သစ်တောပြန်လည်ထူထောင်ရေးနှင့် မြေယာပြန်လည်ထူထောင်ရေး အမြင် တိုနီရင်နူဒို နဲ့ အမေးအဖြေ

သစ်တောပြန်လည်ထူထောင်ရေးနှင့် မြေယာပြန်လည်ထူထောင်ရေး အမြင် တိုနီရင်နူဒို နဲ့ အမေးအဖြေ

သဘာဝပြန်လည်ပျိုးထောင်ရေး စီမံထိန်းသိမ်းမှု လယ်သမားများဘ၀ ( FMNR) ရဲ့ အမှုဆောင် အရာရှိ နဲ့ အကြံပေး ဖြစ်သူ တိုနီရင်နူဒို က သြစတေးလျှ စိုက်ပျိုးရေးပညာရှင်တစ်ဦးပါ။ သူက ခြောက်သွေ့တဲ့ ကုန်းမြေတွေကို ကုန်ကျစရိတ် နည်းနည်း နဲ့ ပြန်လည်စိမ်းလန်းလာအောင် သရုပ်ပြနိုင်ခဲ့တဲ့အတွက် သြစတေးလျှအစိုးရရဲ့ မှန်ကန်သော အသက်မွေးမှု ၂၀၁၈ ဆုကိုရရှိထားတဲ့သူပါ။ သူက ပျားရည် ထုတ်လုပ်ခြင်းနဲ့ သစ်တောကြားညပ်စိုက်ပျိုးရေး လုပ်ငန်းတွေ တိုးတက်အောင် လုပ်နိုင်ပေးခဲ့ပါတယ်။ အာဖရိကတိုက်က နိုက်ဂျာနိုင်ငံမှာ နှစ်ပေါင်းများစွာကြာအောင် သစ်တောပြန်လည်ပျိုးထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ပေးခဲ့ပါတယ်။ သူ့ကို မွန်ဂါဘေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝက်ဘ်ဆိုက်က အင်တာဗျူးခဲ့ပါတယ်။

မွန်ဂါဘေး ။။ ခင်ဗျားက ကုန်းပြောင်တွေပါ်မှာ အပင်တွေရှင်သန်လာအောင် လုပ်နိုင်တဲ့နည်းပညာရှိတယ်ဆိုပြီး လူသိများပါတယ်။ အဲ့ဒါကို ဘယ်လိုလုပ်လဲ ဆိုတာ ရှင်းပြနိုင်မလား ။

 တိုနီ ။။ ကျနော်က လူ့အဖွဲ့အစည်း ဦးဆောင်တဲ့ ချဉ်းကပ်မှု ကိုပဲ သုံးခဲ့တာပါ။ ကျနော်တို့ ရဲ့FMNR ကပျက်စီးယိုယွင်းနေတဲ့ မြေပြင်တွေ ဂေဟစနစ်တွေကို ပြန်လည်ထိန်းသိမ်းပေးတဲ့အလုပ်ကို လုပ်နေတာပါ။ မြေယာအသုံးပြုသူများ (လယ်သမား၊ သင်းအုပ်ဆရာ၊ သစ်တောပြုန်းတီးသူများ၊ ရပ်ရွာများ စသည်) နဲ့ ထိတွေ့ဆက်ဆံပြီး ခွန်အားပေးနိုင်ဖို့ စဉ်ဆက်မပြတ် မြေယာစီမံခန့်ခွဲမှု နည်းလမ်းတစ်ခုကိုပဲ သုံးခဲ့တာပါ။ FMNR ရဲ့ အခြေခံမူတွေက ကောက်ပဲစိုက်ခြင်း၊ စားကျက်၊ သစ်တောတွေကို ‘မြေရိုင်းများ’ တွေမှာ ပြုစုပျိုးထောင်တဲ့ မှုပဲဖြစ်ပါတယ်။ FMNR ရဲ့ နည်းပညာဆိုင်ရာအပိုင်းက ပြိုကျနေသောသစ်ငုတ်တွေ ၊ အမြစ်စနစ်များ သို့မဟုတ် အစေ့များမှ အညှောက်ပေါက်ခြင်း သို့မဟုတ် ရှိပြီးသား ထူထပ်နေတဲ့ သစ်ပင်များနှင့် ချုံပင်များကို စနစ်တကျ ပြန်လည်ကြီးထွားခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ပဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ချဉ်းကပ်ပုံက ရိုးရှင်း ပါတယ်။

ပြင်ပသွင်းအားစုတွေဖြစ်တဲ့ စက်ကရိယာတွေရဲ့ အကူအညီကိုမယူဘဲ ဒေသခံလူထုကို သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ပြောဟောစည်းရုံးပါတယ်။ ပြီးတော့ စွမ်းဆောင်ရည်မြင့် တက်အောင်လို့ နည်းပညာ အလေ့အကျင့်တွေကို လက်တွေ့လုပ်ဆောင် ခိုင်းတာပဲ ဖြစ်ပါတယ်။ နိုင်ဂျာမှာ အစောပိုင်းနှစ်တွေမှာ သစ်တောပြန်စိုက်ပျိုးရေး ပရောဂျက်တစ်ခုကို စီမံပြီး တစ်နှစ်ကို သစ်ပင်ပေါင်း ၆၀၀၀ လောက် စိုက်ပျိုးခဲ့ပါတယ်။ ဒါပေမဲ့ အများစုကတော့ သေဆုံးခဲ့ပါတယ်။ ဒီတော့ ပြဿနာဖြေရှင်းရေးမှာ ရှိသမျှ အားလုံးကို ချပစ်လိုက်တယ်။ ပညာရှင်တွေနဲ့ တိုင်ပင်တယ်၊ စာတမ်းတွေဖတ်တယ်၊ သစ်ပင်စိုက်ပျိုးနည်းအသစ်တွေကို စမ်းသပ်ခဲ့တယ်၊ ဒါပေမယ့် ရေရှည်တည်တံ့တဲ့၊ ကုန်ကျစရိတ်ထိရောက်မှု ဒါမှမဟုတ် ကျေနပ်လောက်တဲ့နည်းလမ်းနဲ့ ဘာမှမဖြစ်ခဲ့ပါဘူး။ အဲ့ဒိက လယ်သမားအများစုသည် သစ်ပင်များ ကို စိတ်မဝင်စားကြဘဲ သူတို့ရဲ့ လယ်မြေကွက်လေးတွေမှာ စားနပ်ရိက္ခာနှင့် ငွေဖြစ်လွယ်တဲ့ သီးနှံများ စိုက်ပျိုး လိုကြတာပါ။ ကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ရမှာက ကျတော့်ကို ‘လူဖြူ အရူး လယ်သမား’ ဟု ခေါ်ကြတာပဲ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမယ်။

မောင်ယဿ

#greenness

About The Author

greenness_mm

No Comments

Leave a Reply