ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်အောင် filtration နည်းပညာ လိုအပ်ပါတယ်

ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်အောင် filtration နည်းပညာ လိုအပ်ပါတယ်

ဟိုက်ဒရိုဂျင်လောင်စာနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ နည်းပညာခေါင်းဆောင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pall Corporation မှာ ဒေါက်တာ မာရီယာ အေနက်ဇ် လင်ဂါဖက် က ဓာတုအင်ဂျင်နီယာပါရဂူဘွဲ့ဖြင့် တာဝန် ထမ်းဆောင် နေပါတယ် ။ သူမက ဟိုက်ဒရိုဂျင်လောင်စာ နဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ နည်းပညာပိုင်း ဆိုင်ရာ ဦးဆောင်သူတစ်ယောက် ဖြစ်ပါတယ် ။
အစိမ်းရောင်နှင့် အပြာရောင် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှု၊ ဟိုက်ဒရိုဂျင်သိုလှောင်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်များအပါအဝင် ဟိုက်ဒရိုဂျင်တန်ဖိုးကွင်းဆက်တစ်ခုလုံးအတွင်း စစ်ထုတ်ခြင်းနှင့် ခွဲထုတ်ခြင်းပြဿနာများအတွက် ဖြေရှင်းနည်းများ ဖွံ့ဖြိုးတိုးတက်မှုကို သူမက ပံ့ပိုးပေးနေပါတယ်။အဲ့ဒါက ကျန်းမာရေး၊ ဘေးကင်းရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုရှိသော နည်းပညာများကို တိုးတက်လာစေနေပါတယ်။
မေး ။ ။ အစိုးရတွေက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတဲ့ အစိမ်းရောင် ဟိုက်ဒရိုဂျင်ကို ဘာကြောင့် အာရုံစိုက်နေကြတာလဲဗျ။
ဖြေ ။ ။ အစိမ်းရောင် ဟိုက်ဒရိုဂျင်က စွမ်းအင်သုံး စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဓာတ်အားပေး စက်ရုံ များအတွက် သန့်စင်တဲ့ အစားထိုးလောင်စာဖြစ်နေတာက ကာဗွန်သုညဗျူဟာအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာကြောင့်ပါ ။ နိုင်ငံတကာနဲ့ ဒေသအများအပြားမှာ ကာဗွန်ရှင်းထုတ်ခြင်း လမ်းစဉ် အတွက် တွန်းအားပေးဖို့ရာမှာ တစ်စိတ်တစ်ပိုင်းဖြစ်နေတာကြောင့် ပိုမိုရည်မှန်းချက်ကြီးတဲ့ မူဝါဒတွေကို အကောင်အထည်ဖော်မယ်ဆိုရင် ဟိုက်ဒရိုဂျင် လောင်စာက အရေးပါနေတာကြောင့်လည်းဖြစ်မှာပါ ။ ဥရောပ သမဂ္ဂက၂၀၃၀မှာ အစိမ်းရောင် ဟိုက်ဒရိုဂျင် တန်ချိန် ၁၀သန်း ထုတ်လုပ်ရန် ရည်မှန်းထားပြီး အဲ့ဒိကာလ မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၅၅ % လျှော့ချရေးဖို့ လုပ်နေပါတယ် ။ အဲ့ဒိ ရည်မှန်းချက် ပြည့်မီဖို့အတွက် လည်း အစိမ်းရောင် ဟိုက်ဒရိုဂျင် တန်ချိန် ၁၀ သန်းကို ထပ်မံ တင်သွင်းဖို့လည်းလုပ်နေပါတယ်။
