အစိုးရကို အားမကိုးတော့ဘဲ ကိုယ့်ဒေသကို ကိုယ်ကာကွယ်လိုက်တဲ့ ကာဘိုပယ်မို ဒေသခံတွေ

အစိုးရကို အားမကိုးတော့ဘဲ ကိုယ့်ဒေသကို ကိုယ်ကာကွယ်လိုက်တဲ့ ကာဘိုပယ်မို ဒေသခံတွေ

ကာဘိုပယ်မို ဆိုတာ မြောက်အမေရိကားတိုက်ရဲ့ ပစ္စိဖိတ်ဖက်အခြမ်းမှာ လက်ချောင်ပုံအတက်ကလေးရဲ့ ထိပ်ဆုံးပိုင်းဒေသဖြစ်ပြီး မက္ကဆီကိုနိုင်ငံရဲ့အပိုင်ဖြစ်ပါတယ်။
ဘာဂျာကယ်လီဖိုးနီးယားကျွန်းဆွယ်ရဲ့ အရှေ့ဖက်ခြမ်း မှာရှိပြီး ၆၂မိုင်ရှည်တဲ့ ကမ်းခြေ လှလှလေး တစ်ခုရှိပါတယ်။
အဲ့ဒိကမ်းခြေရဲ့ သက်တမ်းက နှစ် ၂သောင်းကျော် ကြာပြီဖြစ်ပေမဲ့ လူသိများတာမကြာသေးပါဘူး ။ အရှေ့ပစ္စိဖိတ် မြောက်ပိုင်းက တစ်ခုတည်းသော သန္တာကျောက်တန်းကြီး ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။
အဲ့ဒိကမ်းခြေနဲ့ အပြိုင် လက်ချောင်းပုံသန္တာကျောက်တန်းတွေ က ကမ်းလွန်ရေနက်ပိုင်းမှာ ရေသတ္တဝါတွေအတွက် အကောင်းဆုံး အိမ်ရာတစ်ခုဖြစ်ခဲ့ပါတယ်။
၁၉၉၅မှာ မက္ကဆီကို အစိုးရက အမျိုးသား အဏ္ဏဝါ ဥယျာဉ်အဖြစ်ကြေညာခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းထဲကို ထည့်သွင်းပြီးချိန်မှာ အဲ့ဒိနေရာကို ကမ္ဘာလှည့် ခရီးသည်တွေ အရောက်အပေါက် များလာခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဖို့ အတွက် အစိုးရကို တိုက်တွန်းခဲ့ တောင်းဆိုခဲ့ဖူးပေမဲ့ အစိုးရဘက်က တုတ်တုတ် မလှုတ်လို့ ဒေသခံတွေကပဲ ထိန်းသိမ်းရေးတွေ လုပ်နေရပါတယ်။
အဏ္ဏဝါဥယျာဉ် ဖြစ်လာဖို့အတွက် ဒေသခံတွေကပဲ အစိုးရ ဆီက တောင်းခဲ့တဲ့ အတွက် သန္တာကျောက်တန်းက မပျက်ဆီးပဲ ကျန်ခဲ့တာပါ။ ၁၉၆၀ မတိုင်ခင်က ရိုးရာ ငါးဖမ်းလုပ်ငန်းလောက်ပဲ ရှိတာကို အစိုးရက စီးပွားဖြစ် ငါးဖမ်းလိုင်စင်တွေ ချပေးလိုက်ချိန်မှာ ငါးမျိုးတော်တေ်ာများများတုံး သွားလုနီးပါဖြစ်ခဲ့ပါတယ်။
အခုဆိုရင် ကာဘိုပယ်မိုမှာ ငါးမျိုးစိတ် ၂၀၀ လောက်ပဲ ရှိပါတော့တယ်။ လူသိများထင်ရှားလာတဲ့အတွက် ဒေသခံတွေက ကိုယ်ဒေသ ကိုယ်ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံတွေကို လုပ်လာကြပါပြီ။ ဒေသခံတွေက လူဦးရေတိုးလာတာရယ်၊ ရင်နှီးမြုတ်နှံမှုတွေ တိုးဝင်လာတဲ့အတွက် သူတို့အပေါ်ကို လွှမ်းမိုးသွားမှာ ကိုစိုးရွံ့လာကြပါတယ်။
၂၀၁၆ လောက်ကစပြီး မြေနဲ့ နေရာတွေကို မရောင်းစားကြဖို့ ၊ ဒေသတွင်း စက်မှုလုပ်ငန်းတွေကို မလိုအပ်ဘဲ မချဲ့ထွင်ဖို့ ၊ နယ်သားတွေအားလုံး သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးလုပ်ငန်းတွေ လုပ်ဖို့ အစရှိတဲ့ အစီအမံ တွေကို သူတို့ လုပ်နေကြပါတယ်။
ဒေသခံ အများစုကတော့ အဲ့ဒိအစီအမံတွေကို အားလုံးနီးပါ လိုက်လုပ်ကြပါတယ်။ နောက်ဆုံးတော့ အစိုးရကို အားကိုးလို့ မရင် ဒေသခံတွေက ကိုယ်တိုင်စီမံပြီး ကမ္ဘာ့ ပထမဆုံး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူ့အဖွဲ့အစည်းကိုထူထောင်နိုင်ခဲ့ပါတယ်။
မောင်ယဿ
REF; mongabay
photo : mongabay

About The Author

greenness_mm

No Comments

Leave a Reply