သီရီလင်္ကာ သြ ဂဲနစ်စိုက်ပျိုးရေးနောက်ကွယ်က ရှုပ်ထွေး သော အကြာင်း တရားများ

သီရီလင်္ကာ သြ ဂဲနစ်စိုက်ပျိုးရေးနောက်ကွယ်က ရှုပ်ထွေး သော အကြာင်း တရားများ

Time မဂ္ဂဇင်း ဆောင်းပါးရှင် CHAD DE GUZMAN ၏( The Crisis in Sri Lanka Rekindles Debate Over Organic Farming) ဆောင်းပါး ( July 13, 2022) မှ သူ၏ အာ ဘော်ကို ကိုးကားရေးသားပါသည်.။…
သီရိလင်္ကာ မှာ လယ်ယာသုံး ဓာတ်မြေသြဇာ များနဲ့ သွင်းကုန် ပိတ်ပင်မှု တွေကြောင့် စီးပွါးရေးအကျပ်အတည်း ဖြစ်ခဲ့ပါတယ် ။
ဒါကိုဆန့်ကျင်သည့် လယ်သမားများက ကန့်ကွက်ဆန္ဒပြကြသော်လည်း သြဂဲနစ် စိုက်ပျိုး ရေး ကြောင့်ရယ်လို့တော့ လက်ညိုးမထိုးခဲ့ကြပါ..။
သီရီလင်္ကာ မှာ ပြည်သူများက သြဂဲနစ် စိုက်ပျိုးရေး ကိုအမြဲတစေ ထောက်ခံ မှု ရှိခဲ့ကြပါတယ်..။
၂၀၂၁ခုနှစ် ၊ ဇူလိုင်လ မှာ
ကိုလံဘိုအခြေစိုက် Colombo-based think-tank တစ်ခု ဖြစ်တဲ့ Verité Research မှ သီရိလင်္ကာလယ်သမားများ ကို တွေ့ဆုံမေးမြန်း စစ်တမ်းကောက်ယူမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်..။
စစ်တမ်းတွင်ု ဖြေဆိုသူ ၆၄% သည် ဓာတု ဆေးအခြေခံစိုက်ပျိုးရေးမှ သြဂဲနစ် စနစ်သို့ အသွင်ကူးပြောင်းခြင်းကို လိုလားကြပြီး ၇၈% သည် တစ်နှစ်ကျော်ကြာ သေသေချာချာ ပြင်ဆင်ပြီး မှ ထိထိရောက်ရေပြောင်းလဲ ရန် တောင်းဆိုကြသည်ကို တွေ့ရှိရပါတယ်..။
သို့သော် လယ်သမားအများစုဟာ အကူးအပြောင်ကာလ များတွင် ပွင့်ပွင့်လင်းလင်းရှိကြပြီး ကနဦးထိခိုက်မှု ၊ ဆုံးရှုံးမှု ရှိနိုင်သည်ကိုလည်း ကြိုတင် မျှော်လင့်ထားကြောင်း ထိုစစ်တမ်းက ဖော်ပြထားပါတယ်..။
သို့သော်လည်း တောင်သူ အများစုမှာ သြဂဲနစ် မြေသြဇာ ၊ပြုလုပ်နည်းကို မသိရှိကြပါ..။
မြေဆွေး ပြုလုပ်ခြင်း ၊Nutrient Recycling စတဲ့ သဘောတရားများ ၊ သြဂဲနစ် စိုက်ပျိုးရေးအလေ့
အထ များ ကို အပြည့်အဝ နားလည် မှု မရှိကြောင်း ထိုစစ်တမ်း မှာ တွေ့ ရှိရပါတယ်..။
စစ်တမ်း ရဲ့ မေးခွန်း တွေကို
ဖြေဆိုသူ ၃၅% ရာခိုင်နှုန်းလောက်က ဓာတုမြေသြဇာမပါဘဲ စိုက်ပျိုးနည်းကို သိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီအထဲကမှ ၂၃% ကသာ သြဂဲနစ်နည်းလမ်းတွေကို သိကြပါတယ်။ ဖြေဆိုသူအားလုံး၏ သုံးပုံနှစ်ပုံနီးပါးသည် သြဂဲနစ် သီးနှံစိုက်ပျိုးနည်း အတွက် တိကျ သော လမ်းညွှန်ချက်တစ်စုံတစ်ရာ မရရှိခဲ့ကြကြောင်း ပြောကြားကြပါတယ်..။။