ယူကေအစိုးရဆိုရင် နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်အတွက် ဟိုက်ဒရိုဂျင်လောင်စာ ၂၀ ကနေ ၃၅ % အထိကို ၂၀၅၀ မှာ ဖြည့်ဆည်းပေးမှာ ဖြစ်ပြီး ၂၀၃၀ မှာ အစိမ်းရောင်နှင့် အပြာရောင် ဟိုက်ဒရိုဂျင်ကနေ လျှပ်စစ်ဓာတ် ၁၀ ဂီဂါဝပ် (10 gigawatts) ထုတ်လုပ်မှုဖို့ ရည်မှန်းထားပါတယ်။ Green Hydrogen Alliance ရဲ့ သုတေသန ပြုချက် အရ အဲ့ဒိ ပစ်မှတ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မယ်ဆိုရင် အလုပ်အကိုင် ၁၂၀၀၀ နဲ့ ဗြိတိန် တစ်ဝှမ်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ပေါင် ၁၁ ဘီလီယံအထိရှိလာနိုင်ပါတယ် ။
အမေရိကန်က ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်သူများကို ထောက်ပံ့မှုများပေဖို့ အာမခံနိုင်တဲ့ လမ်းညွှန်ချက်တွေ မကြာသေးမီက ကြေညာခဲ့ပါတယ်။ အဲ့ဒါကြောင့် အလားအလာရှိတဲ့ developer အများအပြားက ရင်းနှီးမြှုပ်နှံရန် ခြေလှမ်းနီးကပ်လာနေပါတယ်။
မေး ။ ။ အစိမ်းရောင် ဟိုက်ဒရိုဂျင်ထုတ်လုပ်သူများအနေနဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေကို ရွေးချယ်ရာမှာ ဘယ်လို စဉ်းစားဖို့လိုမလဲဗျ ။
ဖြေ ။ ။ အစိမ်းရောင် ဟိုက်ဒရိုဂျင်ထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ အီလက်ထရောနစ် အမျိုးအစားသုံးမျိုးရှိပါ တယ် ။ အယ်ကာလိုင်း အီလက်ထရောလစ်ဆာ (AEL) က အရည်ပိုတက်စီယမ်ဟိုက်ဒရောဆိုဒ် (KOH) ကို အီလက်ထရောနစ်အဖြစ် အသုံးပြုပြီး စက်မှုလုပ်ငန်းတွေမှာ အသုံးအများဆုံးဖြစ်ပေမဲ့ သန့်စင်မှုအဆင့်နဲ့ စွမ်းအင်ထိရောက်မှု နည်းပါးခြင်း အပါအဝင် အားနည်းချက်အချို့ရှိနေပါတယ် ။
Polymer electrolyte အမြှေးပါး electrolyser (PEM) ကတော့ အစိုင်အခဲပေါ်လီမာ အီလက်ထရောနစ်ကို အသုံးပြုပြီး အားနည်းချက်များ နည်းပါး‌ပေမဲ့လည်း AEL နှင့် နှိုင်းယှဉ်ပါက ဈေးကြီးနေပါသေးတယ် ။ Solid oxide electrolysers (SOEC) က အစိုင်အခဲ ion-conducting ceramic electrolyte ကို အသုံးပြုထားတဲ့အတွက်ကြောင့် အလားအလာ ကောင်းပါတယ် ။ ဒါပေမဲ့ စီးပွားဖြစ်ရောင်းချဖို့အတွက်ကစောနေသေးတာကို တွေ့နေရပါတယ် ။
မေး ။ ။ အစိမ်းရောင် ဟိုက်ဒရိုဂျင် ထုတ်လုပ်ခြင်းရဲ့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေကို ပြောပြပေးပါဦး ။
