သဲမုန်တိုင်းတွေကြောင့် ကမ္ဘာ့စိုက်ပျိုးမြေ စတုရန်းကီလိုမီတာ ၁သန်းလောက် နှစ်စဉ်ဆုံးရှုံးနေ

သဲမုန်တိုင်းတွေကြောင့် ကမ္ဘာ့စိုက်ပျိုးမြေ စတုရန်းကီလိုမီတာ ၁သန်းလောက် နှစ်စဉ်ဆုံးရှုံးနေ

သဲနှင့် ဖုန်မုန်တိုင်းများကြောင့် ကမ္ဘာကြီးမှာ တစ်နှစ်လျှင် စိုက်ပျိုးမြေ စတုရန်းကီလိုမီတာ ၁ သန်းခန့် ဆုံးရှုံးနေရတယ်လို့ ကန္တာရတိုက်ဖျက်ရေး တာဝန်ခံ ကုလသမဂ္ဂ အဖွဲ့ကြီးက ယနေ့ သတိပေးလိုက်ပါတယ်။
သဲမုန်းတိုင်းတွေ မကြာခဏ သိသိသာသာ ဖြစ်နေရတာ ကမ္ဘာ့ နေရာအချို့ကလူသားတွေရဲ့ လုပ်ဆောင်မှု ကြောင့်လို့ အဲ့ဒိအစီရင်ခံစာမှာ ဆိုထားပါတယ်။ ကမ္ဘာ့လေထုထဲကို နှစ်စဉ်နှစ်တိုင်း သဲနှင့်ဖုန်မှုန့် တန်ချိန် ၂ ဘီလီယံခန့် ဝင်ရောက်လာနေပါတယ်။ အဲ့ဒိပမာဏက Giza ပိရမစ်ကြီး ၃၅၀ ရဲ့ အလေးချိန် နဲ့အတူတူပါပဲ။
ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCCD) မှ ကျွမ်းကျင်သူများက “သဲမုန်တိုင်းဆိုတာ ကြိုတင်ခန့်မှန်းလို့မရတဲ့ အန္တရာယ်ပါ ၊ သက်‌ရောက်မှုက အဝေးကြီးကို ရောက်သွားနိုင်တယ်၊ အရွယ်အစားနဲ့ အရှည်အတက်အကျ ကပြင်းထန်လာနိုင်ပါတယ်” လို့ ဆိုပါတယ်။
အဝါရောင်သဲမုန်တိုင်းတွေကို ‌ဒေသအခေါ်အဝေါ်အမျိုးမျိုး ရှိပါတယ် ။ အချို့က ဆီရော့ကို ၊ ဟာဘော့ နဲ့ ဟာမတ်တန် လို့ ခေါ်ကြပါတယ်။ အဓိကကတော့ လတ္တီကျူ့ အနိမ့်ပိုင်း ဒေသတွေမှာ အပင်ပေါက်ရောက်မှု ကျဲပါးတဲ့ ခြောက်သွေ့မြေတွေကနေ သဲမုန်တိုင်းတွေ စတင်ဖြစ်ပေါ်လေ့ရှိပါတယ်။ ဥပမာတစ်ခု ပြောပါဆိုရင် တော့ ကာဇက်စတန်နှင့် ဥဇဘက်ကစ္စတန်ကြားရှိ ခြောက်သွေ့နေသော အာရယ်ပင်လယ်သည် သဲနှင့် ဖုန်မုန်တိုင်းများဖြစ်ပေါ်လာဖို့အတွက် အဓိကအရင်းအမြစ်ဖြစ်ပါတယ်။
ဒါတွေက ဖြစ်ရိုးဖြစ်စဉ် သဘာဝဖြစ်စဉ်တစ်ခုဖြစ်သော်လည်း၊ လူ့လုပ်ဆောင်ချက်ကြောင့် သဲမုန်တိုင်း ပြဿနာက ပိုမိုဆိုးရွားလာပါတယ် ။ သစ်တောပြုန်းတီးခြင်း၊ စားကျက်မြေများပျောက်ဆုံးလာခြင်းနဲ့ ရေအလွန်အကျွံ သုံးစွဲခြင်းသည် သဲကန္တာရများ ပြန့်နှံ့စေကာ အဆိုပါမုန်တိုင်းများ ဖြစ်နိုင်ခြေကို တိုးမြင့်စေပါတယ်။ နောက်ဆက်တွဲကတော့ ရာသီဥတုပြောင်းလဲမှုဖြစ်လာတယ် ။ မိုးခေါင်လာတာကလည်း သဲမုန်တိုင်းတွေ ဖြစ်စေဖို့အတွက် လှုံ့ဆော်နေတာပါပဲ ။
“သဲနှင့်ဖုန်မှုန့်မုန်တိုင်းများသည် များပြားလှသော နယ်နိမိတ်ဖြတ်ကျော်သက်ရောက်မှုများ ဖြစ်ပေါ်စေပြီး သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လူနေမှုဘဝနှင့် လူတစ်ဦးချင်းစီ၏ အကျိုးစီးပွား နဲ့ လူမှုစီးပွားဘဝများကို ထိခိုက်စေပါတယ် ” လို့ သဲမုန်တိုင်းများနှင့် ဖုန်မှုန့်များကို တိုက်ဖျက်ရေး ကုလသမဂ္ဂ ညွန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌ Feras Ziadat မှ ပြောကြားခဲ့ပါတယ်။
ယခုအခါ UNCCD မှ ကျွမ်းကျင်သူများသည် ပြဿနာ၏ လေးပုံတစ်ပုံကျော်ကို လူသားများ၏ လုပ်ဆောင်မှု များကြောင့်ဟု သတ်မှတ်ထားကြပါတယ် ။ အချို့နေရာများတွင် လွန်ခဲ့သောရာစုနှစ်အတွင်း သဲကန္တာရ ဖုန်မှုန့်များသည် နှစ်ဆတိုးလာခဲ့တယ်လို့ ဆိုပါတယ် ။
“သူတို့ရဲ့လမ်းကြောင်းမှာရှိတဲ့ အရာအားလုံးကို ဖုံးလွှမ်းနေတဲ့ သဲတိမ်မည်းတွေနဲ့ ဖုန်မှုန့်တွေ ဖုံးလွှမ်းနေတဲ့ မြင်ကွင်းဟာ သဘာဝရဲ့ကြောက်စရာအကောင်းဆုံးမြင်ကွင်းတွေထဲက တစ်ခုပါပဲ။ ဒါဟာ အာရှအလယ်ပိုင်းနဲ့ မြောက်ပိုင်းကနေ ဆာဟာရ ၊ အာဖရိကအထိ နေရာတိုင်းကို အပျက်အစီးဖြစ်စေတဲ့ ကုန်ကျစရိတ်များတဲ့ ဖြစ်စဉ်တစ်ခုပါ” လို့ UNCCD ၏ အမှုဆောင် အတွင်းရေးမှူး အီဘရာဟင် သီယောက ပြောကြားခဲ့ပါတယ် ။
မောင်ယဿ
REF: euronews

About The Author

greenness_mm

No Comments

Leave a Reply