သစ်တောပြုန်းတီးမှုကင်းသော ထုတ်ကုန်ဥပဒေကို ပြဌန်းရန် အီးယူ သဘောတူ

သစ်တောပြုန်းတီးမှုကင်းသော ထုတ်ကုန်ဥပဒေကို ပြဌန်းရန် အီးယူ သဘောတူ

                ဥရောပ ပါလီမန်က ဥရေပသမဂ္ဂ ( အီးယူ ) အစိုးရများအပေါ် သက်ရောက်မှုရှိမယ့် သစ်တောပြုန်တီးမှုကင်း သော ထုတ်ကုန်ဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို ပြဌန်းရန် မနေ့က မနက်ပိုင်းမှာ သဘောတူလိုက်တယ်လို့ သိရပါတယ် ။ အဲ့ဒိဥပဒေမှာ ကော်ဖီ ၊ ကိုကိုး နဲ့ ဆီအုန်တို့လို စျေးကွက်ဝင်သီးနှံတွေ ကို စိုက်ပျိုး ထုတ်လုပ်တဲ့ အခါမှာ သစ်တောပြုန်းတီးမှု သစ်တောယိုယွင်းမှုမရှိကြောင်း အာမခံချက် တစ်စုံတစ်ရာရှိမှာသာ ဥရောပ စျေးကွက် အတွင်းသို့ တင်သွင်းခွင့်ပြုမယ်ဆိုတာ ပါလာပါတယ် ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ စီးပွားဖြစ် သီးနှံစိုက်ပျိုးတဲ့ သူတွေအပေါ် ၂၀၂၀ ဒီဇင်ဘာလကနေ စပြီး ဥပဒေက အကြုံးဝင်မယ်လို့လည်း သိရပါတယ်။
                  လူ့အခွင့်အရေးချိုးဖောက်မှု နဲ့ တောတွင်းသား ( ဒေသခံတိုင်းရင်းသားတွေ) ကိုလေးစားမှု မရှိဘဲ စီးပွားဖြစ် ထုတ်ကုန်တွေကို ဥရောပစျေးကွက်ထဲမှာ လာရောက်ရောင်းချခွင့်မပြုဘူးဆိုတဲ့ အချက်လည်းပါဝင်ပါတယ် ။ ဥပဒေသစ်အရ ဥရောပစားသုံးသူတွေကသူတို့ဝယ်ယူတဲ့ ကုန်ပစ္စည်းတွေက သစ်တောပြုန်းတီးမှုမရှိဘူး ၊ သစ်တောယိုယွင်းမှုမရှိ ဘူး ဆိုတာကို အာမခံပေးပါလိမ့်မယ် ။ ဥရောပသမဂ္ဂက အဲ့ဒိနည်းနဲ့ ကမာ်ဘ့ရာသီဥတုဖောကျပွနျမှု ၊ ဇီဝမျိုးကွဲဆုံးရှုံမှုတို့ကို အကာအကွယ်ဖြစ်စေပါတယ်လို့ ပါလီမန်အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
                 သားရေအထည်တွေ ၊ ချောကလက်တွေ နဲ့ ပရိဘောဂ တွေလို ကုန်ချောထည်တွေကို ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ မွေးမြူရေးလုပ်ငန်းတွေ ၊ ကိုကာ ၊ ကော်ဖီ ၊ ဆီအုန်း နဲ့ ပဲပိစပ်လို စိုက်ပျိုးရေးလုပ်ငန်းတွေ နဲ့ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေ အားလုံးက သစ်တောပြုန်းတီးမှု ကင်းရှင်းကြောင်း ထောက်ခံချက်ပါရမှာ ဖြစ်ပါတယ် ။
ဒါ့အပြင် ရာဘာလုပ်ငန်းတွေ ၊ မီးသွေးဖုတ်လုပ်ငန်းတွေ နဲ့ စက္ကူ လုပ်ငန်းတွေလည်းအကြုံးဝင်တယ်လို့ ပါလီမန် အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ် ။ သဈတောယိုယှငျးမှုအဓိပ်ပါယျကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖွင့်ဆိုပါက မူလသစ်တောများကို သဘာဝအလျောက်ပြန်လည်ထူထောင်ခြင်းနဲ့ အဓိသစ်တောများကို စိုက်ပျိုးသစ်တောများ အဖြစ် ပြန်လည်ထူထောင်ခြင်းများ ပါဝင်ပါတယ် ။
သစ်တောတွေကိုခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမြေအဖြစ်သို့ ပြောင်းလဲပြီးနောက် စိုက်ပျိုးမြေအတွင်းမှာ သစ်တောပြန်လည်ဖန်တီးရန်ပဲဖြစ်ပါတယ် ။
                     ဥရောပကော်မရှင်က ဥရောပသို့ သွင်းကုန်များအပေါ်မှာ တစ်နှစ်ယာယီခွင့်ပြုပေးမှာဖြစ်ပြီး အဲ့ဒိသွင်းကုန်တွေရဲ့ ကုန်ကြမ်းထုတ်လုပ်မှု ဒေသတွေမှာ သစ်တောပြန်လည်ထူထောင်မှုကို အကဲဖြတ်သွားမှာဖြစ်ပါတယ် ။ ကာဗွန်သိုလှောင်မှု အမြင့်ဆုံး ၊ ဇီဝမျိုးကွဲထိမ်းသိမ်းနိုင်မှု အမြင့်ဆုံး စီးပွားရေးလုပ်ငန်းတွေ အပေါ်မှာ ကော်မရှင်ရဲ့ ထောက်ခံမှု စံနှုန်းသက်မှတ်သွားမှာဖြစ်ပါတယ် ။ ဒါအပြင် ဂေဟစနစ်ထိန်းသိမ်းထားနိုင်မှုကိုလည်း သီးခြားအကဲဖြတ်သွားမှာဖြစ်ပါတယ် ။
မောင်ယဿ
REF; MSN
#greenness

About The Author

greenness_mm

No Comments

Leave a Reply