အင်္ဂါဂြိုဟ်ပေါ်ဘယ်သူ ရောက်နေတာလဲ ကမ္ဘာမြေဆီ ဘာတွေ ပို့ပေးနေလဲ..

အင်္ဂါဂြိုဟ်ပေါ်ဘယ်သူ ရောက်နေတာလဲ ကမ္ဘာမြေဆီ ဘာတွေ ပို့ပေးနေလဲ..

၂၀၃၁ မှာပြန်ရောက်မယ့် မားစ်ရိုဗာက
အင်္ဂါဂြိုဟ်ပေါ်ရှိကျောက်တွေကို ဓာတ်ပုံရိုက်ပို့ပြီး သရုပ်ခွဲခိုင်းနေ
………….
နာဆာကနေ အင်္ဂါဂြိုဟ်ကို လေ့လာဖို့လွှတ်လိုက်တဲ့ မားစ်ရိုဗာက ဂြိုဟ်ပေါ်က ကျောက်တွေကို သရုပ်ခွဲဖို့ အတွက် ကမ္ဘာမြေကို ဓာတ်ပုံတွေရိုက်ပို့ နေရာ အချို့သော ကျောက်တွေက ရေတိုက်စားထားတဲ့ အရာတွေကို တွေ့ရတယ်လို့ နာဆာအဖွဲ့ကထုတ်ဖော်ပြောကြားပါတယ်။
စက်တင်ဘာလ ၁၀ရက်နေ့ က လက်ခံရရှိတဲ့ ဓာတ်ပုံအရ မားစ်ရိုဗာ တွေ့ရှိခဲ့တဲ့ ကျောက်က မီးသင်ကျောက် မျိုးဖြစ်ပြီး ဆားပေါက်နေတာကိုလည်းတွေ့ရပါတယ်။ မားစ်ရိုဗာရောက်နေတဲ့ နေရာကိုခန့်မှန်းရတာ အဂါၤ ဂြိုဟ်ရဲ့ ဒယ်အိုးချိုင့်ထဲကို ရောက်နေပုံ ရပါတယ်။ ၎င်းက အဲ့ဒိကျောက်တွေကို လွန်ပူနဲ့ ဖောက်ပြီး သိမ်းဆည်းကာ ကမ္ဘာ ကိုလှမ်းပို့ပေးမှာပါ။ ၂၀၃၁ ခုနှစ်မှာ ၎င်းစက်ရုပ်ယာဉ်ကလေးက ကမ္ဘာကိုပြန်ရောက်လာမှာပါ။
လက်ရှိအထိခန်ကမှန်းချက်အရ အင်္ဂါဂြိုဟ်မှာ ရေရှိခဲ့တယ် ဆိုတာကို ခန့်မှန်းလို့ရခဲ့ပေမဲ့ ဘယ်လောက်ကြာ အောင်ရှိ ခဲ့တယ် ဆိုတာကိုတော့ မခန့်မှန်းနိုင်ကြသေးပါဘူး ။
ကျနော်တို့ ဓာတ်ပုံကို ရပါတယ်။ အင်္ဂါဂြိုဟ်မှာ ရေရှိခဲ့တယ်။ ဘယ်လောက်ကြာခဲ့တယ်ဆိုတာကတော့ မပြေတတ်သေးပါဘူး ၊ လူတွေအတွက် အရေးပါတဲ့ ရေနဲ့ ပတ်ဝန်းကျင်တစ်ခုကိုတွေ့ ခဲ့ရတယ်လို့ ပဲပြောရမှာပါ လို့ သိပ္ပံပညာရှင် ကန်ဖာလေက ဆိုပါတယ်။
ပထမဆုံး ယူထားတဲ့ ကကျောက်နမူနာ ၂ခုကို ပြင်သစ်က တောင်တန်း၂ခုဖြစ်တဲ့ မောင့်ဒန်နီယာနဲ့ မောင့် တက်နက်လို့ နာမည်ပေးထားပါတယ်။ အခုသိမ်းထားတဲ့ကျောက်တွေကို မားစ်ရိုဗာက နောက်လာမယ့် အာကာသယာဉ်ဆီကို ပို့ပေးလိုက်မှာပါ ။ အဲ့ဒိအာကာသယာဉ်က ကျောက်နမူနာကို ကမ္ဘာကိုပြန်သယ် လာမှာပါ။ အဲ့ဒိကျောက်တွေကို လေ့လာပြီးသွားရင်တော့ အင်္ဂါဂြိုဟ်ရဲ့ ရှေးဦး ဖွဲ့စည်းမှုတွေကို သိနိုင်တော့မှာပါ။
မောင်ယဿ
REF: UPI
Photo : UPI

About The Author

greenness_mm

No Comments

Leave a Reply