အငှားကားကုမ္ပဏီတွေလည်း EV ကားတွေကို သိန်းနဲ့ ချီပြီး မှာနေ

အငှားကားကုမ္ပဏီတွေလည်း EV ကားတွေကို သိန်းနဲ့ ချီပြီး မှာနေ

အမေရိကားက အကြီးဆုံး ကားငှားတဲ့ ကုမ္ပဏီဖြစ်တဲ့ ဟာ့တ်ဇ် က ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ခရီးသွား လာမှု ပိတ်ပင်ထားတဲ့အတွက်ကြောင့် ကားငှားတဲ့ လုပ်ငန်းက ရပ်လုနီးပါးဖြစ်သွားပါတယ်။ အခု ကိုဗစ်သက် မှတ်မှုတွေ လျှော့ပေးလာပြီဖြစ်လို့ ကားအငှားလိုက်လာပြီ ဖြစ်ရာ လုပ်ငန်းတွေကို ပြန်လည်အစပျိုးဖို့အတွက် နဲ့ နောက်ပိုင်း ဆက်လက်လည်ပတ်ဖို့ ကို (EV)လို့ ခေါ်တဲ့ လျှပ်စစ်ကားတွေကို မှာယူနေပါတယ်။ ဟာ့တ်ဇ် က အနာဂတ် ကားအငှားလုပ်ငန်းမှာ အားဖြည့်ဖို့ရာအတွက် ကမ္ဘာ့သူဌေးကြီး အီလွန်မက်ရဲ့ တက်စလာကုမ္ပဏီကနေ ကားအစီးရော ၁သိန်းကျော်မှာ ယူထားပါတယ်။

“ ကျနော်တို့ ဒီလထဲမှာပဲ လျှပ်စစ်ကားတွေကို လုပ်ငန်းထဲမှာ ထည့်ပြီး လည်ပတ်ခိုင်းတော့မှာပါ။ တက်စလာရဲ့ မော်ဒယ် ၃ ကားတွေကို ဖောက်သည်တွေ သုံးခွင့်ရတော့မှာပါ။ အခုဆိုရင် ကျနော် ပထမအဆင့်အနေနဲ့ လေဆိပ်နဲ့ ဈေးတွေမှာ နေရာချထားဖို့ လုပ်နေပါတယ်။ စင်းလုံးငှားတွေအတွက် ကတော့ လောလောဆယ် မစီစဉ်ရသေးပါဘူး ။ အငှားယာဉ်တွေကို ဦးစားပေးလုပ်နေပါတယ်” လို့ ဟာ့တ်ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“ ကျနော်တို့ ကုမ္ပဏီက ဥရောပ ဌာနခွဲက ကားတွေကိုလည်း EV တွေနဲ့ ပြောင်းသွားမှာပါ ။ အားသွင်းတိုင်တွေတပ်ဆင်ပြီး တဲ့နေရာတိုင်းမှာ ကျနော်တို့ ကုမ္ပဏီရှိတယ်ဆိုရင် အဲ့ဒိက ကားတွေကို EV တွေအဖြစ်လဲထုတ်ပေးမှာပါ ။ ဆီကားတွေ နဲ့ ဂတ်စ်ကားတွေကို ဘာပြန်လုပ်မယ်ဆိုတာကတော့ ပညာရှင်တွေ နဲ့ တိုင်ပင်နေတုန်းပါပဲ” လို့ ဆိုပါတယ်။

ကုမ္ပဏီကတော့ အားသွင်းတိုင်တွေ စတေရှင်တွေ ကို တိုးချဲ့ရင်း ယာဉ်ပြေးဆွဲ မှုနဲ့ စင်းလုံးငှားနိုင်မှုတွေကို တိုးတက်အောင် လုပ်ပေးမယ်လို့ ဆိုပါတယ်။ အဓိက ကျတာက အာလပ်ရက် အပျော်ခရီးထွက်ဖို့ နဲ့ စီပွားရေး လုပ်ငန်သုံးဖို့အတွက် ပဲဖြစ်ပါတယ်။ ဒါကြောင့် အားသွင်းတိုင်တွေ နဲ့ နေရာတွေ ကို တိုင်းပြည်ထဲမှာ တိုးချဲ့ ထားနိုင်မယ်ဆိုရင် ကားအငှားလုပ်ငန်းမှာ လျှပ်စစ်ကားတွေကို အစားထိုးနိုင်မှာဖြစ်ပါတယ်။ EV တွေကို ခရီးသွားလုပ်ငန်းတွေမှာ အစားထိုးနိုင်ရင် ကမ္ဘာ့လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက် လွှတ်ထုတ်မှု လျှော့ကျသွားမှာပါ။

မောင်ယဿ ( နိုဝင်ဘာ ၂၉ )

REF: Green citizen

Photo : autorevolution

About The Author

greenness_mm

No Comments

Leave a Reply