အစိမ်းရောင်အနာဂတ်ရဲ့ အကျိုးကျေးဇူးများနဲ့ သက်ရောက်မှုများ ဆိုင်ရာ အမေးအဖြေ

အစိမ်းရောင်အနာဂတ်ရဲ့ အကျိုးကျေးဇူးများနဲ့ သက်ရောက်မှုများ ဆိုင်ရာ အမေးအဖြေ

အပြောင်းအလဲမှာ အကျိုးဆက်တွေရှိပါတယ်။ ဒါပေမဲ့ အချို့သော ရည်မှန်းချက်တွေက သင့်လျော်တဲ့ ရှုထောင့်မှာ လျင်မြန်စွာ ချဲ့ထွင်ဖြေရှင်းမှုများရဲ့ ဖြစ်နိုင်ချေရှိတဲ့ ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားထားရန် အရေးကြီးပါတယ်။ အဲ့ဒိအချက်က ပြန်လည်ပြည့်ဖြိုးခြင်းစွမ်းအင်အသုံးပြုမှုရဲ့ နောက်ကွယ်က အကြောင်းတွေမှာလည်း အကျုံးဝင် ပါတယ်။ REN21 ဆိုတာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မူဝါဒအပေါ် အာရုံစိုက်ထားသည့် တွေးခေါ်ပညာရှင်နှင့် အစုအဖွဲ့ပေါင်းစုံ အုပ်ချုပ်မှုအဖွဲ့ဖြစ်ပါတယ် ။ REN21 ရဲ့ ရည်မှန်းချက်က မူဝါဒဖွံ့ဖြိုးတိုးတက်မှု၊ အသိပညာ ဖလှယ်မှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ လျင်မြန်သော ကမ္ဘာလုံးဆိုင်ရာအကူးအပြောင်းသို့ ဦးတည်သော ပူးပေါင်းလုပ်ဆောင်မှုများကို လွယ်ကူချောမွေ့စေရန်ဖြစ်ပါတယ် ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှု ကို ပံ့ပိုးရန်နဲ့ အရှိန်မြှင့်ရန်အတွက် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က အတူတကွပူးပေါင်းခဲ့တဲ့ REN21 မှ မကြာသေးမီက ထုတ်ဝေခဲ့တဲ့ စွမ်းအင်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှု အစီရင်ခံစာတစ်ခု ထုတ်ဝေခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး အစိမ်းရောင်အနာဂတ်ရဲ့ အကျိုးကျေးဇူးများနဲ့ သက်ရောက်မှုများ ဆိုင်ရာကိစ္စကို Renewable Energy Magazine ( REM )က REN21 မှ Rana Adib ကို အင်တာဗျူးခဲ့ပါတယ်။
REM ။ ။ ပထမဦးဆုံး ဒီအင်တာဗျူးအတွက် ကျေးဇူးတင်ပါတယ် ။ ကျနော်တို့ရဲ့ စာဖတ်သူတွေအတွက် REN နဲ့ပတ်သက်တဲ့အကြောင်းလေး အကျဉ်းချုပ်လေးပြောပေးပါဦး ။
Rana Adib ။ ။ REN21 ဆိုတာ အစိုးရများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စက်မှု လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ အပြင် သိပ္ပံနှင့်ပညာရပ်ဆိုင်ရာအသိုင်းအဝိုင်းများမှ လူများ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ လို့ အကြမ်းဖျဉ်း ပြောပါရစေ ။ အဲ့ဒိအဖွဲ့မှာပါဝင်တဲ့ သူတွေက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းသွား စေရန် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြပါတယ်။
မတူညီတဲ့သက်ဆိုင်သူအများအပြားပါဝင်တဲ့ ဘယ်လုပ်ငန်းစဉ်မဆို ရှုတ်ထွေးနေမှာဖြစ်ပေမဲ့ အစုအဖွဲ့ပေါင်းစုံရဲ့ ကြိုးပမ်းအားထုတ်မှုက အကျပ်အတည်းကိုဖြေရှင်းရာမှာ အင်အားတစ်ခုလည်းဖြစ်နေမယ်လို့ ကျမထင်ပါတယ် ။ ဒါပေမဲ့ ကျမတို့က သတင်းအချက်အလက်ဆိုင်ရာ ကျယ်ပြန့်တဲ့ ကွန်ရက်တစ်ခုကို အမှန်တကယ်တည်ဆောက် ထားတာဖြစ်ပါတယ် ။
ဖွဲ့စည်းတည်ဆောက်ပုံအရ ကျမတို့မှာ အဖွဲ့ဝင် ၁၁၀ ရှိပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ကျမတို့ရဲ့ အဖွဲ့က အဖွဲ့ဝင် ၄၀၀၀ ကျော်ရှိပါတယ် ။ ကျမတို့ တကယ်လုပ်နေတာက လူစုလူဝေးအရင်းအမြစ် ဒေတာနဲ့ အချက်အလက်များကို ဦးစွာ အသိပေးရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ထင်ရှားစွာ ထောက်ခံ အားပေးရန်၊ ခက်ခဲတဲ့ ဆွေးနွေးမှုများအတွက် နေရာတစ်ခု ဖန်တီးရန်၊ ချဉ်းကပ်မှုများနှင့် ကမ်းလှမ်း ထားသည့် သဘောထားများကို စုစည်း ထားဖို့အတွက် လုပ်ထားတာပါလို့ ဆိုပါရစေ ။
