လွမ်းစရာရိုးလမ်းမ

လွမ်းစရာရိုးလမ်းမ

“ကျနော်တို့ရွာ အဝင်လမ်း”ဆိုတဲ့ စာတမ်းကလေးနဲ့အတူ တွဲလို့တင်ထားတဲ့ လမ်းမဘေးနှစ်ဘက်က စိမ်းစိမ်းစိုစိုနဲ့ပြေပြစ်ညီညာတဲ့ မြေနီလမ်း ဓာတ္ပုံကေလးကို တွေ့ရတော့ ကိုယ့်ရွာရဲ့အဝင်လမ်းကလေးကိုလည်း တစ်ပြိုင်နက်ပြေးမြင်မိပါရဲ့။ကျမတို့ရွာကလေးရဲ့ လမ်းကတော့ ဒီလိုသာယာပြန့်ပြူးခြင်း မရှိရှာ။ဒီတော့ ကိုယ့်ရွာလမ်းကလေးကိုလည်း အခြားရွာတွေရဲ့ လမ်းကလေးလို သာယာလှပချင်မိတာ အမှန်ပါပဲ။”လမ်းသာမှ ရွာသာတယ်”ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား။ဒီတော့ ရွာတစ်ရွာရဲ့ သာယာလှပမှုအတွက် ရွာရဲ့လမ်းတွေက အဓိကက်တယ္လို့ ဆိုလိုရင်းပါပဲ။
ကျမတို့ရွာကလေးဟာ တောင်သူလယ်သမားရွာကလေးဖြစ်တဲ့အတွက် ရွာရဲ့အရေးပါဆုံး အရေးအကြီးဆုံးလမ်းဟာ တောင်ယာခင်းတွေဆီကို မျက်နှာမူနေတဲ့ လမ်းမကြီးပဲပေါ့။အဲ့ဒီလမ်းမကြီးဟာ ရွာကနေထွက်တဲ့တစ်ပြိုင်နက် နိမ့်လျှောတဲ့ ရိုးလမ်းကြီးထဲက ခုန်ဆင်းထားလေရဲ့။ဒီတော့ မိုးရာသီမှာရေစီးနေလေ့ရှိတတ်တဲ့ ရိုးလမ်းမကြီးဟာ ရွာရဲ့အဓိကကျတဲ့ ရိုးလမ်းမကြီးပေါ့။နှစ်စဉ်မပြတ်စီးဆင်းလာခဲ့လို့ ထင်ပါရဲ့။ရိုးလမ်းမကြီးဟာ ကျမတို့မျက်စိရှေ့မှာပဲ တစ်နှစ်ပြီးတစ်နှစ် နက္သထက္နက္လာသလို ကျယ်သထက် ကျယ်လာတော့တယ်။ဒါဟာ ကျမမှတ်မိနေတဲ့ ရွာရဲ့အဝင်အထွက်လမ်းမကြီးတစ်ခုပါပဲ။
က်မတို့ငယ္ငယ္က တောလမ်း ရိုးတလျှောက်ဟာ ဝါဆိုဝါခေါင်ဆိုရင်ဖြင့် ရိုးရေမပြတ်စီးနေတော့တာ။ရေကစပ်စပ် သဲတရှပ်ရှပ်နဲ့ သွားချင်စရာရိုးလမ်းကြီးဖြစ်ခဲ့တယ်။တချို့မိန်းမကြီးတွေဆိုရင် ရိုးထဲမွာ အဝတ်တောင်လျှော်တတ်ကြလေရဲ့။အခုတော့ ရိုးလမ်းမကြီးဟာ တဖြေးဖြေးတိမ်ကောပျက်စီးသွားခဲ့ပြီ။ဆက်တိုက်မိုးခေါင်တဲ့နှစ်တွေ များလာတော့ မြေယာတွေက ရေကိုမဝလင်။ဒီတော့ တော်ရုံမိုးကလေးနဲ့ ရိုးရေစီးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။ဒါ့ကြောင့်ပဲ ရိုးရေစပ်စပ်စီးကာ သဲတရှပ်ရှပ်နဲ့သွားလို့ကောင်းလှတဲ့ ရိုးလမ်းမကြီးလည်း ပျောက်ရှသွားပါတော့တယ်။
