အစိမ်းရောင်အနာဂတ်ရဲ့ အကျိုးကျေးဇူးများနဲ့ သက်ရောက်မှုများ ဆိုင်ရာ အမေးအဖြေ အပိုင်း ၂

အစိမ်းရောင်အနာဂတ်ရဲ့ အကျိုးကျေးဇူးများနဲ့ သက်ရောက်မှုများ ဆိုင်ရာ အမေးအဖြေ အပိုင်း ၂

REM ။ ။ အမေရိကန်ပြည်ထောင်စုမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အခြေခံတဲ့ စီးပွားရေးစနစ်ဆီ ပြောင်းလိုက် တာဟာ အမေရိကန် အလုပ်သမား လူတန်းစားအားလုံးကို အေးခဲသွားစေမယ့် အချက်ပါပဲ။ သက်ကြီးလုပ်သား တွေနဲ့ သတ္တုတူးဖော်ရေး လို လုပ်ငန်းတွေမှာ အလုပ်ရှင်တွေအတွက် အခက်ဆုံးဖြစ်လိမ့်မယ်လို့ ပြောကြပါတယ်။ ဒါကို မင်းဘာပြောမလဲ။

Adib ။ ။ဒါက အရမ်းလိုအပ်တဲ့ ဆွေးနွေးမှုပါ။ စွမ်းအင်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများကို ကြည့်ရှုပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ရုပ်ကြွင်းလောင်စာကဏ္ဍများကို နှိုင်းယှဉ်ဖော်ပြတဲ့ အစီရင်ခံစာတစ်ခုကို ကျမ ဖတ်ရပါတယ်။ ရုပ်ကြွင်းလောင်စာနဲ့ ပတ်သက်တဲ့ အလုပ်တွေရဲ့ ၇၀% ကို ပြန်လည်မလေ့ကျင့်ဘဲနဲ့တောင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို တိုက်ရိုက်လွှဲပြောင်းပေးနိုင်တယ်ဆိုတာပါပဲ။ ဥပမာအားဖြင့်၊ သတ္တုတူးဖော်ရေးနဲ့ပတ်သက်လာရင်၊ ဒီအလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုတွေကို တိုက်ရိုက်လွှဲပြောင်းနိုင်တဲ့ နယ်ပယ်တစ်ခုကတော့ ဘူမိအပူဓာတ်ပါပဲ။
လက်ရှိဆွေးနွေးမှုရဲ့ နောက်ထပ်ကဏ္ဍတစ်ခု ရှိပါသေးတယ်။ စွမ်းအင်ကဏ္ဍတစ်ခုမှတစ်ခုသို့ လွှဲပြောင်းခြင်း အနေနဲ့ ကျမတို့က လူတွေရဲ့စိတ်ထဲမှာစိတ္တဇဖြစ်သွားနိုင်တဲ့ အလုပ်များအကြောင်း ပြောရုံမျှ မကသေးပါ။ ကမ္ဘာလုံးဆိုင်ရာ အသွင်ကူးပြောင်းမှု ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ် ကျမတို့ ကြည့်ရှုတဲ့အခါမှာ ဒေသတစ်ခုရဲ့ အသွင်ကူးပြောင်းမှုက အခြားနယ်ပယ်တစ်ခုရဲ့ အသွင်ကူးပြောင်းမှုနဲ့ ကွာခြားသွားမယ် ဆိုတာကို အသိအမှတ်ပြုရမှာပါ ။

REM ။ ။ “ရေရှည်တည်တံ့မှု” လိုမျိုး သဘောတရားတွေအကြောင်း စပြောလာတဲ့အခါ… အဲဒါက မတူညီတဲ့ လူတွေနဲ့ မတူညီတဲ့ အကြောင်းအရာတွေကို တစ်မျိုးတစ်ဖုံ အဓိပ္ပာယ်သက်ရောက်သွားစေနိုင်ပါသလား ။

Adib ။ ။ ရိုးရိုးသားသားပြောရရင် ကျမတို့ရဲ့ REN21 က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် တစ်ဖက်မှာ လှုံ့ဆော်မှုတွေကို လုပ်နေသလို တစ်ဖက်ကလည်း အဲ့ဒိကိစ္စတွေနဲ့ ပတ်သက်လာနိုင်တဲ့ အရာများကို လူများကို သတိပေးနေပါတယ် ။ ဒါက ကြီးမားတဲ့ ပညာရေးဆိုင်ရာ အစိတ်အပိုင်းတစ်ခု ပဲဖြစ်ပါတယ် ။ ရှင်က ရေရှည်တည်တံ့မှုဆိုင်ရာကိစ္စတွေကို ပြောလာတော့ ကျမပြောချင်တာက ကျမတို့က ရေရှည်တည်တံ့မှုဆိုင်ရာ ပညာရှင်တွေ မဟုတ်ဘူး ဆိုတာကို အရင်ပြောပြရမှာပဲ ။ ဒါပေမဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆီကိုသွားတဲ့ ဒီကနေ့အလှည့်အပြောင်းမှာ ရေရှည်တည်တံ့မှုလိုတယ်ဆိုတာ အရေးကြီးတယ်မဟုတ်လား ။ ကျမတို့ကို အဲ့ဒိကိစ္စနဲ့ပတ်သက်တဲ့ ပညာရှင်တွေက ပြောလာဆိုတာတယ် ။ အဲ့တော့ ကျမတို့က ပညာပေး အနေနဲ့ လူတွေကို ပြန်လည်ဖြန့်ချီရတာပဲ ဖြစ်ပါတယ်။ ဆိုလိုချင်တာက အကောင်းဆုံးစနစ်တစ်ခုကို တည်ဆောက်ဖို့ပါပဲ ။ အဲ့ဒါပြီးရင် နောက်ထပ်တစ်လှမ်း လှမ်းပြီး စနစ်တစ်ခု၏ အနက်ဖွင့်ဆိုချက်က ခွဲခြမ်းစိတ်ဖြာမှုအတွက် သတ်မှတ် ထားတဲ့ နယ်နိမိတ်များမှ လွှမ်းမိုးမှု ကို နားလည်သဘောပေါက်ရန် လုပ်ရပါမယ်။

နောက်ထပ် ချဉ်းကပ်ပုံက ရေရှည်တည်တံ့မှုသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆွေးနွေးမှုရဲ့တစ်စိတ်တစ်ပိုင်းမျှသာမဟုတ်ဘဲ ကျမတို့ရဲ့ နေ့စဉ်ဘဝများနှင့်ပတ်သက်နေတယ်ဆိုတာကို သိဖို့လိုပါတယ်။
ဥပမာအားဖြင့်၊ ရှင်က H&M သို့မဟုတ် Zara သို့မဟုတ် GAP တံဆိပ်ပါတဲ့ တီရှပ်တစ်ထည်ဝယ်ရန် လမ်းညွှန်တဲ့ အခါမှာ “အဲ့ဒိတီရှပ်ကို ဘင်္ဂလားဒေ့ရှ်၊ အမေရိကန် သို့မဟုတ် ဥရောပတွင် ထုတ်လုပ်သည်ဆိုတဲ့ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ကြောင့် ဘာတွေကွဲပြားသွားတယ်ဆိုတာကို ရှင်တို့သိပါတယ် ။ အဲဒီနေရာတွေမှာ ကွဲပြားတဲ့ စံနှုန်းတွေအပေါ် မူတည်ပြီး သက်ရောက်မှုတွေက ကွဲပြားပါတယ်” ဒါက စားသုံးသူတိုင်း နားလည်တဲ့ အရာပါ။ အချိန်ကြာလာသည်နှင့်အမျှ၊ ကျမတို့က ဤဥပမာမျိုးများ၏ စွမ်းအားကို အမှန်တကယ် သိရှိနားလည်မှုများစွာ ရရှိလာမယ်လို့ ထင်ပါတယ်။
တစ်ဖက်မှာလည်း ဒေတာအဟောင်းများနှင့် ဒေတာအသစ်များ၊ ဒေတာစုဆောင်းမှုတွင် ခေတ်ရေစီးကြောင်း အသစ်များရှိပြီး တစ်ချိန်တည်းမှာပဲ ရှုပ်ထွေးသောအကြောင်းအရာ-ရေရှည်တည်တံ့မှု—တစ်ကမ္ဘာလုံးအတွက် အကျုံးဝင်သော ဒေတာကိုရရှိရန် ကျမတို့တို့ကြိုးစားနေပါတယ်။

ဒါကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုကြည့်လျှင် … ကမ္ဘာ့အတိုင်းအတာအရ၊ ၎င်းသည် ဒေတာကိုအခြေခံ၍ ရေရှည်တည်တံ့ဆုံးသော စွမ်းအင်အရင်းအမြစ်ဖြစ်တယ်ဆိုပေမဲ့ ဒေသခံတွေအပေါ် ဘယ်လောက် အကျိုး သက်ရောက်မှုတွေ ရှိလာမယ်ဆိုတာကို ကြည့်ရမှာပါ။ ဥပမာပြောရရင် ရေအားလျှပ်စစ်စီမံကိန်း တစ်ခုကို တည်ဆောက်ပြီး ဒေသတစ်ခုလုံးကို မီးပေးမယ်ဆိုကြပါစို့ ၊ အဲ့ဒိစီမံကိန်းက ရေအားလျှပ်စစ်မရှိတဲ့ ဒေသနဲ့ ဘယ်လောက်ကွာခြားသွားလဲ ဆိုတာကို နှိုင်းယှဉ်ကြည့်ဖို့ ဆိုတာကိုပါပဲ ။

