ဝေလအစိုးရက တစ်အိမ်တစ်ပင် မစိုက်မနေရ စီမံကိန်းကို စတင်အသက်သွင်းပြီ

ဝေလအစိုးရက တစ်အိမ်တစ်ပင် မစိုက်မနေရ စီမံကိန်းကို စတင်အသက်သွင်းပြီ

အင်္ဂလန်ကျွန်းစုမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဝေလနယ်မှာ အစိုးရက ရာသီဥတုထိန်းသိမ်းရေး လုပ်ငန်း တစ်ရပ် အနေနဲ့ အိမ်တစ်အိမ်မှာ သစ်ပင်တစ်ပင်စိုက်ရမယ်ဆိုတဲ့ စီမံကိန်းကို လမယ့်နှစ် မတ်လကနေ စတင်မယ်လို့ မနေ့ က ကြေညာခဲ့ပါတယ်။

ဒေသတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ လျှော့ချနိုင်ဖို့အတွက် အိမ်တစ်အိမ်ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် သစ်ပင်တစ်ပင်စိုက်ရပါမယ်။ ပထမဆုံး တစ်ပင်ကို သက်ဆိုင်ရာဒေသအတွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေက ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး သစ်ပင် ပြုစုစောင့်ရှောက်တဲ့ လုပ်ငန်းတွေကို အဲ့ဒိအိမ်တွေက တာဝန်ယူရမှာ ဖြစ်ပါတယ်။

၂၀၂၂ အောက်တိုဘာလကိုနောက်ဆုံး ထားပြီး ဒေသတွင်းအိမ်တိုင်း အနည်းဆုံး သစ်ပင်တစ်ပင်စိုက်ပျိုးထားရမှာဖြစ်ပါတယ်။
ပထမဆုံး စိုက်ပျိုးထားတဲ့ သစ်ပင်ကို အစိုးရက စာရင်းသွင်းမှတ်တမ်းတင်ထားပြီး သီးပင်စားပင်ဆိုရင် အစိုးရပိုင်အနေနဲ့ သက်မှတ်ထားမှာ ဖြစ်ပါတယ်။

အပင်ထွက်ပစ္စည်းတွေကို အစိုးရက စီမံခန့်ခွဲမှာဖြစ်ပြီး ရလာတဲ့ အကျိုးအမြတ်တွေကို ပရဟိတာလုပ်ငန်းတွေမှာ သုံးစွဲမှာဖြစ်ပါတယ်။

“ သစ်ပင်တွေက ရေလွှမ်းမိုးမှုကို အကာအကွယ်ပေးနိုင်တယ် ဆိုတာလူတိုင်းသိပါတယ်။ သစ်ပင်ကြီးအောက်မှာနေရင် စိတ်ချမ်းသာမှုရသလို စိတ်ဖိစီမှုတွေ လျှော့ကျတယ်။ သွေးတိုးကျတယ်။ သစ်ပင်ကြီးတွေရှိတဲ့ဒေသတွေ မရှိတဲ့ ဒေသနဲ့ ယှဉ်ကြည့်ရင် ရာဇဝတ်မှု ပိုနည်းတာကိုတွေ့ရပါတယ်” လို့ အဲ့ဒိစီမံကိန်းက ဒုဝန်ကြီး လီဝါတားကဆိုပါတယ်။

အဲ့ဒိအစီအစဉ်က အလုပ်ဖြစ်အောင်စလုပ်တဲ့ သဘောပဲ ရှိပါတယ်။ တကယ်တမ်းမှာတော့ ဒေသတွင်း ကာဗွန်ထိန်းသိမ်းရေ လုပ်ငန်းမှာ သစ်ပင်တွေကို အဲ့ဒိထက် ၅ ဆလောက် ပိုစိုက်ဖို့ လိုအပ်နေပါတယ်။ “ ဘာပဲ ဖြစ်ဖြစ် ပထမဆုံးခြေလှမ်းတစ်ရပ်အနေနဲ့ သစ်တောမြေ ဖြစ်အောင် ကျနော်တို့ စလုပ်တာပါပဲ ။

ဒီစီမံကိန်းကနေ တစ်ဆင့်ချင်းသွားမှာပါ။ သစ်ပင်တွေ က အံ့သြော်စရာကောင်းပါတယ်ဗျာ ။ သူတို့ က ကျနော်တို့ အတွက် လေသန့်ပေးတယ်။ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုတွေ ကို ပေးပါတယ်။ သူတို့ က ကမ္ဘာ့ရာသီစည်ချက်မှန်အောင် ၊ ဇီဝမျိုးကွဲတွေ ပေါကြွယ်လာအောင် လုပ်ပေးနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

ဝေလနယ်က ၂၀၃၀ အရောက်မှာ သစ်ပင် ၈၆သန်း ရှင်သန်ကြီးထွားနိုင်အောင် စိုက်ပျိုးနိုင်အောင် လုပ်မယ်လို့ စီစဉ်ထားပါတယ်။

 

မောင်ယဿ ( ဒီဇင်ဘာ ၈ )

REF: asianbookie
Photo:one newspage

About The Author

greenness_mm

No Comments

Leave a Reply