အင်ဒီးစ်တောင်တန်းကြီးပေါ်မှာ မျိုးဆက်ခွင့်ရသွားတဲ့ ကယ်လီဖိုးနီးယား လင်းတငှက်များ

အင်ဒီးစ်တောင်တန်းကြီးပေါ်မှာ မျိုးဆက်ခွင့်ရသွားတဲ့ ကယ်လီဖိုးနီးယား လင်းတငှက်များ

ကမ္ဘာပေါ်က မိုးပျံ ငှက်မျိုးစိတ်တွေထဲမှာ ကယ်လီဖိုးနီးယားက လင်းတတွေက အကြီးဆုံးပဲလို့ ပြောရမှာပါ။ ဒါပေမဲ့ လူသားတွေရဲ့ အဆိပ်ချ တာတွေ ၊ အမဲလိုက်တာတွေ နဲ့ အသိုက်ဖျက်ခံရတာ တွေကြောင့် ၁၉၈၀ ဝန်းကျင်မှာ ကယ်လီဖိုးနီးယားမှာ လင်တတွေ ပျောက်ကွယ်သွားသလိုဖြစ်သွားပါတယ်။

ဒေသတွင်းနေထိုင်တဲ့ ဇီ၀ မျိုးစိတ်တစ်ခုပျောက်ကွယ် တော့မယ့် အရေးကို အဲ့ဒိတုန်းက ပတ်ဝန်းကျင်ထိန်း သိမ်းရေး သမားတွေနဲ့ အုပ်ချုပ်ရေး အာဏါပိုင်တွေကြားမှာ အခြေအတင်ဖြစ်ခဲ့ရပါတယ်။

လင်းတ မျိုးစိတ် တွေ မပျောက်ဖို့ ထိန်းသိမ်းဖို့ လိုတဲ့အကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ကတိုက်တွန်းပေမဲ့ အာဏါပိုင်တွေကတော့ သက်သက်အကြောင်းရှာတယ်လို့ ပဲ မြင်ခဲ့ကြပါတယ်။

နောက်ဆုံးတော့ ကယ်လီဖိုး နီးယားမှာ ရှိတဲ့ လက်ကျန် လင်းတတွေကို အကုန်ဖမ်းပြီး ယူတက်ပြည်နယ်က ဇီးယွန်အမျိုးသား ဥယျာဉ်ထဲမှာ မွေးဖို့ ပို့လိုက်ကြပါတယ်။ အဲ့ဒ်အချိန်ကစပြီး ကယ်လီဖိုးနီးယားမှာ လင်းတဆို တမရှိတော့ပါဘူး ။

နေရင်းဒေသမဟုတ်တဲ့ လင်းတတွေက တဖြည်းဖြည်း နည်းလာလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ အချင်းချင်း ချတ်ဆက်ပြီး ပီရူး နိုင်ငံက အီလက်စကာကျွန်းစွယ်မှာ ကယ်လီဖိုးနီးယား လင်းတတွေကို မွေးဖို့ စီစဉ်လိုက်ရပါတယ်။

ကယ်လီဖိုးနီးယားနဲ့ ရာသီဥတု သဘာဝပေါက်ပင် တွေတူတဲ့ အဲ့ဒိကျွန်းစွယ်မှာ လင်းတ တွေနေထိုင်နိုင်အောင် စီစဉ်လိုက်ပြီးနောက် မှာတော့ အကောင်ရေတိုးပွားလာတာကိုတွေ့ ရပါတယ်။

ဆန်ဒီရေဂို တိရစ္ဆာန်ဥယျာဉ်ထဲမှာ ကျန်နေတဲ့ ကယ်လီဖိုးနီးယား လင်းတတွေက ၂၂ ကောင် ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ အတွေးက သိပ္ပံပညာရှင်တွေ အတွက် ေတော်တော်ခေါင်း ကိုက်တဲ့ လုပ်ငန်းဖြစ်ခဲ့ပါတယ်။

အခုတော့ ပီးရူးနိုင်ငံက အီလက်စကာကျွန်းစွယ်မှာ ကယ်လီဖိုးနီးယား လင်းတတွေ အတွက် အသိုက်တွေ ဖန်တီးပြီး ရွှေ့ပြောင်းပေးခဲ့ပါ တယ်။

ပင်လယ်ဆီကို တဖြည့်ဖြည့် နိမ့်ဆင်းသွားတဲ့ တောင်တန်းတွေပေါ်ကနေ ကြည့်ပြီး ပင်လယ်ကမ်းစပ်မှာရှိတဲ့ ငါး ၊ ပင်လယ်ဖျံနဲ့ အခြား အသေကောင်တွေကို စားသောက်ဖို့အတွက် ဝဲဆင်းလာတဲ့ လင်းတတွေကို မြင်တဲ့သူတိုင်း ဓာတ်ပုံရိုက် မှတ်တမ်း တင်ခဲ့ကြပါတယ်။

အဲ့ဒိကျွန်းဆွယ်ကို ဘေးမဲ့ဒေသလုပ်ဖို့အတွက်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ကြိုးစားနေပါတယ်။ ဘာပဲဖြစ်ဖြစ် မျိုးတုံး သွားနိုင်တဲ့ ကယ်လီဖိုးနီးယား လင်းတတွေက မြောက်အမေရိကား ရော်ကီးတောင်တန်း ပေါ်ကနေ တောင်အမေရိကားက အင်ဒီးစ် တောင်တန်းတွေ ပေါ်မှာ ရှင်သန်ပြီး မျိုးဆက်ခွင့် ရသွားပါပြီ ။

 

မောင်ယဿ ( ဒီဇင်ဘာ ၆ )
REF: mongabay
Photo : mongabay

About The Author

greenness_mm

No Comments

Leave a Reply