လူတွေလုပ်လို့ မျိုးသုဉ်းသွားတဲ့ ငှက်မျိုးစိတ် ၁၄၀၀ ရှိသွားပြီလို့ ဆို

လူတွေလုပ်လို့ မျိုးသုဉ်းသွားတဲ့ ငှက်မျိုးစိတ် ၁၄၀၀ ရှိသွားပြီလို့ ဆို

ယူကေဂေဟဗေဒနှင့် ဇလဗေဒဗဟိုဌာန (UKCEH) ရဲ့အဆိုအရ လူသားတွေလုပ်လို့ မျိုးသုဉ်းသွားတဲ့ ငှက်မျိုးစိတ်က ၁၄၀၀ ရှိတယ်လို့သိရပါတယ်။ အဲ့ဒိပမာဏက ငှက်လောက တစ်ခုလုံး ရဲ့ ၁၂ % ရှိပါတယ်။ သိပ္ပံပညာရှင်တွေအရင်က ထင်ထားခဲ့တာ မျိုးစိတ် ၅၀၀ ကျော်လောက်ပဲလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း သုတေသနလုပ်တော့ ထောင်နဲ့ ချီနေတာကို တွေ့ခဲ့ရပါတယ်။ ပျောက်ဆုံးသွားတာကလည်း အရင်တုန်းက ပျောက်တာက ၃ % လောက်ပဲ ရှိပြီး ခေတ်သစ်လူ့သမိုင်းမှာတော့ ကျန်တဲ့ ၉% လောက်မျိုး ပျောက်သွားတာပါ ။
အဓိကကတော့ တောပြုန်းခြင်းကြောင့်ဖြစ်ပြီး အမဲလိုက််ခြင်း နဲ့ ကျူးကျော်မျိုးစိတ်များကြောင့် ပျောက်ဆုံးသွားရတာလည်းပါပါတယ် ။ နောက်ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် ရွှေ့ပြောင်းနေထိုင်ရင်းကနေ အုပ်လိုက်ပျောက်ဆုံးပြီး မျိုးသုဉ်းသွားတာလည်း ပါပါတယ် ။ ပြဿနာက လွန်ခဲ့တဲ့နှစ် ၁သိန်းခွဲကျော် ပလစ်စတိုဆင်း ခေတ်မှာ လူသားတွေက ငှက်တွေကို အမဲလိုက်ရင်းက စပြီး မျိုးစိတ်လိုက် ပျောက်ကုန်တာပါ ။
အကြောင်းရင်တွေထဲက တစ်ခုက လူတွေက ကြောင်တွေ ၊ ကြွက်တွေ ၊ ခွေးတွေ နဲ့ ဝက်တွေကို အိမ်မွေးအဖြစ် အသုံးပြုလာတဲ့အခါမှာ ငှက်တွေရဲ့ အသိုက်တွေက ခြိမ်းခြောက်ခံလာရပါတယ် ။ နောက်ပြီး စိုက်ပျိုးရေး နဲ့ လေထုညစ်ညမ်းမှုတွေကလည်း ငှက်တွေကို မျိုးပြုန်းဖို့ ဖြစ်လာစေပါတယ် ။
သိပ္ပံပညာရှင်တွေက နယူးဇီလန်ကို မော်ဒယ်အဖြစ်ထားပြီး လူသိတဲ့ ငှက်မျိုးစိတ်တွေကို စပြီး ရေတွက် လေ့လာခဲ့ပါတယ်။ အဲ့ဒိမှာက လူသားခေတ်မတိုင်မီက ငှက်မျိုးစိတ်တွေရှိခဲ့တယ်ဆိုတာကို ခြေရာခံနိုင်ပါတယ်။ မှတ်တမ်းမတင်မီကတင် ပျောက်သွားတဲ့မျိုးစိတ်တွေ အများကြီးရှိခဲ့ပါတယ်။
“ကမ္ဘာကြီးသည် စွဲမက်ဖွယ်ကောင်းသော ငှက်များစွာကို ဆုံးရှုံးခဲ့ရရုံသာမက မျိုးစေ့များပျံ့နှံ့ခြင်းနှင့် ဝတ်မှုန်ကူးခြင်းကဲ့သို့သော အဓိကလုပ်ဆောင်မှုများပါရှိသည့် ၎င်းတို့၏ ကွဲပြားသော ဂေဟဗေဒဆိုင်ရာ အခန်းကဏ္ဍများကိုလည်း ဆုံးရှုံးနိုင်ဖွယ်ရှိသည်” လို့ ဂေဟဗေဒပညာရှင် ကွတ်က ရှင်းပြပါတယ် ။
“ဒါက ဂေဟစနစ်တွေအပေါ် သက်ရောက်မှုတွေ တိုးလာတဲ့အတွက်ကြောင့် ငှက်မျိုးသုဉ်းခြင်းအပြင်၊ ဒီမျိုးစိတ်တွေရဲ့ ရှင်သန်မှုအတွက် မှီခိုနေရတဲ့ အပင်တွေနဲ့ တိရစ္ဆာန်တွေလည်း ဆုံးရှုံးရလိမ့်မယ်။”လည်း ဆိုသွားပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply