အစိမ်းရောင်စီးပွားရေး ကြားကာလကို မပြောင်းနိုင်ရင် တောင်ကိုရီးယား စီးပွား‌ရေးပြိုလဲသွားလိမ့်မယ်

အစိမ်းရောင်စီးပွားရေး ကြားကာလကို မပြောင်းနိုင်ရင် တောင်ကိုရီးယား စီးပွား‌ရေးပြိုလဲသွားလိမ့်မယ်

တောင်ကိုရီးယားမှာက ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ သိပ်မရှိဘူး ဖြစ်နေပါတယ် ။ လူသားတွေရင်ဆိုင်နေရတဲ့ ရာသီဥတုပြဿနာက အရေးပေါ် ငွေကုန်ခံပြီး လုပ်စရာမလိုသေးဘူးလို့လည်း ထင်မြင်ယူဆ နေကြဆဲ ဖြစ်ပါတယ် ။ တောင်ကိုရီးယားမှာက အလုပ်လက်မဲ့နဲ့ မွေးနှုန်းကျဆင်နေတာကိုပဲ အရေးပေါ်ပြဿနာလို့ ထင်နေကြပါတယ် ။
Seoul National University’s Graduate School of Environmental Studies မှ ပါမောက္ခ Hong Jong-ho က ရာသီဥတုပြောင်းလဲမှုက စီးပွားရေးအကျပ်အတည်း ကို ဖြစ်ပေါ်လာစေနိုင်တယ်လို့ ကိုရီယန်တိုင်းမ် သတင်းစာ နဲ့ အင်တာဗျူးမှာ အခိုင်အမာပြောသွားပါတယ် ။
The Korea Times ။ ။ ကဲ ၊ ခေါင်းစဉ်နဲ့ လိုက်ဖက်မယ့် အကြောင်းအရာလေးနဲ့ စလိုက်ကြရအောင်ဗျာ။ ရာသီဥတု ပြောင်းလဲမှုနဲ့ စီးပွားရေး အကျပ်အတည်း ဘယ်လိုဖြစ်လာတာလဲဗျ ။
ပါမောက္ခ Hong Jong-ho ။ ။ အရင်ဆုံး ပြောချင်တာက ၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းက တိုင်ဖွန်း Hinnamnor က Pohang မြို့ ကို ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တာကြောင့် လူပေါင်းများစွာကို ထိခိုက် သွားစေခဲ့ပါတယ်။ လူတော်တော်များများ သတိမထားမိနိုင်တာကတော့ ရာသီဥတုဖောက်ပြန်မှု ကြောင့်ဖြစ်တဲ့ သဘာဝဘေးအန္တရာယ်တွေဟာ စီးပွားရေးလုပ်ငန်းတွေကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့ တယ် ဆိုတာကိုပါပဲ ။ ဥပမာအနေနဲ့ပြောရရင် အဲဒီအချိန်တုန်းက Pohang မှာရှိတဲ့ ကော်ပိုရေးရှင်းတစ်ခုဟာ သိသိသာသာ ခံစားခဲ့ရပါတယ်။ အနီးနားမြစ်မှ ရေလွှမ်းမိုးမှုကြောင့် စက်ရုံအလုပ်ရုံများ ရေနစ်မြုပ်ကာ ဝမ် ၂.၂ ထရီလီယံ (ဒေါ်လာ ၁.၆ ဘီလီယံ) တန်ဖိုးရှိ စီးပွားရေး ထိခိုက်ပျက်စီးစေခဲ့တယ် ဆိုတာပါပဲ ။
The Korea Times ။ ။ ကိုရီးယား နဲ့ပတ်သက်တဲ့ အချက်အလက်ကလေး နည်းနည်းလောက်ပြောပြပါလား ။
ပါမောက္ခ Hong Jong-ho ။ ။ လက်ရှိမှာက ကာဗွန်အခြေခံသော စီးပွားရေးစနစ်ကနေပြီးတော့ ကူးပြောင်းဖို့ကို တစ်ကမ္ဘာလုံးက သဘောတူညီမှု တိုးပွားလျက်ရှိနေပါတယ် ။ ကိုရီးယားသည် ကာဗွန်လျှော့ချရေးထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးလုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖြစ် မှတ်ယူနေကြပါတယ် ။ အစိမ်းရောင် အလေ့အကျင့်များကျင့်သုံးရန် ကိုရီးယားနိုင်ငံကို အများအပြားက တွန်းအားပေးနေကြပါတယ်။ အဲ့ဒါကိုကြည့်ရင် ကိုရီးယားက ရာသီဥတုပြောင်းလဲမှုက အရေးတကြီးဖြစ်နေပေမယ့် ကြိုတင်ပြင်ဆင်မှု အားနည်းနေတယ်။ ၂၀၂၁ ခုနှစ်စာရင်းအရ ကိုရီးယားနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုသည် ၎င်းရဲ့ စုစုပေါင်း စွမ်းအင်ထွက်ရှိမှု၏ ၇.၁၅ ရာခိုင်နှုန်းသာရှိပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) အဖွဲ့ဝင်နိုင်ငံများတွင် အောက်ခြေမှာပဲ ရှိနေပါတယ် ။ ကိုရီးယားက၂၀၂၃ ခုနှစ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စွမ်းဆောင်ရည်ညွှန်းကိန်းတွင် အဆင့် ၆၄ မှာ ရပ်တည် နေပါတယ် ။ ဒါဟာ ရေနံမထုတ်လုပ်တဲ့နိုင်ငံတွေထဲမှာ အနိမ့်ဆုံးဖြစ်ပြီး ကမ္ဘာ့ဝေဖန်မှုထဲကို ရောက်နေပါတယ်။
The Korea Times ။ ။ အစိမ်းရောင်စီးပွားရေး ပြောင်းလဲဖို့ ကြားကာလမှာ ကိုရီးယား စီးပွားရေးသမားတွေ ဘာတွေကို ရင်ဆိုင်ရမှာလဲ ။
ပါမောက္ခ Hong Jong-ho ။ ။ ကမ္ဘာ့ဈေးကွက်မှာက စက်မှုလုပ်ငန်းတွေအနေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေက ပိုလို့တောင် ဆိုးရွားပါတယ်။ Apple လိုမျိုး ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီကြီး အများအပြားက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို ၁၀၀ ရာခိုင်နှုန်း အသုံးပြုသင့်တယ်လို့ တောင်းဆိုနေကြပါတယ်။ အဲ့ဒိ ကုမ္ပဏီကြီးတွေက အဆိုပါ အခြေအနေများနှင့် ကိုက်ညီမှု မရှိသော ကုမ္ပဏီများနှင့် ကုန်သွယ်မှုကို ရပ်တန့်ရန် ခြိမ်းခြောက်လျက် ရှိနေ ပါတယ် ၊ လာမယ့် နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်အတွင်းတွင် ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းတွေမှာ ကာဗွန်ဒိုင်းရှင်း ထုတ်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်ကို ချမှတ်နိုင်တော့မှာ ပါ။ အဲ့လိုအခြေအနေမျိုးမှာ ကိုရီးယား နိုင်ငံက လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ အချိန်တိုလေးပဲ ရှိတော့တယ် ။ ကိုရီးယား စက်မှုလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုကတော့ ဥရောပကော်မရှင်က တွန်းအားပေးနေတဲ့ ကာဗွန်နယ်စပ် ချိန်ညှိမှု ယန္တရား (CBAM) ဖြစ်ပါတယ်။
သံမဏိ၊ ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ အလူမီနီယံနှင့် လျှပ်စစ်ဓာတ်အားလို လုပ်ငန်းတွေက ကိုရီးယားနိုင်ငံရဲ့ ပို့ကုန် ခန့်မှန်းခြေ ၄ ရာခိုင်နှုန်း လောက်အပေါ် သက်ရောက်မှု ရှိသွား မှာပါ ။ အဲ့ဒိ ယန္တရား က ရေနံဓာတုလုပ်ငန်းတွင် တိုးချဲ့ဆောင်ရွက်ပါက ပို့ကုန်အပေါ် ခန့်မှန်းထားသော အကျိုးသက်ရောက်မှုသည် ၁၅ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာနိုင်ပြီး စီးပွားရေးဆိုင်ရာ အကျိုးဆက်များကို သိသိသာသာ ပိုမိုဆိုးရွားသွားစေနိုင်ပါတယ် ။ စီးပွားရေးတိုးတက်မှုအတွက် ကုန်ပစ္စည်းများ တင်ပို့ရောင်းချခြင်းအပေါ် မှီခိုနေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် အဲ့ဒိလို ကမ္ဘာ့လမ်းကြောင်း အပြောင်းအလဲနဲ့ လိုက်လျောညီထွေဖြစ်ဖို့က အရေးကြီးပါတယ် ။