ဒီနှစ်တော့ ရေမစီးတာကြာပြီဖြစ်တဲ့ ရိုးလမ်းကြီးဟာ ရိုးရေတွေပြည့်လျှံအောင် စီးဆင်းသွားခဲ့ပြီ။ ရိုးလမ်းမကြီးကတော့ အရင်ကလို လှပခြင်းမရှိတော့သလို ရိုးတလျှောက်ဟာလည်း ပြည့်ပြည့်ဝဝရိုးလမ်းမကြီးလို့ မဆိုသာတော့ပါဘူး။ရိုးကို လမ်းမကြီးတစ်ခုကဖြတ်သလို တောမရောက်တောင်မရောက် ရေရောက်အောင်မပေးနိုင်တဲ့ ဆည်လက်တံမြောင်းတစ်ခုကပါ ဖြတ်ကျော်ထားတယ်။ဒီတော့ ဟိုးအရင်က ကမ်းပါးနှုတ်ခမ်းမှာ နဗူးခြုံတန်းစိုမြမြတွေနဲ့ လူတစ်ရပ်မက နက်တဲ့ရိုးလမ်းကျယ်ကျယ်ကြီးဟာ ဗွက်တော အမှိုက်တောဖြစ်ခဲ့ရှာပြီ။ရွှံ့ထူတဲ့နေရာကထူ အမှိုက်ထူတဲ့နေရာကထူဆိုပါတော့။ပထမတော့ ရိုးလမ်းမကြီးကို ကျမတို့ရွာရဲ့အနောက်ဘက်တစ်မိုင်လောက်အကွာရွာကနေ ရိုးကိုဖြတ်ရုံသာမကဘဲ ယာခင်းတွေကိုပါဖြတ်ကာ လမ်းဖောက်လေရဲ့။ဘာအတွက် ညာအတြက္ဆိုကာ ရိုးကိုကူးယာကိုကူးလို့ လမ်းချောဖောက်ကြခြင်းပါပဲ။ဒီတော့ ဇောက်ကျနေတဲ့ ရိုးကို လမ်းကကန့်လန့်ဖြတ်တဲ့အခါ မြေထိုးမြေညှိလုပ်ကြလေရဲ့။ကွန်ကရစ်ခင်းပစ်ကြလေရဲ့။ရိုးဟာအရုပ်ဆိုးသွားပေမယ့်လည်း လမ်းအတွက်တော့ ချောမောပြောပြစ်သွားလေရဲ့။
ဒါဟာ ဘာနဲ့အလားသဏ္႑န်တူသလဲဆိုရင် က်မတို့ငယ္ငယ္က ကိုင်ဆော့ဖူးတဲ့ ပူစီပေါင်းကလေးနဲ့ အလားသဏ္႑န်တူပါတယ်။ပူစီပေါင်းအလုံးရှည်ကလေးကို ခါးကေန ကြိုးစည်းလိုက်တဲ့အခါ ပူစီပေါင်းကလေးက လေတွေဟာ ဘေးနှစ်ဖက်မှာသာ ကန်ထွက်လာရတယ် မဟုတ်လား။အဲ့သလိုပေါ့ အခုလည်းပဲ ရိုးလမ်းမကြီးကို လက်အကြီးကြီးတစ်ခုက ခါးကနေဆုပ်ညစ်ထားလိုက်သလိုပါပဲ။မိုးရွာတဲ့အခါ ရေအနည်းငယ်စီးတယ်ဆိုရင်ပဲ ကွန်ကရစ်ခင်းလမ်းရဲ့ ဟိုဘက်ဒီဘက်မှာ ရေတွေအီထောက်နေပါတော့တယ်။ရိုးရေတွေလာအောင် မရွာပေမယ့်လည်း အနီးနားရှိယာခင်းရေတွေကတော့ ရိုးကေလးထဲ ပြေးဝင်လာလေ့ပါပဲ။ဒီတော့ ကွန်ကရစ်ခင်းထားတဲ့ နေရာကလွဲလို့ ရိုးလမ်းမတစ်လျှောက်ဟာ နွားလှည်းမတိုးရဲအောင် ဗွက်ဆိုးနေပါတော့တယ်။