ဖြေ။ ။ ဟိုက်ဒရိုဂျင်လောင်စာနဲ့ ပတ်သက်ပြီး နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေကတော့ အစိုင်အခဲပဲဖြစ်ဖြစ် ၊ ဓာတ်ငွေ့ပဲဖြစ်ဖြစ်၊ အရည်ပဲဖြစ်ဖြစ် ညစ်ညမ်းနေတဲ့ ဟိုက်ဒရိုဂျင်စီးကြောင်းကို သန့်စင်ရေးလုပ်တာပါပဲ ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ သန့်စင်မှုဆိုင်ရာ သတ်မှတ်ချက်များက အလွန်တင်းကြပ်ပါတယ်။ ။ ပုံမှန်အားဖြင့်၊ အောက်ဆီဂျင်၏ 2,000-6,000 ppm (တစ်သန်းလျှင် အစိတ်အပိုင်းများ) နဲ့ ရေ 2,000 ppm အကြား မှာရှိတဲ့ ပြင်းအားမှာ စီးပွားဖြစ် အယ်ကာလိုင်းလျှပ်စစ်ကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ဟိုက်ဒရိုဂျင်လောင်စာတွေက ညစ်ညမ်းနေတာကို တွေ့နေရပါတယ်။
ဟိုက်ဒရိုဂျင်လောင်စာအရည်အသွေးအတွက် ISO စံနှုန်းအရ လောင်စာဆဲလ်ယာဉ်များအတွက် အများဆုံးခွင့်ပြုသည့် အမြင့်ဆုံးပြင်းအားက 5 ppm ဖြစ်ပါတယ် ။
မေး ။ ။ ထုတ်လုပ်မှုကို မြှင့်တင်ရန် filtration ( သန့်စင်အောင်အရည်စစ်ခြင်း ) ကို ဘယ်လိုသုံးရမှာလဲ ။
ဖြေ ။ ။ အဓိကကတော့ စီးပွားဖြစ်အောင် အထွက်များဖို့လုပ်တာနဲ့ သန့်ရှင်းမှုစံနှုန်းများကြား ကွာဟချက်တွေ မရှိအောင် လုပ်ရမှာပါ ။ အယ်ကာလိုင်း အီလက်ထရောနစ်စနစ်များက အစိမ်းရောင် ဟိုက်ဒရိုဂျင်လောင်စာကို အကြီးစားထုတ်လုပ်ရန်အတွက် နောက်ထပ် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် လိုအပ်နေပါတယ် ။ လိုအပ်တဲ့ သန့်စင်မှု အဆင့်များရရှိဖို့ကို filtration ( စစ်ထုတ်ခြင်း) နဲ့ separation ( ခွဲထုတ်ခြင်း ) အဆင့်များစွာ လိုအပ်ပါတယ် ။ ( ရေသွင်းဖြိုခွဲခြင်း ) Hydrolysis လုပ် ပြီးတာနဲ့ အရည်/ဓာတ်ငွေ့အရောအနှောကို အအေးခံရန်၊ ခွဲထုတ်ရန်နဲ့ ဖိသိပ်ရန် လိုအပ်ပါတယ်။
ဓာတ်ငွေ့ကို အအေးပေးတာက ကုန်ကျစရိတ်ကြီးမားပါတယ် ။ ဒါပေမဲ့ သက်ရောက်မှုရှိပြီး စနစ်တစ်ခုလုံးအတွက် ကုန်ကျစရိတ် စုစုပေါင်းရဲ့ ၅ % အထိ မြင့်လာနိုင်ပါတယ် ။ ဒြပ်ဆွဲအား ခွဲထုတ်ခြင်းများ၊ အမှုန်အမွှားများကို ဖယ်ထုတ်သည့်အကွက်များ၊ ဇကာဗန်းခွဲကိရိယာများလိုလာပါတယ် ။ အဲ့ဒိနေရာမှာ ပုံမှန်အားဖြင့် ကြီးမားသော အဆောက်အအုံတွေ လိုအပ်ပါတယ် ။ အရည်ပြန်လည်ဝင်ရောက်ခြင်း ကို တားဆီးရန် အနိမ့်အမြန်နှုန်းဖြင့် လုပ်ဆောင်ရပါမယ် ။ အရည်များကို ဖယ်ရှားပြီးနောက်၊ ဟိုက်ဒရိုဂျင်ကို ညစ်ညမ်းစေတဲ့ အောက်ဆီဂျင်ကို ဖယ်ရှားရန်အတွက် ဓာတ်ပြုဓာတ်ပေါင်းဖိုတစ်ခုထဲသို့ ဖြည့်သွင်းရပါတယ် ။ အဲ့ဒိလို အဆင်တွေမှာ ဓာတ်ကူပစ္စည်းဖြစ်တဲ့ ပိုတက်စီယမ်ဟိုက်ဒရောဆိုဒ် (KOH) လို ညစ်ညမ်းမှုကို အာရုံခံစား နိုင်တဲ့ ဓာတ်ကူတွေကိုသုံးရပါတယ် ။