ကျမတို့က စီမံကိန်းများရဲ့ ဖြစ်နိုင်ချေရှိတဲ့ သက်ရောက်မှုများကို အသိအမှတ်ပြုရန် လိုအပ်ခြင်းဆီသို့ ပြန်သွားစေတာပါ ။ သက်ဆိုင်သူများရဲ့ တက်ကြွစွာပါဝင်မှု၊ အကျိုးခံစားခွင့်များ ပြန်လည်ခွဲဝေမှု၊ ပစ္စည်းအသုံးပြုမှုဆိုင်ရာ ရေရှည်တည်တံ့မှု စံချိန်စံညွှန်းများ လက်ခံကျင့်သုံးမှု၊ အမှိုက်သိမ်းခြင်း တားမြစ်ခြင်း စသည်ဖြင့် သက်ရောက်မှုများကို လျှော့ချရန် ဖြေရှင်းချက်နှင့် လျော့ပါးသက်သာစေရေး ဗျူဟာများစွာ ပါဝင်ပါတယ် ။ အဲ့ဒါက အနုတ်လက္ခဏာသက်ရောက်မှုများကို လျှော့ချနိုင်သည့် မူဝါဒအဖြေတွေပါပဲ ။ ဇာတ်လမ်းရဲ့ အခြားအပိုင်းမှာက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုကို သိသိသာသာ တိုးမြှင့်ရန်အတွက် အပြုသဘောဆောင်သော သက်ရောက်မှုများစွာရှိနေပါတယ် ။

လက်ရှိ ခံနိုင်ရည်ရှိတဲ့ စွမ်းအင်ထောက်ပံ့မှု မရှိတဲ့ နိုင်ငံများကို ကြည့်တဲ့အခါမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်က အဲ့ဒိပန်းတိုင်ကို ရောက်ရန် အသက်သာဆုံးနှင့် အမြန်ဆုံးနည်းလမ်းဖြစ်ကြောင်း သက်သေပြနေပါတယ်။ ဒါကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျတယ်။ ၎င်းသည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သို့ ကူးပြောင်းခြင်း၏ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများက ဒေသဆိုင်ရာ ဆိုးကျိုးသက်ရောက်မှု များထက် သာလွန်ပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲမှုကဲ့သို့ ရှုပ်ထွေးသည့်အရာတစ်ခုအကြောင်းကို ကျမတို့ပြောဆိုတဲ့အခါမှာ ၊ သိမ်မွေ့တဲ့ ချဉ်းကပ်မှုတစ်ခု လိုအပ်ပါတယ် ။ နောက်ပြီး ပြောစရာတွေ အများကြီး ပါနေပါတယ် ။ အဲ့ဒါကို ထည့်စဉ်းစားပြီ ဆိုရင် လူ့အဖွဲ့အစည်း က အလုပ်ကောင်းကောင်း မလုပ်တော့ပါဘူး ။ ကျမတို့က မတူညီတဲ့ ချဉ်းကပ်ပုံအတွက် အချက်အလက်တွေကို စုဆောင်းပေးတာပါ ။ အဲ့ဒါမှမဟုတ်ရင် အခြေအနေတွေက နောက်ကြောင်းပြန်လှည့်သွား နိုင်လို့ပါ။

REM ။ ။ နောက်ဆုံးမေးခွန်းတစ်ခု။ အခု အစီရင်ခံစာထွက်လာတော့ ဘယ်သူက အဲဒါကို ကောက်ယူပြီး တွေ့ရှိချက်တွေကို လက်တွေ့အကောင်အထည်ဖော်မယ်လို့ ထင်ပါသလဲ။

Adib – ဒီအစီရင်ခံစာမှာ မတူညီတဲ့လုပ်ဆောင်ချက်တွေ အများကြီးရှိတယ်လို့ ကျမထင်ပါတယ်။ ပထမဦးစွာ၊ လူစုလူဝေးအရင်းအမြစ် စာရွက်စာတမ်းတစ်ခုအနေဖြင့် ၎င်းတို့ရဲ့အမြင်နဲ့ စိုးရိမ်ပူပန်မှုများကို အလေးအနက် ထားဆောင်ရွက်ခဲ့ကြောင်း ပါဝင်ပတ်သက်သူများထံ မက်ဆေ့ချ်ပေးပို့ပါတယ်။ ဒီ အစီရင်ခံစာအတွက် အလွန် အရေးကြီးသော အခြားအချက်မှာ ဖြေရှင်းချက်များရှိနေသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်း များနှင့် ဆက်စပ်နိုင်သည့် အနုတ်လက္ခဏာသက်ရောက်မှုများနှင့် ပတ်သက်လာသောအခါ ကဏ္ဍသည် ဖြေရှင်းချက် ရှာဖွေရန် အလွန် ပွင့်လင်းကြောင်း ရှင်းလင်းသော သတင်းစကား ပေးပို့ခြင်းဖြစ်ပါတယ်။ လက်ရှိနှင့် အနာဂတ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပစ်မှတ်များကို အကောင်အထည်ဖော်ခြင်းဖြင့် ကျမတို့ရှေ့ ဆက်သွား ရာတွင် စုဆောင်းရရှိထားသော အသိပညာများကို ဖြန့်ကျက်ပြီး လက်တစ်ကမ်းအကွာတွင် အလွယ်တကူ ထားနိုင်စေရန်အတွက် ဖြစ်ပါတယ်။

မောင်ယဿ

About The Author

greenness_mm

No Comments

Leave a Reply