ဟိုအရင်ကတော့ တောပြန်နွားတွေကို ရိုးရောက်မှသာ ရေကိုတိုက်ကြ။ပြီးတော့ ရိုးလမ်းမထဲမှာ ကလေးတစ်သိုက်ဟာ ရေလာချိုးလို ချိုးကြပေါ့။အဲ့ဒီလို ချိုးတဲ့အထဲမှာ ကျမလည်း ပါခဲ့ဖူးပါရဲ့။မိုးတွေသည်းပြီဆို ရေချိုးချင်လွန်းလို့ ဆွေ့ဆွေ့ခုန်နေတော့တာ။မိုးပေါက်တွေက အားသွန်ခွန်စိုက် အိမ်ခေါင်မိုးပေါ် ထိမှန်တာနဲ့ ရေချိုးထွက်ချင်လွန်းလို့ အင်္ကျီကိုချွတ်ပစ်တော့တာပဲ။မိုးရေချိုးရဖို့ အေမ့ဆီကို “မိုးရေချိုးမယ်နော်”လို့ အသနားခံ ခွင့်တောင်းရတာက အလုပ်တစ်ခုပေါ့။တစ်ခါတလေ အဖော်တွေက ရွာလမ်းမနဲ့ အိမ်တံစက်မြိတ်တွေမှာ ရေချိုးနေကြပြီဆိုရင် ကိုယ့်မှာ မိုးရေပြင်ထဲ ထွက်ချင်တာ ဆွေ့ဆွေ့ခုန်နေလှပြီပေါ့။အမေက မိုးရေချိုးခွင့်မပေးလို့ ငိုတဲ့အခါ ငိုရ။အေမက “ချိုးချိုး ဖျားရင်ရိုက်မှာ”လို့ မူဟန်ပိုပြီးမှ ခွင့်ပြုတဲ့အခါ အိမ်ထဲကနေ ဒိုးလိမ့်သလို ခုန္ထြက္သြားရတာက တကယ့်ပျော်စရာ။ဖျားရင်လည်း ဖျားပါစေ။အဖော်တွေနဲ့အတူ ရေချိုးရဖို့က အဓိကပဲမဟုတ်လား။တစ်ခါတလေ အိမ်တစက်မြိတ်နဲ့ အိမ်ဝိုင်းထဲ ပတ်ပြေးရင်းကနေ ရိုးလမ်းမကြီးသွားချိုးကြရအောင်ဆိုပြီး အကြံရတဲ့အခါ လမ်းဘက်ရေချိုးပြေးသလိုလိုနဲ့ ရွာအဝင်ဆီ ခိုးပြေးကြတော့တာ။ရွာလမ်းအမြင့်က ရိုးထဲကို ခုန်ဆင်းသလို ဒါမှမဟုတ် ရွာလမ်းမကို ရိုးကခြုံငုံပစ်သလို အနေအထားဖြစ်နေလေရဲ့။ဒီတော့ ရွာအဆင်းလမ်းကနေ ရိုးထဲကို ဖင်တရွတ်တိုက်လျှောစီးဖို့ဆိုတာ မိုးရွာနေတုန်းပဲ ရတဲ့အခွင့်အရေးဆိုပါတော့။လူကြီးတွေကတော့ သိရင်အသွားမခံ။ရိုးရေလာရင် အသက်အန္တာရယ်နဲ့ နီးလွန်းတယ်မဟုတ်လား။လူကြီးတွေသိတဲ့အခါ “နောက်တစ်ခါသွားအုံးမလား”ဆိုကာ ဆူတဲ့အခါဆူသလို “တုတ်ကောက်ခဲ့”ခိုင်းပြီး ရိုက်တဲ့အခါ ရိုက်ပေါ့။ဒါပေမဲ့လည်း က်မတို့ကေလးတသိုက္ကေတာ့ ဆော့ဖို့နဲ့မိုးရေရိုးရေချိုးဖို့ကိုသာ အားခဲနေကြလေရဲ့။ပျော်စရာကောင်းအောင် မိုးရွာလို့ အခါအခွင့်သင့်ရင် ခိုးသွားကြဖို့ အသင့်ပါပဲ။
