လူ့ဦးနှောက်ထဲကို ပထမဆုံး ကွန်ပြူတာချစ်ပ်စ်ပြားထည့်သွင်းမှု အောင်မြင်ပြီ

လူ့ဦးနှောက်ထဲကို ပထမဆုံး ကွန်ပြူတာချစ်ပ်စ်ပြားထည့်သွင်းမှု အောင်မြင်ပြီ

နည်းပညာ ဘီလျံနာ အီလွန်မာ့ခ်ရဲ့ နျူထရယ်လင့်ခ် ကုမ္ပဏီဟာ ကြိုးမဲ့ ဦးနှောက်ချစ်ပ်တခုကို လူ့ဦးခေါင်းအတွင်း ပထမဆုံးအကြိမ် အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ကြောင်း ထုတ်ဖော်ကြေညာလိုက်ပါတယ်။
ကနဦးရလဒ်တွေအရ အလားအလာရှိတဲ့ အာရုံကြောလှုပ်ရှားမှု သို့မဟုတ် အာရုံကြောတွန်းအားတွေကို တွေ့ရှိခဲ့ရပြီး လူနာဟာ ပြန်လည်ကောင်းမွန်းလာကြောင်း အီလွန်မတ်က ပြောပါတယ်။
ဒီချစ်ပ်ကို ဦးနှောက်အတွင်း ထည့်သွင်းထားခြင်းဖြင့် ဖုန်း သို့မဟုတ် ကွန်ပြုူတာအပါအဝင် စက်ပစ္စည်းနီးပါးတိုင်းကို စိတ်ဖြင့်ထိန်းချုပ် ဖွင့်နိုင်ဖွယ်ရှိနေပြီး ခြေလက်အင်္ဂါအသုံးပြုနိုင်စွမ်း ဆုံးရှုံးသွားသူတွေအတွက် ဦးစားပေးသွားမယ်လို့ အီလွန်မတ်က ပြောပါတယ်။
ကုမ္ပဏီရဲ့ ရည်မှန်းချက်မှာ လူဦးနှောက်ကို ကွန်ပြူတာတွေနဲ့ ချိတ်ဆက်ဖို့ဖြစ်ပြီး ရှုပ်ထွေးတဲ့ အာရုံကြောဆိုင်ရာ အခြေအနေတွေနဲ့ ဝေဒနာရှင်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကူညီပေးလိုတယ်လို့ ဆိုပါတယ်။
ပြိုင်ဘက်ကုမ္ပဏီတွေဟာလည်း အလားတူနည်းလမ်းတွေကို စမ်းသပ်လျှက်ရှိပြီး အီလွန်မတ်ရဲ့ နျူထရယ်လင့်ခ်ကုမ္ပဏီဟာ ချစ်ပ်ပြားတွေကို လူနဲ့ လက်တွေ့စမ်းသပ်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး မေလမှာ အက်ဖ်ဒီအေထံမှ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။
ကြိုးမဲ့အားသွင်းနိုင်တဲ့ ဘက်ထရီတပ်ဆင်ထားတဲ့ ချစ်ပ်ပြားဟာ ဦးနှောက်ရဲ့အချက်ပြမှုတွေကို ကြိုးမဲ့စနစ်နဲ့ မှတ်တမ်းတင်ရယူပြီး လူရဲ့ရွေ့လျားလိုတဲ့ ပုံစံကို ကုဒ်ဖော်ပြတဲ့ အက်ပလီကေးရှင်းကို ကြိုးမဲ့စနစ်နဲ့ ပေးပို့နိုင်ကြောင်း ကုမ္ပဏီက ပြောဆိုထားပါတယ်။
မျိုးဆက်(VOM)
Ref:BBC

About The Author

greenness_mm

No Comments

Leave a Reply