ထိုသို့သောအခြေအနေတွင်
သြဂဲနစ် စိုက်ပျိုးရေး စနစ်သို့ ကူးပြောင်းစေခြင်း သည် တိုင်းပြည်ရဲ့
စုစုပေါင်း အစားအစာထုတ်လုပ်မှုကို ၄၀% လျှော့ချ သွားနိုင်သည်ကို ဖေါ်ပြခဲ့ပါတယ်..။
သြဂဲနစ် စိုက်ပျိုးရေးသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုကို တိုက်ရိုက်အားဖြင့် ၂၀% လေ ျှာ့ချပေးနိုင် ပါတယ်။ ထို သို့ပေးနိုင်သော်လည်း ၊ တောင်သူများ ၏ မိမိ ခြံမြေ အတွင်း အိမ်အတွင်း သြဂဲနစ် မြေသြဇာ မထုတ်လုပ်နိုင်ကြတာမို့ အခြားနိုင်ငံ ကနေ တင်သွင်းသုံးစွဲရခြင်း က သမရိုးကျ ဓာတ်မြေသြဇာ သုံးစွဲခြင်းထက် ၁.၇ ဆ များလာ နိုင်ကြောင်း ဖေါ်ပြထားပါတယ်..။
ဓာတုဆေးဝါးသုံးစွဲ မှု အလေ့အထ စွဲမြဲ နေတဲ့ ကာလ ဟာ နှစ် ၈၀ ကျော်ရှိခဲ့ပြီ ဆိုတော့ ဒါတွေကိုရုတ်တရက် ဖြတ်တောက်ပြီး သြဂဲနစ် စနစ်ကို ၁၀၀% ကူးပြောင်းရမည် ဆိုတာ လွယ်ကူသည်တော့မဟုတ်ပါ။ ၁၀၀% သြဂဲနစ် ဖြစ်ရမယ်လို့ ကြေညာ ခဲ့တဲ့ ဘူတန်နိုင်ငံ တောင် ၂၀၀၈ မှာ ကြေညာခဲ့ပြီး ၂၀၂၀ လောက် မှ သာ ပြည့်စုံနိုင်လိမ့်မယ်လို့ နှိုင်းနှိုင်းချိန်ချိန် ဆိုခဲ့ပါတယ်..။ ဒါတောင်မှပဲ ဘူတန် မှယနေ့အတထိ ၁၀၀% သော လယ်သမားများ မပြည့်စုံနိုင်သေးပါ..။
သြဂဲနစ် စိုက်ပျိုးရေး ကိုအားပေး တယ်ဆိုတဲ့ဥရောပနိုင်ငံများ မှာတောင် မှ သဘာဝ ဇီဝမျိုးကွဲ ကြွယ် ဝ မှုကို ချိမ်းခြောက်နေတဲ့ GMO ( Genetically Modified Organism – ဗီဇ ပြုပြင်ပြောင်းလဲ ထားသော သက်ရှိများ )ကို သုံးစွဲခွင့်ပြုနေရဆဲ ဖြစ်ပါတယ်..။
ယနေ့ ဓာတုဆေးများစွာ အသုံးပြုရတဲ့ စိုက်ပျိုးရေး သည် မြေဆီလွှာ ယိုယွင်းပျက်စီးခြင်း ၊ သဲကန္တာရ ဖြစ်ခြင်း ကို အဓိက မောင်းနှင်နေသော စနစ် ဖြစ်တယ် ရယ်လို့ The latest U.N. Intergovernmental Panel on Climate Change report မှာ ရေးသားထားပါတယ်..။
ဒါ့အပြင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ၊ ဓာတ်မြေသြဇာ များ သည် မြေအောက်ရေ သို့ စိမ့်ဆင်းခြင်းဖြင့်လည်းကောင်း ၊ မြစ်ချောင်း၊
အင်းအိုင်များသို့ စီးဆင်းဝင်ရောက်ခြင်း ဖြင့်လည်းကောင်း ရေတွင်းအောက်ဆီဂျင် လျော့နည်းလျက် ငါးများ သေဆုံးခြင်း ၊ ရေထုညစ်ညမ်းမှု ကြောင့် သမုဒ္ဒရာ ၊ အဏ္ဏဝါ တွင်းရှိ သက်ရှိဘဝများစွာ တည်ရှိနေထိုင်မှု ကို ထာဝစဉ် ချိမ်းခြောက်လျက်ရှိကြောင်း ထို စာတမ်းမှာ ရေးသားထားပါတယ်..။
