သိထားသင့် လေ့လာထားသင့်တဲ့ နေမုန်တိုင်း(သို့မဟုတ်) နေပေါက်ကွဲမှု(သိုမဟုတ်) အာကာသရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များနှင့် နောက်ဆက်တွဲဖြစ်နိုင်ချေများ

သိထားသင့် လေ့လာထားသင့်တဲ့ နေမုန်တိုင်း(သို့မဟုတ်) နေပေါက်ကွဲမှု(သိုမဟုတ်) အာကာသရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်များနှင့် နောက်ဆက်တွဲဖြစ်နိုင်ချေများ

စကားချီး

နေမုန်တိုင်း(Solar Storm)ကို ကျနော် မလေ့လာပါဘူးဗျာ၊ လေ့လာနိုင်မဲ့ ပစ္စည်းကိရိယာတွေ သတင်းအချက်အလက်အသေးစိတ်တွေလဲ ရနိုင်ဘို့ လက်လှမ်းမမီပါ။ အာကာသသိပ္ပံဆိုင်ရာလေ့လာသူဝါသနာရှင်များနဲ့ ပညာရှင်များက လေ့လာတင်ပြကြပါလိမ့်မယ်။ NASA က ရေးတဲ့ သတင်းတွေ၊ လေ့လာနေကြတဲ့ သိပ္ပံပညာရှင်တွေရဲ့ ဆောင်းပါးတွေမှာတော့ နေမုန်တိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ အင်တာနက်ပေါ်မှာ အများကြီးရှိပါတယ်။ ကျနော်ကတော့ အာကာသသိပ္ပံပညာရပ်ကိုလဲ စိတ်ဝင်စားပါတယ်။ မိုးလေဝသဖြစ်စဉ်၊ ရာသီဥတုပြောင်းမှုဖြစ်စဉ်တွေကို အလေးထားလေ့လာနေတာကြောင့် အချိန်မပေးနိုင်တော့ပဲဆက်မလေ့လာဖြစ်တော့တာလဲပါပါတယ်။ ဒီ post မှာတော့ ကျနော်လက်လှမ်းမီသလောက်၊ လေ့လာပြီးသလောက်၊ နားလည်သလောက်နဲ့ရှင်းပြပေးပါ့မယ်။

🔸 နေမုန်တိုင်းဆိုတာဘာလဲ – ဘာတွေ ဖြစ်ခဲ့သလဲ

ကျနော်နားလည်ထားသလောက်တော့ နေမုန်တိုင်းဖြစ်လာရင် အရင်ဆုံး အီလက်ထရောနစ်ထိန်းချုပ်မှုစနစ်တွေသုံးထားတဲ့ မြေပြင်က လျှပ်ဓါတ်အားပေးစနစ်တွေမှာလဲ အနှောင့်အယှက်ထိခိုက်ပျက်စီးမှုတွေဖြစ်နိုင်တယ်၊ ရေဒီယိုဆက်သွယ်ရေးစနစ်တွေ၊ GPS စနစ်တွေအတွက်လွှတ်တင်ထားတဲ့ ဆက်သွယ်ရေးဂြိုလ်တုတွေရဲ့ functions တွေမှာ အနှောင့်အယှက်ဖြစ်မယ်၊ အဲ့ဒီနှောင့်ယှက်မှုတွေကြောင့် ဖုန်းဆက်သွယ်မှုတွေ အမြင့်ပျံနေတဲ့လေယာဉ်တွေနဲ့ အာကာသယာဉ်တွေရဲ့ လမ်းကြောင်းထိန်းချုပ်ခြင်း-Navigation System တွေအပြင် အီလက်ထရောနစ်စနစ်နဲ့ထိန်းချုပ်လုပ်ဆောင်တဲ့ ဘဏ်အကြွေးဝယ်ကတ်စနစ်၊ ATM ကတ်စနစ်တွေနဲ့ လုပ်ဆောင်မှုတွေအပေါ်မှာပါအနှောင့်အယှက်ဖြစ်နိုင်မယ်၊ ဖြစ်လဲဖြစ်ခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

