လယ်သမားမှ လယ်သမားဆီသို့ အစီအစဉ်ကို အဖေဆီက အမွေဆက်ခံခဲ့ ချက်ကီ နန်ဂျာဒက်စ်ဝါမီနဲ့ တွေ့ဆုံခြင်း

လယ်သမားမှ လယ်သမားဆီသို့ အစီအစဉ်ကို အဖေဆီက အမွေဆက်ခံခဲ့ ချက်ကီ နန်ဂျာဒက်စ်ဝါမီနဲ့ တွေ့ဆုံခြင်း

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ ကန်နာတာကာပြည်နယ်မှာ စိုက်ပျိုးရေးဂေဟဗေဒကို လေ့လာလို့ရတဲ့ အမ်ရီတာ ဘိုအိုမီ လို့ခေါ်တဲ့ စင်တာတစ်ခုရှိပါတယ်။ အဲ့ဒိနေရာမှာ စိုက်ပျိုးရေးဂေဟ ဗေဒနဲ့ပတ်သက်ပြီး လယ်သမား အချင်းချင်း အသိပညာဖြန့်ဖြူတဲ့ ၊အသိပညာ ဖလှယ်တဲ့လုပ်ငန်းတွေကို လုပ်နေပါတယ်။

ဒီကနေ့ခေတ် လို အစိမ်းရောင် တော်လှန်ရေးကာလမှာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဓာတုပစ္စည်းတွေ အများကြီးသုံးရတာရယ် ၊ ဈေးကြီးတဲ့ မျိုးတွေကို ဝယ်ရတာကို ရှောင်နိုင်ဖို့အတွက် ရယ် ရိုးရာစိုက်ပျိုးရေးပုံစံကို အများကြီးပြုပြင်ပြောင်းလဲစရာမလိုဘဲ ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ဖို့နဲ့ ပတ်ဝန်းကျင်ကို အန္တရယ်မဖြစ်စေတဲ့ ပိုးသတ်တဲ့ စနစ်တွေကို ဖလှယ်နိုင်ဖို့အတွက် ၂၀၀၀ ခုနှစ်လောက်ကတည်းက ပါမောက္ခ ဒေါက်တာမဟန်သာဒီဗာရူနန်ဂျာဒက်စ်ဝါမီက အဲ့ဒိစင်တာကို တည်ထောင်ခဲ့တာပါ။

အဲ့ဒိလိုမျိုး စင်တာတွေက ကမ္ဘာပေါ်မှာ အရည်အတွက် နည်းနည်းပဲ ရှိပါသေးတယ်။ ဒေါက်တာဆုံးသွားတော့ အဲ့ဒိအချိန်မှာအသက်၂၂ နှစ်အရွယ် သမီးဖြစ်တဲ့ ချက်ကီနန်ဂျာဒက်စ်ဝါမီက အဖေ့အမွေကို ဆက်ခံပြီး ဧက ၈၀ကျော် မြေနေရာမှာ နည်းပညာအသစ်တွေနဲ့ ရိုးရာစိုက်ပျိုးရေးပညာတွေ စုပေါင်းထားတဲ့ ပြီးတော့ စိုက်ပျိုးရေးကုန်ကျစရိတ်ကို ချုံ့နိုင်တဲ့ နည်းပညာတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ သရက် ၊ ပိန္နဲလို ဥယျာဉ်ခြံပင်တွေကနေ အစ အုန်း ၊ငှက်ပျောအလယ် ကောက်ပဲသီးနှံအဆုံး စိုက်ပျိုးရေးနဲ့ပတ်သက်လာရင် ဆွေးနွေးမှုတွေ ၊ သင်တန်းပေးမှုတွေ လုပ်ခဲ့ပါတယ်။ သူမကို မွန်ဂါဘေး ဝက်ဘ်ဆိုက်က အင်တာဗျူးလုပ်ခဲ့ပါတယ်။

မွန်ဂါဘေး ။။ ကဲ အမ်ရီတာဘိုအိုမီနဲ့ ပတ်သက်တဲ့ သမိုင်းလေးနည်းနည်းပြောပြပါ။ အဲ့လိုဖြစ်လာအောင် ဘာကလှုံ့ဆော်ပေးလိုက်တာလဲ။