REM ။ ။ အခု REN21 ကနေထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး အလွန်စိတ်ဝင်စားဖွယ်ကောင်းတဲ့ အရာတစ်ခုက “ဟုတ်ကဲ့၊ ကျွန်တော်တို့ ဒီစွမ်းအင်ပြောင်းလဲမှု လိုအပ်ပါတယ် ဒါပေမယ့် တန်ပြန်သက်ရောက်မှု တွေတော့ ရှိတယ်ဆိုတာ သတိထားဖို့ လိုပါတယ်” ဆိုတဲ့ စာသားပါပဲ ။ အဲ့ဒါလေးကို ရှင်းစေချင်ပါတယ် ။ ဆိုချင်တာကဗျာ အဲ့ဒိအစီရင်ခံစာကို ဖတ်ပြီးမှာ လူတွေက မကြာခဏ ကိုယ့်ပတ်ဝန်းကျင်တွင် တည်ဆောက်နေ ကြတဲ့ စိတ်ပိုင်း ဆိုင်ရာ စည်းဝိုင်းထဲကနေ အခြေအတင်ပြောနေတာတစ်ခုကို ချိုးဖျက်လိုက် သလို ခံစားလိုက်ရလို့ပါပဲ ။
Adib ။ ။ ကျမ သဘောတူပါတယ်။ စွမ်းအင်အကူးအပြောင်းတစ်ခု အမှန်တကယ်ဖြစ်လာစေရန်အတွက် ကျမတို့မှာ စွမ်းအင်ပံ့ပိုးသူများ၊ စွမ်းအင်သုံးစွဲသူများ၊ ဘဏ္ဍာရေးကဏ္ဍ သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်လုံး အတွက် စျေးကွက်ကစားသူများအကြား ပံ့ပိုးကူညီမှု တည်ဆောက်ရန် လိုအပ်ပါတယ် ။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို မြှင့်တင်နိုင်ရေးအတွက် ကျမတို့ရဲ့ ချဉ်းကပ်ပုံကို ပုံဖော်ထားသည့်အချက်ကတော့ ကမ္ဘာလုံးဆိုင်ရာ လူမှုအခြေအတင် ဆွေးနွေးမှုလုပ်ဖို့ပါပဲ ။ မူဝါဒနှင့် စည်းမျဉ်းတွေလိုတယ်လေ။ ဥပမာအားဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ပြောင်းရွှေ့ခြင်း၏ စီးပွားရေးအကျိုးအမြတ်ကို ကစားသမားအားလုံးထံ ပြန်လည် ဖြန့်ဖြူးပေးမှာဖြစ်ကြောင်း သေချာစေချင်တာပါပဲ ။ ဒါကြောင့် မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများက အဓိကအခန်းကဏ္ဍမှာ ပါဝင်ပေမဲ့ အမှန်တကယ် ဒေတာနှင့် အချက်အလက်များ ပေးဆောင်ခြင်းနှင့် အဆိုပါ ဆွေးနွေးငြင်းခုံမှုများ ပြုလုပ်ရန် နေရာတစ်ခု ပံ့ပိုးပေးထားဖို့ လိုတယ်ဆိုတာကို ပြချင်တာပါ ။
REM ။ ။ အမေရိကားမှာ ဘိုင်ဒန်အစိုးရက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ လုပ်ဆောင်ချက်များကို ကြီးမားစွာ ချဲ့ထွင်နေတာကို ကျနော်တို့တွေ့မြင်ခဲ့ရပါတယ် ။ များပြားလှတဲ့ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ဆောင်နေပေမဲ့ လာမယ့်အနာဂတ် လမ်းကြောင်းတစ်လျှောက် ကျနော်တို့ ဖြေရှင်းရမယ့် သက်ရောက်မှုအချို့က ဘာတွေဖြစ်မလဲ ။
Adib- ကျမအမြင်ကိုပြောရရင် ဘာတွေ ဘယ်လို အကြီးကြီးတွေပဲ လုပ်လုပ် ရေရှည်တည်တံ့ခိုင်မြဲရေး ကိစ္စကို ခေါင်းထဲမတည့်ထားရင်တော့ အလကားပါပဲ ။ အဲ့ဒိနေရာမှာ အဓိက ခေါင်းစဉ် ၃ ခုရှိပါတယ်။ နံပါတ် ( ၁ ) က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုပါ ။ ကျမတို့က အသွင်ကူးပြောင်းရေးအတွက် ရှေ့ကိုတိုးနေစဉ်မှာ ၊ စီမံကိန်းတွေအတွက် မြေယာအသုံးချမှု ၊ ရေထုအပေါ် ဘယ်လိုတွေ သက်ရောက်လာမလဲ ၊ ဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲအပေါ် သက်ရောက်မှုကရော ဘယ်လိုလဲ ဆိုတာတွေကို ထည့်စဉ်းစားရပါမယ်။ နံပါတ် ( ၂ ) အဲ့ဒိနယ်ပယ်မှာ သုံးမယ့်သတ္တုတွေရယ်၊ အခြားဓာတုပစ္စည်းတွေနဲ့ ဆက်စပ်နေတဲ့ အရာအားလုံး ဖြစ်ပါတယ်။ အဲ့ဒိဓာတ်သတ္တုတွေကို တူးဖော်ဖို့အတွက် သတ္တုတွင်းတွေကိစ္စ တွေကို ထည့်စဉ်းစားဖို့လိုနေပါတယ်။ နံပါတ်( ၃ ) ကတော့ စွမ်းအင်တရားမျှတမှုပါပဲ ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်က လူမှုအသိုင်းအဝိုင်းနှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေ အပေါ်ကို ဘယ်လောက်သက်ရောက်မှုရှိမယ် ဆိုတာကို စဉ်စားဖို့လိုပါတယ်။
မောင်ယဿ

About The Author

greenness_mm

No Comments

Leave a Reply