နေမုန်တိုင်း(သို့မဟုတ်)နေမျက်နှာပြင်ပေါ်က ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် ၁၉၈၉ ခုနှစ် ကနေဒါနိုင်ငံ QUEBEC မှာ ၁၂ နာရီကြာအောင် ကျောင်းတွေ ရုံးတွေ ပိတ်လိုက်ရတယ်၊ အပြင်းထန်ဆုံးနေမုန်တိုင်းသက်ရောက်မှုကတော့ ၁၈၅၉ ခုနှစ်မှာ “Carrington Event” လို့ခေါ်ကြတဲ့ အပြင်းထန်ဆုံး နေမုန်တိုင်း/နေပေါက်ကွဲမှုဖြစ်စဉ်မှာတော့ ကြေးနန်းစာ(သံကြိုးစာ)တွေပို့လို့မရပဲ ပြတ်တောက်ကုန်တယ်၊ အဲ့ဒီခေတ်က စာတိုက်တွေကတဆင့် အရေးကြီးသတင်းတွေကို သံကြိုးရိုက်တာ/စာရေးသားပေးပို့တာ လောက်သာလုပ်နိုင်ကြတဲ့ခေတ်ဖြစ်တာကြောင့် ဒီနေ့ခေတ်အီလက်ထရောနစ်နဲ့ အိုင်တီနည်းပညာအသုံးပြုခြင်းတိုးတက်များပြားနေတဲ့ခေတ်မှာဆိုရင်တော့ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာအပေါ် ထိခိုက်မှုပိုများနိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်များက တွက်ဆထားကြတာလဲရှိပါတယ်။

“Space weather impacts Earth”
“Earth’s magnetic field helps to protect us from the effects of some solar storms, but how can space weather impact the Earth? Strong solar storms can cause fluctuations of electrical currents in space, directly impacting the power grid on Earth and energizing electrons and protons trapped in Earth’s varying magnetic field. These disturbances can cause problems with radio communications, Global Navigation Satellite Systems (such as Global Positioning Systems or GPS), power grids, and satellites. Imagine all the ways in which we are dependent upon satellites: cell phones, weather prediction, TV, search and rescue, navigation, space travel, military surveillance, credit card and ATM transactions, and more. What if those satellites were damaged? As we become more dependent on technology, the need for space weather monitoring and forecasting becomes more important.”

Reference: NOAA Space Weather – https://www.noaa.gov/topic-tags/space-weather

🔸 နေမုန်တိုင်းက ဘယ်တော့ထပ်ဖြစ်နိုင်မှာလဲ

၂၀၂၅ ခုနှစ်မှာ နောက်တကြိမ်ထပ်ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားကြတဲ့နေမုန်တိုင်းတိုက်ခြင်းက ၁၁ နှစ်မှာ တကြိမ်ဖြစ်တတ်တယ်၊ နေမုန်တိုင်းဖြစ်ရင် လျှပ်စစ်မီးတွေပျက်တာ၊ ဂြိုလ်တုဆက်သွယ်ရေးစနစ်တွေပျက်စီးတာ(ယာယီ)၊ ဘဏ်စနစ်ပြတ်တောက်နိုင်တာတွေနဲ့ သတင်းအချက်အလက်သိုလှောင်သိမ်းဆည်းတဲ့ Server System တွေမှာ ပျက်စီးမှုတွေဖြစ်မယ်ဆိုတာတော့ ခန့်မှန်းကြပါတယ်၊ အင်တာနက်ဆက်သွယ်ရေးစနစ်ထိခိုက်ယိုယွင်းသွားရင် ဒီစနစ်တွေမှာ အနည်းနဲ့အများတော့ ထိခိုက်ပျက်စီးတာ ဖြစ်နိုင်မှာပါဘဲ။ သို့ပေမဲ့ ကမ္ဘာကြီးပျက်စီးသွားခြင်း(End Of The World or Dooms Day)တော့ မဖြစ်နိုင်တာကြောင့် အရမ်းလဲ စိုးရိမ်နေစရာမလိုပါ။