The Korea Times ။ ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲ တာက တိုင်းပြည်မှာ အသားမကျသေးရင် ပြဿနာတွေ ရှိလာနိုင်တယ် ။ အဲ့ဒိအပေါ်ကိုရောဘယ်လိုမြင်လဲ ။
ပါမောက္ခ Hong Jong-ho ။ ။ ဒီနေရာမှာတော့ ကျနော့် တစ်ဦးတည်းရဲ့အမြင်ကို ‌ပြောပါမယ် ။ ကိုရီးယားမှာ ဒီပြဿနာကို အယူဝါဒအဖြစ် ပြောင်းလဲစေမယ့် မလိုအပ်တဲ့ ဆွေးနွေးမှုတွေ များလွန်းနေတယ်။ အများသူငှာ သဘောတူညီမှု မရှိတာကြောင့် မူဝါဒပိုင်းမှာ တူညီတဲ့ လမ်းကြောင်းတွေကို မတွေ့ရဘူး ဖြစ်နေတယ် ။ ကိုရီးယားမှာ ရည်မှန်းချက်တွေ ချမှတ်ထားပြီးသားဖြစ်ပေမယ့် အုပ်ချုပ်ရေးပိုင်း တစ်ခုစီက အကောင်အထည် ဖော်ဖို့ နှောင့်နှေးသွားတာ၊ နောက်တစ်ခုက နိုင်ငံရေးသမားတွေက သူတို့မဲတွေ လျှော့သွားမှာကို ကြောက်နေတာ လိုပဲ မြင်ပါတယ် ။ အဓိကကတော့ဗျာ လျှပ်စစ်ဓာတ်အားခဈေးနှုန်းကို လျှော့ချပေးနိုင်ဖို့ပါပဲ ။ ကိုရီးယားက ရုပ်ကြွင်းလောင်စာဆီ ၁၀၀ ရာခိုင်နှုန်း တင်သွင်းတယ် ဆိုပါစို့ ၊ အစိုးရအနေနဲ့ အရည်အသွေးကောင်းတဲ့ လျှပ်စစ်ဓာတ်အားကို ဈေးနှုန်းချိုသာစွာနဲ့ ဘယ်လို ပံ့ပိုးပေးနိုင်မလဲ၊ ဒါဟာ အစိုးရရဲ့ မတရား ဖိနှိပ်ချုပ်ချယ်မှုရဲ့ ရလဒ်ပါပဲ။ ပြည်သူတွေနဲ့ ကော်ပိုရေးရှင်းတွေရော ဒီပေါ်လစီကို စွဲလန်းနေပြီး ရုပ်ကြွင်းလောင်စာတွေကို အလွဲသုံးစားလုပ်မှုတွေ ဖြစ်လာစေတယ်လို့ ပုဂ္ဂိုလ်ရေးအရ ထင်ပါတယ်။
အဲ့ဒိအချိန်မှာပဲ ကုန်သွယ်မှုဈေးကွက်မှာ ကိုရီးယားရဲ့ ပြိုင်ဘက်တွေက ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြင့် လာနေတယ် ။ ဥပမာအနေနဲ့ပြောရရင် ဂျာမနီက ဟိုက်ဒရိုဂျင်နည်းပညာကို အသုံးပြုပြီး သံမဏိ ကုမ္ပဏီများကို ငွေကြေးအရ ပံ့ပိုးပေးနေတယ် ။ ရုပ်ကြွင်းလောင်စာများအစား ဟိုက်ဒရိုဂျင်ကို အသုံးပြု၍ သံထုတ်လုပ်မှုကို ခွင့်ပြုပေးနေတယ်။ စီးပွားဖြစ်လုပ်ဖို့ အလွန်စျေးကြီးပြီး အချိန်ကုန်တာမှန်ပေမဲ့ ရေရှည်မှာ အစိုးရရဲ့ ပံ့ပိုးမှုကြောင့်စျေးကွက် ကိုလွှမ်းမိုးသွားနိုင်ပါတယ် ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စျေးကွက်ချဲ့ထွင်မှုအား တစိုက်မတ်မတ် မြှင့်တင်ပေးသည့် အစိုးရမူဝါဒများ ပေါင်းစပ်ခြင်းနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုခြင်း၏ အရေးပါပုံကို အများပြည်သူသိရှိနားလည်ဖို့ကို လုပ်ထားပြီး အပြောင်းအလဲကို ဦးဆောင်သွားစေချင်ပါတယ်။
မောင်ယဿ ဘာသာပြန်သည်

About The Author

greenness_mm

No Comments

Leave a Reply