရှိကြပါဘူး ၊ နှစ်စဉ် ဇူလိုင်လကနေ စက်တင်ဘာလအကုန်အထိ တစ်နှစ် ကို လင်းပိုင်း အကောင်ရေ ၄၀၀ ပဲ အမဲလိုက်ရမယ်လို့ အစိုးရပိုင်းက သက်မှတ်ထားပေမဲ့ လက်တွေ့မှာတော့ လင်းပိုင် အကောင်ရေ ၅၀၀ ထက်မက အမဲလိုက်နေကြတာပါပဲ ။

လင်းပိုင်တွေကို ရေရည်တည်တံ့အောင် ထိန်းသိမ်းဖို့အတွက် အစီအစဉ်တွေလုပ်ထားပေမဲ့ ၂၀၁၄ လောက်ကတည်း က သတိထားမိတာက အမဲလိုက်တဲ့အကောင်ရေတိုးလာတာရယ် လင်းပိုင်အကောင်ရေ နည်းလာတာကို တွေ့လာရပါတယ်လို့ အစိုးရ တာဝန်ရှိသူတစ်ဦး က ဆိုပါတယ်။ လာမယ့် ၂၀၂၃ ရာသီမှာတော့ လင်းပိုင်ဖမ်းဆီးမှုကို တိတိကျကျ လုပ်ဆောင်ဖို့ လိုလာပြီ လို့ ၎င်းက အစိုးရကို စာရေးတင်ထားပါတယ်။ ဇီဝမျိုးကွဲ ထိန်းသိမ်းရေး လှုံ့ဆော်ရေးသမားတွေကလည်း လင်းပိုင်တွေကို အမဲလိုက်တဲ့အထဲမှာ ဝေလငါးဖမ်းသမားတွေ ပါ ပါလာနေတယ် လို့ ဆိုပါတယ်။

သူတို့ က လင်းပိုင်အုပ်တွေကို ပိုက်တွေနဲ့ ကမ်းစပ်ဖက်ကို ဆွဲလာပြီး ကြီးကြီးသေးသေး တစ်ကောင်မှ မကျန်အောင် အကုန် ဖမ်းဆီး သတ်ဖြတ် လိုက်ပါတယ်လို့ ဆိုပါတယ်။ ရိုးရာဓလေ့ထုံးစံအရ အမဲလိုက်တာမှန်ပေမဲ့ အကောင်ရေလျှော့ပြီး အမဲလိုက်ဖို့အတွက် နဲ့ ပိုက်နဲ့ဆွဲပြီး အစုလိုက် အပြုံလိုက် မသတ်ဖို့အတွက် တားမြစ်မှုတွေ လုပ်ဖို့ လိုနေပြီလို့ လှုံ့ဆော်ရေးသမားတွေ ကဆိုပါတယ်။ ဒါပေမဲ့ လောလောဆယ်အခြေအနေအရ လင်းပိုင်တွေ အစုလိုက် အပြုံလိုက် အမဲလိုက် ခံနေရတာကို ဘယ်သူမှ မတားနိုင်သေး ဘူးလို့ ဆိုလိုက်ပါတယ်။

မောင်ယဿ

REF: euronews

#Greenness

About The Author

greenness_mm

No Comments

Leave a Reply