ချက်ကီ ။။ ကျမတို့ ကာနာတာကာမှာ လယ်သမားလှုတ်ရှားမှု စဖြစ်ပြီးနောက်ပိုင်းမှာ လယ်သမားအချင်းချင်း တိုင်ပင်ဆွေးနွေးမှုတွေလုပ်ခဲ့ကြပါတယ်။ အဓိကကတော့ ဒေသတွင်း မျိုးတွေကို ကာကွယ်ဖို့ အတွက်ပါပဲ ။ အဖေက အဲ့ဒိလယ်သမားတွေ ကို တစ်နေရာတည်းမှာ စုဆုံနိုင်အောင်လုပ်ပေးလိုက်တာပါ။ ၁၉၉၀ အစောပိုင်းလောက်မှာ အစိုးရက ဘက်စုံ စိုက်ပျိုးရေး နဲ့ စီးပွားဖြစ်စိုက်ပျိုးရေး လုပ်ငန်းကြီးတွေကို လမ်းဖွင့်လိုက်ပါတယ်။ အိန္ဒိယမျိုးစေ့ လောကထဲကို အမေရိကန်ကုမ္ပဏီ ကာဂေးလ်က အဦးဆုံး ဝင်ရောက်လာပါတယ်။ သူတို့ရောင်းတဲ့ မျိုးကွဲ အစေ့တွေက ဈေးကြီးပြီး လယ်သမားတွေကလည်း နှစ်စဉ်ဝယ်ယူနေရပါတယ်။ ကျမတို့မှာ ရိုးရာ မျိုးစေ့ဖြန့်ဝေမှုနဲ့ ထိန်းသိမ်းမှု နည်းလမ်းတွေရှိရဲ့သားနဲ့ သူတို့အစေ့တွေကို ဝယ်သုံးနေရပါတယ်။

သူတို့ကတော့ နိုင်ငံတကာ ကုန်သွယ်မှု သဘောတူညီချက် ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့ ။ကျမအဖေက လယ်သမားလှုတ်ရှားမှုမှာ အနီးကပ်ပါဝင်ခဲ့တဲ့ အတွက် ဒေသခံလယ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ အတွက် တစ်ခုခုလုပ်မှရတော့မယ်ဆိုပြီ အခုလို လုပ်ဖြစ်လိုက်တာပါပဲ။ အဓိကကတော့ ကျမတို့ လယ်ယာတွေမှာ နိုင်ငံခြားမျိုးတွေနဲ့ သူတို့ကို ပိုက်ဆံပေးနေရတာကို ကာကွယ်ဖို့ အတွက်ပါပဲ။ အဲ့တုန်းက ကျမက မူလတန်း ကျောင်းသူလေးပ ဲရှိပါသေးတယ်။ ကျမမှတ်မိသလောက်ကတော့ အဖေက ဒေသတွင်း မျိုးစေ့တွေရဲ့ အချုပ်အခြာ ပိုင်စိုးမှုကို ကာကွယ်နိုင်အောင် ဒေသအတွင်း လယ်သမားတွေနဲ့ စုပြီး စင်တာတစ်ခုထောင်နိုင်အောင် ကြိုးစားခဲ့တယ်ဆိုတာပါပဲ ။

မွန်ဂါဘေး။။ လုပ်ပါဦး ။ ခင်းဗျားတို့ရဲ့ လုပ်ဆောင်ချက်တွေ နဲ့ သဘောထားကို ပြောပြပါဦး ။

ချက်ကီး ။။ ကျမတို့ကို ဆိုရှယ်လစ် အတွေးအခေါ်ပညာရှင် ရာမန်နိုဟာလိုဟီရာရဲ့ အယူအဆတွေ လွှမ်းမိုးနေပါတယ်။ သူက ကျမတို့ကို အချက် ၃ ချက်ပေးပါတယ်။ လှုတ်ရှားမှု ကို တည်ဆောက်မယ် ၊ မတရားမှုအတွက် အငြိမ်းချမ်းဆုံးနဲ့ တော်လှန်မယ် ပြီးတော့ နိုင်ငံရေးအတွက် မဲတစ်ပြားကိုသုံးမယ် ဆိုတာပါပဲ ။ ကျမတို့ အဖွဲ့အစည်းအတွက် အဲ့ဒါက အရေးကြီးဆုံး အယူအဆပါပဲ။ အမ်ရီတာဘိုအိုမီ ကို အမွေဆက်ခံမယ့် နောင်မျိုးဆက်တွေကလည်း အဲ့ဒိလမ်းအတိုင်းပဲသွားမှာပါ။ စိုက်ပျိုးရေ ဂေဟဗေဒနဲ့ ပတ်သက်ပြီး ကျောင်းတွေ ထောင်ထားမှာပါ။ ကျမတို့က လက်တလောမှာ ကျူဗားနဲ့ တောင်အမေရိကားမှာတောင် ကျောင်းတွေထောင်ထားပြီးပါပြီ ။ အဲ့ဒိကျောင်းတွေမှာ လယ်သမားတွေက လယ်သမားတွေ ကို ပြန်လည်သင်ကြားနဲ့ သင်ကြားမှု နည်းစနစ်ကို သုံးပါတယ်။