အဲ့ဒိ အဆင့်တွေကို လုပ်နိုင်ပြီဆိုရင် ဟိုက်ဒရိုဂျင်က လိုအပ်တဲ့ သန့်စင်မှု သတ်မှတ်ချက်များနဲ့ ပြည့်မီသွားမှာဖြစ်ပါတယ် ။
မေး။ ။ ဟိုက်ဒရိုဂျင်လောင်စာကို သိုလှောင်ရာမှာရော စစ်ထုတ်မှုကို ထည့်သွင်းစဉ်းစားဖို့ လိုပါသလား ။
ဟုတ်ပါတယ်၊ နောက်ဆုံးအဆင့်ကတော့ ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်ပြီးတာနဲ့ ထိရောက်စွာ သိုလှောင်မှုလုပ်ရမှာ ဖြစ်ပါတယ်။ Haber-Bosch လုပ်ငန်းစဉ်ကို အသုံးပြုပြီး ၎င်းကို ဆားတွင်းများထဲသို့ စုပ်ထုတ်ခြင်း သို့မဟုတ် အမိုးနီးယားအရည်အဖြစ်သို့ ပြောင်းလဲကာ လှောင်ကန်များတွင် ဖိသိပ်သိမ်းဆည်းထားလို့ရပါတယ် ။ လုပ်ငန်းစဉ် တစ်ခုစီတိုင်းမှာ ဓာတ်ငွေ့သည် အရည်များ၊ အစိုင်အခဲများ သို့မဟုတ် ဓာတ်ငွေ့များ (သဘာဝဓာတ်ငွေ့ပိုက်လိုင်းများတွင် ပို့ဆောင်ပါက) ညစ်ညမ်းသွားစေနိုင်တာပါပဲ ။ ညစ်ညမ်းမှုများကို အသုံးပြုမှု သတ်မှတ်ချက်များနှင့်အညီ ဖယ်ရှားရန် လိုအပ်ပါတယ် ။
မေး ။ ။ ဟိုက်ဒရိုဂျင်လောင်စာက အနာဂတ်စွမ်းအင် ကဏ္ဌမှာ စွမ်းအင်လုံခြုံမှုနဲ့ ပတ်သက်ပြီး သေချာစေရန် နောက်ထပ် ဘာခြေလှမ်းတွေကို လုပ်ရမှာလဲ ။
နိုင်ငံတကာ အစိုးရများက ၎င်းတို့ရဲ့ အသားတင်ကာဗွန် သုညဗျူဟာများကို ဆက်လက် သုံးသပ်နေဦးမယ် ဆိုရင်တော့ အစိမ်းရောင် ဟိုက်ဒရိုဂျင် ထုတ်လုပ်မှု စက်ရုံသစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ဥပဒေ အသစ် သို့မဟုတ် မက်လုံးများ မြှင့်တင်ဖို့ လိုအပ်မှာပါ ။
စွမ်းအင်ထုတ်လုပ်သူများနှင့် စက်မှုလုပ်ငန်း အသုံးပြုသူများအတွက် သန့်စင်တဲ့ စွမ်းအင်ရင်းမြစ်များကိုသုံးပြီး ၎င်းတို့ရဲ့လုပ်ငန်းကို ဘယ်လိုတိုးတက်အောင် လုပ်ဆောင်နိုင်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားနေကြ ရမှာပါ။ ရိုးရာရုပ်ကြွင်းလောင်စာသုံး စက်မှုလုပ်ငန်း များက အစိမ်းရောင် ဟိုက်ဒရိုဂျင်လောင်စာသုံး စက်မှုလုပ်ငန်းများ အဖြစ်သို့ ပြောင်းလဲမည်ဆိုပါက တန်ဖိုးကွင်းဆက်ရဲ့ အဆင့်အားလုံးမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ် ။ နည်းပညာများကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းက ရင်းနှီးမြှုပ်နှံမှုများအတွက် ပတ်ဝန်းကျင်ဘေးကင်းမှု အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမှာပါ ။
အားလုံးအတွက် ပိုမိုသန့်ရှင်းသော အနာဂတ်ကို ဖန်တီးပေးနိုင်ပုံကိုပဲ အဓိကထားပြီး ထည့်သွင်းစဉ်းစားရမှာပါပဲ ။
မောင်ယဿ
REF: Hydrogen central

About The Author

greenness_mm

No Comments

Leave a Reply