သဘာဝတရားမရှိရင် လူဆိုတာ ရှိမလာနိုင်ပါဘူးလို့ COP 15 မှာ ကုလ အတွင်းရေးမှူးချုပ်ဆို

သဘာဝတရားမရှိရင် လူဆိုတာ ရှိမလာနိုင်ပါဘူးလို့ COP 15 မှာ ကုလ အတွင်းရေးမှူးချုပ်ဆို

              ကုလသမဂ္ဂဦးစီးပြီး ကျင်းပတဲ့ ဇီဝမျိုးကွဲညီလာခံ COP 15 ကို ကနေဒါနိုင်ငံ မွန်ထရီရာယ်မြို့မှာ၂၀၂၂ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပနေပါတယ် ။ နိုင်ငံပေါင်း ၂၀၀ နီးပါးလောက် တက်ရောက် တဲ့ အဲ့ဒိညီလာခံ အဖွင့်မိန့်ခွန်းမှာ ကုသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရေ့စ် က သဘာဝတရားသာ မရှိရင် လူဆိုတာ ရှိလာနိုင်စရာ မရှိဘူးလို့ ပြောသွားပါတယ် ။
နိုင်ငံပေါင်း ၂၀၀ နီးပါးမှ သိပ္ပံပညာရှင်များ၊ ဇီဝမျိုးကွဲ ဆိုင်ရာ ပညာရှင်များနှင့် ကိုယ်စားလှယ်များသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများထဲမှ တစ်ခုဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းနှင့် ၎င်းကို နောက်ပြန်လှည့်ရန် လုပ်ဆောင်နိုင်သည့်အရာများကို ကိုင်တွယ်ဖြေရှင်းရန် ယခုသီတင်းပတ်အတွင်း ကနေဒါတွင် စုဝေးနေကြတာပဲဖြစ်ပါတယ် ။
ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက် ကျနော်တို့ မှာ သိပ္ပံပညာတွေ ရှိနေပါပြီ ။ လုံလောက်တဲ့ အကြောင်းပြချက်တွေကိုလည်း ရှာဖွေထားပြီးပါပြီ ။ ကျနော်တို့ က သဘာဝတရားပေါ်ကို စစ်ပွဲ တစ်ခုဆင်နွဲလိုက်တာပါ ။ အခုတော့ ကျနော်တို့ ကိုယ့်ကိုယ်ကို ပြန်ပြီး တိုက်နေရတဲ့ စစ်ပွဲ ဖြစ်နေပါတယ် လို့ သူက ဆိုပါတယ် ။
              ကျနော်ပြောချင်တာက ကျနော်တို့ လူသားတွေက သဘာဝရဲ့ အခမဲ့ လက်ဆောင်တွေကို ရထားပါတယ် ။ အဲ့ ဒါတွေ မပျက်စီးသွားအောင် ထိန်းသိမ်းဖို့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ အာရုံစိုက်ပြီး လုပ်ဆောင်စေချင်ပါတယ် ။ ကျနော်တို့ရဲ့ကမ္ဘာဂြိုဟ်ကို ကုစားဖို့အတွက် အမျိုးသားရေး ရည်မှန်းချက်တွေ စီမံချက်တွေရေးဆွဲပြီး လုပ်ဆောင်သင့်ပါတယ် လို့ ဆိုပါတယ်။
” စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများ ကိုပြောချင်တာက လုပ်ငန်းအစီအစဉ်များမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကာအကွယ်ကို ဦးစွာထားရန် လိုအပ်ပြီး ၎င်းတို့၏ ထောက်ပံ့ရေး ကွင်းဆက်များ၏ ချိတ်ဆက်မှုတိုင်းမှာ ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် ထုတ်ယူမှု နည်းလမ်းများတွင် ရင်းနှီးမြှုပ်နှံရန်လည်း လိုအပ်ပါတယ် ။ ဒါ့အပြင် ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှုတွင် သိသိသာသာ အဆင့်တက်ရန် လိုအပ်နေပါသေးတယ်”
                ဥရောပသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မရှင်နာ ဆင်ကီဗီစီးယက်က ကျနော်တို့ ရည်မှန်းချက်ကြီးတဲ့ သဘောတူညီချက်တစ်ခုလိုနေတယ်ဗျ။ ၂၀၃၀ မှာ သဘာဝပတ်ဝန်းကျင် ၂၀ ရာခိုင်းနှုန်းကျော် ပြန်ကောင်းအောင် လုပ်နိုင်ရမယ် ။ ၂၀၄၀ မှာ နောက်ထပ် ၂၀ ရာခိုင်နှုန်းပေါ့ဗျာ ။ အဲ့လောက်အားထုတ်တာတောင် လုံလောက်တဲ့ အခြေအနေကိုမရောက်နိုင်သေးပါဘူး ။ ပါရီသဘောတူညီချက်အတိုင်း မြေယာ နဲ့ အဏ္ဏဝါကို ၃၀ ရာခိုင်နှုန်း ပြန်လုပ်နိုင်မှ တန်ကာကျမယ် လို့ ဆိုသွားပါတယ် ။
ရင်ငြိမ်းနွေ
REF: Euronews

About The Author

greenness_mm

No Comments

Leave a Reply