🔸 ကမ္ဘာမြေပြင်ကို ကြိုတင်သတိပေးနိုင်အောင် ဘာတွေလုပ်နေကြလဲ

နေမုန်တိုင်းဖြစ်နိုင်ချေနဲ့ ဖြစ်လာတဲ့အခါ ကမ္ဘာပေါ်က နည်းပညာနဲ့ဆက်သွယ်စနစ်တွေ၊ လေကြောင်းပို့ဆောင်ရေးတွေမှာ ထိခိုက်ပျက်စီးမှုမှ ကြိုတင်ကာကွယ်နိုင်အောင် NASA အထောက်အကူပြု AI နည်းပညာခန့်မှန်းချက်နဲ့ မိနစ် ၃၀ ကြိုတင်သတိပေးနိုင်အောင် လုပ်နေကြတယ်လို့လဲ သိရပါတယ်။ NASA backed AI နည်းပညာက အချိန်မိနစ် ၃၀ သာ ကြိုတင်သတိပေးနိုင်တာကြာင့် – သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာအပေါ် အခြေခံလုပ်ကိုင်နေကြတဲ့ လုပ်ငန်းတွေက သတင်းအချက်အလက်တွေ back-up လုပ်ထားကြဘို့၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးနဲ့ ပေးဝေဖြန့်ဖြူးရေးစနစ်တွေမှာ အရန်ကာကွယ်ရေးစနစ်တွေ တီထွင်တပ်ဆင်ထားကြဘို့နဲ့ လေကြောင်းပျံသန်းရေးတွေမှာ GPS, Auto Pilot နဲ့ ပျံနေစဉ် နေမုန်တိုင်းသတိပေးချက်ရတာနဲ့ လေယာဉ်မောင်း(Pilot)က ကိုင်တွယ်ထိန်းချုပ်တဲ့စနစ်ကို ပြောင်းပြီး ပျံသန်းကြဘို့ စသည်ဖြင့် အကြံပြုပြင်ဆင်ထားကြတာတွေလဲ တွေ့ရပါတယ်။

The model uses AI to analyze spacecraft measurements of the solar wind (an unrelenting stream of material from the Sun) and predict where an impending solar storm will strike, anywhere on Earth, with 30 minutes of advance warning. This could provide just enough time to prepare for these storms and prevent severe impacts on power grids and other critical infrastructure.

Reference: https://www.nasa.gov/…/nasa-enabled-ai-predictions-may…/

နိဂုံး

🔸 ခေတ်မီတိုးတက်လာနေတဲ့ ကမ္ဘာ့လူသားများရဲ့ နည်းပညာတွေကြောင့် အာကာသထဲကဖြစ်စဉ်တွေကို ကြိုတင်သိနိုင်အောင်လေ့လာခန့်မှန်းနိုင်ကြတဲ့နည်းတူ၊ အာကာသထဲမှာ ပြောင်းလဲဖြစ်ပေါ်လာတဲ့ အာကာသရာသီဥတု(Space Weather Changes)ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနိုင်တဲ့ ခေတ်မီကိရိယာ၊ စက်ပစ္စည်းနဲ့ နည်းပညာတွေကလဲ အားကိုးသုံးစွဲမှုများရင်များသလို အဲ့ဒီအပေါ်သက်ရောက်လာမဲ့ Space Weather Changes or Solar Storm အန္တရာယ်တွေဆက်လက်ရင်ဆိုင်နေကြရဦးမှာဖြစ်ပါတယ်။

နောက်တနည်းပြောရရင် “ခေတ်မီတိုးတက်ဖွံ့ဖြိုးလာတဲ့ နည်းပညာတွေအပေါ်မှီခိုပြီးအလုပ်လုပ်နေသရွေ့ အာကာသထဲက ပြောင်းလဲမှုဖြစ်စဉ်တွေအပေါ်ကြိုတင်ခန့်မှန်းသတိပေးနိုင်အောင်လဲ ဆက်ပြီးလုပ်နေကြရပါဦးမယ်”။

#မိုးလေဝသပညာရှင် ဦးဝင်းနိုင်

About The Author

greenness_mm

No Comments

Leave a Reply