အစိမ်းရောင်တော်လှန်ရေး အကြိုကာလမှာ လယ်သမားအိုကြီးတွေက ကျမတို့အတွက် ရတနာတွေပါ။ သူတို့မှာ အဖိုးမဖြတ်နိုင်တဲ့ စိုက်ပျိုးရေး ဗဟုသုတတွေ ရှိပါတယ်။ ကျမတို့ က စိုက်ပျိုးရေး ကျောင်းကို ဘာဘတ်ဂျတ်မှ မရှိဘဲ စိတ်ဓာတ်တစ်ခုတည်းနဲ့ တည်ဆောက်ခဲ့ တာပါ။ကျမတို့ တို့ ဆီမှာရှိတဲ့ စိုက်ပျိုးရေး တက္ကသိုလ်တွေက ဘာသုတေသန မှမလုပ်ဘဲ ဘွဲ့တွေပေး နေကြတာပါ။ သူတို့တွေသုတေသန လုပ်တယ် ဆိုရင်လည်း မျိုးစေ့ကုမ္ပဏီတွေရဲ့ အထောက်အပံ့နဲ့ လုပ်နေတာဖြစ်လို့ ကျမတို့ရဲ့ ဒေသရင်း မျိုးတွေက အပယ်ခံတွေဖြစ်နေပါတယ်။ ကျမတို့ရဲ့ လယ်သမားတွေက သိပ္ပံနည်းကျတဲ့ ပညာရပ်တွေကို သင်ကြားခွင့် မရခဲ့ကြပါဘူး ။ သူတို့ကို ကျမတို့က အစိမ်းရောင်တော်လှန်ရေးရဲ့ အခြေခံနည်းပညာတွေ ကို ပေးထားပါတယ်။ ပိုးသတ်ဆေးတွေ ၊ ဓာတ်မြေသြဇာတွေ အလွန်အကျွံ မသုံးစွဲဖို့နဲ့ မျိုးကွဲတွေ နိုင်ငံခြားမျိုးတွေ မသုံးဖို့အတွက် ပြောပြထားတာပါ။

မွန်ဂါဘေး ။။ ခင်ဗျားတို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ထပ်ပြောပြပါဦး၊

ချက်ကီး ။။ ကျမတို့က ချဉ်းကပ်မှုတွေ ကို နှစ်တွေအကြားကြီး နည်းမျိုးစုံသုံးပြီး လုပ်နေပါတယ်။ လယ်သမားတွေကို ကျမတို့ရဲ့ စင်တာကို လာပြီး လေ့လာဖို့ သင်ယူဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ အခုဆိုရင် အစိုးရ စိုက်ပျိုးရေး ကျောင်းတွေကရော တက္ကသိုလ်ကပါ ကျမတို့ ဆီမှာ လာပြီး သုတေသန လုပ်နေပါတယ်။ လယ်ယာလုပ်ငန်း လုပ်ကိုင်ချင်တဲ့ လူငယ်တွေကိုလည်း ကျမတို့ ကပြုစုပျိုးထောင်နေပါတယ်။ စနေ ၊တနင်္ဂနွေ ရက်တို သင်တန်းတွေ ပေးနေသလို ၊ ၃လ သင်တန်းလို အလယ်အလတ် သင်တန်းတွေ ပေးနေပါတယ်။ တခါတလေ နိုင်ငံခြားတိုင်းပြည်က စိုက်ပျိုးရေးသမားတွေကို ဖိတ်ပြီး ၇ ရက်သင်တန်းတွေ ပေးဖြစ်ပါတယ်။