သီရိလင်္ကာနိုင်ငံ Peredaniya တက္ကသိုလ်မှ စိုက်ပျိုးရေး ဘောဂဗေဒပညာရှင် Jeevika Weerahewa က “အပင်ကို အကြံပြုထားတဲ့ နိုက်ထရိုဂျင်၊ ဖော့စဖရပ်စ် သို့မဟုတ် ပိုတက်စီယမ် ပမာဏကို ပေးဖို့အတွက် သင်ဟာ အော်ဂဲနစ်ဓာတ်မြေသြဇာ အများအပြား လိုအပ်ပါတယ်” လို့ TIME သို့ ပြောကြားခဲ့ပါတယ် ။
ဥပမာအားဖြင့်၊ လူလုပ်ဓာတ်မြေသြဇာဖြစ်သည့် ယူရီးယားတွင် နိုက်ထရိုဂျင် ၄၆% ရှိပြီး မြေဩဇာတွင် နိုက်ထရိုဂျင်ရာခိုင်နှုန်းသည် ဂဏန်းတစ်လုံးတည်းဖြင့်သာ ဖေါ်ပြ ရတဲ့ပမာဏသာ ပါဝင်ပါတယ်..။
သီရိလင်္ကာနိုင်ငံ၏ စိုက်ပျိုးရေး သုံး ဓာတုပစ္စည်း တင်သွင်းမှု ပိတ်ပင်လိုက် ခြင်းသည် သည့် သီရိလင်္ကာ၏ စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်ရခြင်း၏ အကြောင်းရင်းတစ်စိတ်တစ်ပိုင်း ဖြစ်သလို
ကျန် င်တစ်စိတ်တစ်ပိုင်းမှာ သြဂဲနစ် စိုက်ပျိုးသူများ အတွက် နည်းပညာ၊ ဦးဆောင်မှု နှင့် အခြားသော
ရွေးချယ်ခွင့်များ လုံလောက်စွာ မရရှိခြင်းကြောင့် ဖြစ်ကြောင်း Weerahewa မှ TIME သို့ ပြောကြားခဲ့ပါတယ်..။
တိုင်းပြည် သည် လောင်စာဆီ၊ ဆေး၊စားသောက်ကုန်စတဲ့
သွင်းကုန်များအပေါ် မှီခိုနေရသည့် အခြေအနေတွင်လည်း
အိန္ဒိယမှ ဈေးကြီးသော သြဂဲနစ် Nano fertilizer သီရိလင်္ကာ က ဘာကြောင့်တင်သွင်း ရပါသနည်း။ ( Oragnic Farming did not allow to use nano fertilizer-သြဂဲနစ် စိုက်ပျိုးရေးတွင် နာနို မြေသြဇာ အသုံးပြုခွင့် ကို နိုင်ငံတော်တော်များများကတားဖြစ်ထား ပါသည် ။)
ထို နာနို မြေသြဇာများကို နိုင်ငံ တွင်းသို့ စတင်တင်သွင်းချိန် မှာ ကုန်ကျစရိတ်များ မြင့်တက်လာခဲ့ပါတယ်..။
တစ်ချိန်တည်းတွင်၊ တိုင်းပြည် ရဲ့ တင်းကျပ်သောသန့်ရှင်းရေးမူဝါဒမျာ
းသည်တရုတ်ကုမ္ပဏီတစ်ခုမှ သြဂဲနစ်ဓာတ်မြေသြဇာများ အများအပြားတင်သွင်းခြင်းကို ငြင်းပယ်ရန် ဖိအားပေးခဲ့တာကြောင့်တရုတ်နှင့်သီရိလင်္ကာကြား သံတမန်ရေးအရ အဖုအထစ် ဖြစ်စေခဲ့ပါတယ်..။
(ဇန်နဝါရီလတွင် ထို ကုမ္ဗဏီ က နိုင်ငံအတွင်းစတင်ဝင်ရောက်အခြေချ ခဲ့ရခြင်း အတွက် ဒေါ်လာ ၆.၉ သန်း ပေးဆောင်ခဲ့ရတာမို့ ကုမ္ပဏီဟာ သီရိလင်္ကာအစိုးရအား တရားစွဲခဲ့ တာတွေ လည်း ဖြစ်ပေါ်ခဲ့ပါတယ်..။
ဒေါက်တာသန်းသန်းစိန်

About The Author

greenness_mm

No Comments

Leave a Reply