ရိုးရေလျှံတဲ့အခါ ရိုးတစ်ဖက်ကမ်းမှာ ရွာကို ပြန်ချင်လွန်းလှသူတွေဟာ မရောက်တာကြာပြီဖြစ်သလိုမျိုး ရွာကလေးကိုအလွမ်းသည်နေမိကြတယ်။ဘာဖြစ်လို့ ဒီလိုပြောနိုင်ရသလဲဆိုရင် ကျမကိုယ်တိုင် ရိုးရေကျတာကို မိခံခဲ့ရဖူးလို့ပါပဲ။မိုးရွာအားကြီးတဲ့အခါ လူတွေက တောကပြန်နေကြတုန်းရှိသေး ရိုးရေတွေအမြန်ကျလာပြီး ရိုးရေမိကြသူတွေ တပုံတပင်ပေါ့။တစ်ခါက ရိုးရေစပြီး က်လာခါစမွာ လှည်းနဲ့ရိုးကိုဖြတ်ပြီးအမြန်မောင်းပေမယ့်လည်း ရိုးလမ်းကရှည်ပြီး ရေလည်းတိုးကျလာတော့ နွားလှည်းတွေပါ ပါသွားကြဖူးတယ်။ဒီတော့ ရိုးရေကျနေတုန်းမှာ ဇွတ်မကူးရဲ မဖြတ်ရဲကြတော့ဘူးပေါ့။ကျမတို့ အဖော်တသိုက်ရိုးရေမိတုန်းကဆို မိုးရေတွေထဲ အလောတကြီးအိမ်ကိုပြန်ခဲ့ကြပေမယ့် ရွာအဝင်ကိုရောက်တဲ့အခါ ရိုးရေတွေက က်မတို့ကို တားထားလေရဲ့။ရိုးလမ်းမကြီးရဲ့ ဘေးနှစ်ဖက်မှာရှိတဲ့ ခြုံတန်းတွေကိုကျော်နင်းပြီး ယာခင်းတွေဆီကို ဖြန့်ကျက်စီးနေတဲ့ထိ ရိုးရေတွေက များနေပါတော့တယ်။ဒီတော့လည်း ရိုးလမ်းကျဉ်းတစ်နေရာက လူကူးလမ်းတံတားကလေးဆီကို ဦးတည်ပြီး ပြန်ခဲ့ကြပါတယ်။ထန်းပင်လုံးကို ခြမ်းပြီး ထန်းလုံးပြားကြီးနှစ်ခုကို ခင်းထားတဲ့ လူသွားလမ်းတံတားကလေးပေါ့။အဲ့ဒီတံတားကလေးကနေ ဖြတ်ပြီးအိမ်ကိုပြန်နိုင်မယ်ဆိုတဲ့ မျှော်လင်ချက်တွေနဲ့ လာခဲ့ကြတယ်။အနားကိုရောက်တဲ့အခါ မြင်လိုက်ရတဲ့မြင်ကွင်းက ရင်ထဲဟာခနဲ။ထန်းလုံးပြားနှစ်ခုလုံးကို မမြင်ရအောင်ထိ ရေတွေလျှံကျလို့နေတာ။တစ်ခေါ်လောက်သာ ဝေးတဲ့ရွာကို အတိုင်းသားငေးနေမိကြတယ်။ကျမတို့အားလုံး အိမ်ကိုရောက်ချင်လွန်းလှပြီ။ရောက်လိုတဲ့အချိန်ကလေး အိမ်ကိုတန်းပြီးမရောက်နိုင်တာကိုပဲ လွမ်းနေကြရပြီ။
ဝါးတစ်ရိုက်လောက်သာခြားနေတဲ့ ရိုးရေတွေရဲ့တစ်ဖက်မှာ အေမက ရောက်လို့လာတယ်။ရိုးကို မကူးခဲ့ဖို့ ပြောတယ်။ထန်းလုံးပြားပေါ်ကနေ မတော်တဆ ခြေချော်ပြီးကျခဲ့ရင် ဒါမှမဟုတ် ဖြတ်ကူးနေတုန်း ထန်းလုံးပြားတွေပါသွားခဲ့ရင် ကူကယ်ပြီးဆယ်ယူနိုင်မယ့်သူမျိုး ဘယ်သူမှမရှိ။ချောင်းတစ်လျှောက်ဘေးရှိရွာအများစုကသာ ရေကူးတတ်ကြတာ။ဒီတော့ မွေးကတည်းက လယ်ထဲယာထဲသာ အချိန်ကုန်ခဲ့ကြရတဲ့ ကျမတို့ရွာကလူအားလုံးနီးပါးဟာ ရေကိုဘယ်မှာ ကူးတတ်ကြပါတော့မလဲ။ဒါ့ကြောင့်ပဲ အေမက ရိုးရေကိုအတင်းကူးမှာကို စိုးရိမ်တကြီးလာပြောခြင်းပါပဲ။တနေကုန်မိုးဆက်ရွာခဲ့ရင် ရိုးရေတွေပြန်ကျသွားမှာမဟုတ်ဘဲ ပိုလို့တိုးလာမှာ။ဒီတော့ အားလုံးတိုင်ပင်ပြီး နောက်ကိုတစ်မိုင်လောက်ပြန်ဆုတ်ကာ ရိုးရေဖြန့်စီးတဲ့ ယာခင်းရိုးတစ်နေရာဆီကို ပြန်သွားကြရပါတော့တယ်။
အေမက ရွာဘက်ဆီပြန်သွားပေမယ့် က်မတို့တေတြကေတာ့ ရွာကိုပြန်ကျောခိုင်းခဲ့ကြရတယ်။ပင်ပင်ပန်းပန်း ပြန်သွားကြရပေမယ့်လည်း နှစ်နာရီလောက်နေရင် အိမ်ကိုပြန်ရောက်နိုင်မှာကိုသိသိကြီးနဲ့ ဝမ်းနည်းနေမိတယ်။အဲ့ဒီအချိန်က အမေ့လက်မောင်းကလေးကို ခိုတွဲပြီးပြန်လိုက်လိုစိတ်ဟာ ရင်ထဲရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရပါတယ်။ဒီတော့မှသာ ကျမတို့အလယ်တန်းတုန်းက သင်ခဲ့ရွတ်ဖတ်ခဲ့ဖူးတဲ့ “ရွှေညာမှာ ညိုတဲ့မိုး”ကဗ်ာကေလးကို သတိရမိပါရဲ့။ကဗျာကလေးထဲမှာတော့ ချောင်းတစ်ဖက်ရှိ လယ်ကိုသွားပြီးအလုပ် လုပ်လေတဲ့ချစ်သူကို မိန်းမပျိုက အလွမ်းပိုပို ဆိုမိပုံကို ဖွဲ့နွဲ့ထားခြင်းပါပဲ။ကဗ်ာကို သင်ခဲ့ရစဉ်က ကဗျာထဲကမိန်းမပျိုကလေးကို မသနားမိသလို ကဗျာကိုလည်း မခံစားမိခဲ့တာ အမှန်ပါပဲ။ကိုယ်တိုင် ရိုးရေမိကာ ကမ်းတစ်ဖက်က ရွာကိုလွမ်းရတော့မှ ကဗ်ာကေလးကို သတိရမိလေရဲ့။ကဗျာရေးသူဟာ တကယ့်တောသဘာဝရဲ့အဖြစ်ကလေးကို ဖွဲ့နွဲ့ရင်း လူငယ်နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကို လှစ်ဟပြခဲ့ကြောင်း ခံစားနားလည်လာရတယ်။
အခုတော့ ထန်းလုံးပြားနှစ်ခြမ်းခင်းထားတဲ့ လူကူးလမ်းတံတားကလေးမရှိတော့သလို ရှည်လျားလှပတဲ့ ရိုးလမ်းမကြီးလည်း မရှိတော့ပါဘူး။ငယ်ဘဝဟာ လွမ်းစရာ။အဖြစ်အပျက်မျိုးစုံအောင် ကြုံတွေ့ဖူးကြရတဲ့ ရွာရဲ့အဝင်အထွက်များလှတဲ့ ရိုးလမ်းမကြီးဟာလည်း လွမ်းစရာသာ ဖြစ်နေပါတော့တယ်။
Daily Eleven သတင်းစာ/Sep 4/2021

About The Author

greenness_mm

No Comments

Leave a Reply