မွန်ဂါဘေး။။ ကျနော်တို့ လေ့လာရသလောက်ကတော့ ပိုက်ဆံအပိုမကုန်တဲ့သဘာ၀ လယ်ယာတွေက အလုပ်ဖြစ်နေတာပဲ။

ချက်ကီး ။။ ရေရှည်တည်တံ့ခိုင်မြဲနေတဲ့ လယ်ယာလုပ်ငန်း တစ်ခု ဖြစ်ဖို့အတွက် က အယူအဆ ၂ ခုရှိပါတယ်။ ၁၉၈၀ လောက်က ပေါ်ပေါက်ခဲ့တဲ့ အော်ဂဲနစ်လယ်ယာလုပ်မလား ၊ သူက ဓာတုဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး မသုံးတဲ့အတွက်ကြောင့် ကုန်ကျစရိတ်ကြီးမြင့်ပါတယ်။ အဲ့ဒိလယ်ယာတွေကို လုပ်ဖို့ ဆိုရင် ကုန်ကျစရိတ် ကို တွက်ချက်ရလွန်းလို့ မူးတောင်လဲသွားနိုင်တယ်။ ဒုတိယနည်းကတော့ ကျမတို့ မှာ ဂန္ဒိလမ်းစဉ်က ရှိပြီးသားပါ။ ပြည်တွင်းထွက် သဘာဝနဲ့ ကိုက်ညီတဲ့ မြေသြဇာတွေကို ကိုယ့်လယ်က မြေအနေအထား ကိုကြည့်ပြီး ဘယ်လိုသုံးရမယ်ဆိုတဲ့ နည်း ကိုကျမတို့ ကဖြန့်ဝေနေတာပါ။ ကျမတို့ရဲ့ မိခင်ကမ္ဘာမြေကြီးမှာ ကျတို့ လိုချင်တဲ့ အရာတွေအများကြီးရှိပါတယ်။ သူမကို ဂရုစိုက်ပေးဖို့နဲ့ သူမကို ချစ်တတ်ဖို့ပဲ လိုတာပါ။

မွန်ဂါဘေး ။။ ခင်ဗျားတို့ စင်တာမှာ သုတေသနတွေ လုပ်နေတာလား။

ချက်ကီး ။။ မဟုတ်ဘူးနော် ၊ လုံးဝကိုမလုပ်ပါဘူး ၊ ကျမတို့ရဲ့ လယ်သမာေးတွက တကယ့် သုတေသန သမားတွေပါ။ သိပ္ပံပညာရှင်တွေပါ။ ကျမ ဥပမာပြောပြမယ်နော် ၊ ပိုသတ်ဆေး ကိစ္စကိုပါ ။ ကျမတို့ ဆီက တောင်သူတစ်ဦးရဲ့ နည်းပါ။ ပြောင်းတွေကို ပိုးမကျအောင် သူက ဘယ်လိုလပ်သလဲဆိုတော့ ပြောင်းခင်းမှာ အချိုရေတွေဖြန်းတာ ။ ပုရွက်ဆိတ်တွေက ပြောင်းခင်းထဲ လာပြီး အချိုရည်တွေရော ပိုးတွေကိုပါ သယ်သွားကြတယ်လေ။ သူတို့ရဲ့ နည်းစနစ်ကို အာဖရိကနေအလည်လာတဲ့ လယ်သမားတွေကို ပြောပြလိုက်လို့ အာဖရိက ကပြောင်းခင်းတွေ အခုဆိုရင်အောင်မြင်နေပါတယ်။ အဲ့လိုမျိုးနည်းပညာ ဖြန့်ဝေးပေးတာပါ။ အံ့အားသင်စရာကောင်းတာက လယ်သမားတွေရဲ့ အချို့သောနည်းပညာတွေက သဘာပတ်ဝန်းကျင်ကို ဒုက္ခပေးမယ့် ဈေးကြီးတဲ့ ပိုးသတ်ဆေးတွေကို ကျော်လွန်နေတာကိုပါ။

 

ဆက်လက်ဖော်ပြပါမည်၊

မောင်ယဿ

#greenness

About The Author

greenness_mm

No Comments

Leave a Reply