ဟာဝိုင်ယီကျွန်းမှ Klauea မီးတောင် ပေါက်ကွဲမှုဖြစ်

ဟာဝိုင်ယီကျွန်းမှ Klauea မီးတောင် ပေါက်ကွဲမှုဖြစ်

ဟာဝိုင်အီကျွန်းမှ Klauea မီးတောင်သည် တစ်နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်ပေါက်ကွဲခဲ့သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ နေ့ခင်းပိုင်းမှ စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အနီရောင်ချော်ရည်ပူများနှင့် ပြာခိုးပြာငွေ့များ ကောင်ကင်ထက်တွင် ဖုံးလွှမ်းနေသည်ကို
ုကြာသပတေးနေ့ မနက်ပိုင်းက မြင်တွေ့ရကြောင်း
အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့က ဆိုသည်။
ဟာဝိုင်အီ၏အသက်အငယ်ဆုံးနှင့် ကြွတက်မှုအမြင့်ဆုံး Kilauea မီးတောင်ပေါက်ကွဲမှုမှ ထွက်လာသည့် ချော်ရည်များ ပြာခိုးပြာငွေ့များသည် လူဦးရေထူထပ်သော နေရာများသို့ချက်ချင်းခြိမ်းခြောက်ခြင်းမရှိသော်လည်း Klauea အောက်ခြေတွင်နေထိုင်သော ဒေသခံများအဖို့ အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်စေနိုင်သော ဆာလဖာဒိုင်အောက်ဆိုဒ်နှင့်အခြားမီးတောင်ဓာတ်ငွေ့များကြောင့် ထိခိုက်မှုဖြစ်နိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။
အဆိုပါ Kilauea မီးတောင်သည် ၂၀၁၈ တွင် ကြီးမားသောပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာမရှိခဲ့သော်လည်း အိမ်ခြေ ၇၀၀ ကျော် ထိခိုက်ပျက်ခဲ့ကာ ဒေသခံထောင်ပေါင်းများစွာကို နေရာရွှေ့ပြောင်းပေးခဲ့ရသည်။

#Photo:CGTN

About The Author

greenness_mm

No Comments

Leave a Reply