အပူရှောင်ဖို့ ဘာစီလိုနာမြို့သားတွေ ခေါင်မိုးကို ဆေးဖြူသုတ်

အပူရှောင်ဖို့ ဘာစီလိုနာမြို့သားတွေ ခေါင်မိုးကို ဆေးဖြူသုတ်

စပိန်က ဘာစီလိုနာမြို့ ဆိုတာ နှစ်ပေါင်းများစွာကတည်းက သူတို့ရဲ့ ခေါင်မိုးပေါ်ကနေ လောကကြီးကို ကြည့်တဲ့အရသာကို ကြိုက်နှစ်သက်ခဲ့ကြတဲ့ သူတွေပါ ။ သူတို့ ရဲ့ ခေါင်မိုးကို ဒီဇိုင်မျိုးစုံဆင်ထားကြပြီး ခေါင်မိုးပေါ်က ညရဲ့ ဟင်းလင်းပြင်ရဲ့ အရသာကို ခံစားလေ့ရှိပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုကို သိသိသာသာ ခံစားလာရတဲ့ ဥရောပမှာ အပူလှိုင်းကျရောက်မှု တွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။ အပူလှိုင်းရဲ့ ဆိုးဝါးမှုကို ကာကွယ်ဖို့အတွက် ကာတာလန်သားတွေက သူတို့ရဲ့ ခေါင်မိုး တွေကို ဆေးဖြူတွေသုတ်နေကြပါတယ်။

ဘာစီလိုနာမြို့လယ်ဆိုတာ သာမန်အချိန်ဆိုရင်တောင် မြို့စွန် အိမ်ခြေနည်းတဲ့ ဒေသနဲ့ ယှဉ်ကြည့်လိုက်ရင် ၈ ဒီကရီ ဆဲစီယက်လောက် အမြဲပို နေလေ့ရှိပါတယ်။ အပူလှိုင်း ကျပြီဆိုရင် ဘာစီလိုနာမြို့လယ်က နေလို့မရ အောင်ကို အပူကြီးပါတယ်။

ဘာစီလိုနာတက္ကသိုလ်က ပညာရှင်တွေ ပြည်သူတွေ လက်တွေ့ခံစားနေရဲ့ အပူကြီးတဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို စဉ်းစားရင်းက အခုလိုမျိုး ခေါင်းမိုးတွေကို ဆေးဖြူ သုတ်ကြဖို့အတွက် အဖြေတစ်ခုကို ထုတ်ပြလိုက်ပါတယ်။

သိပ္ပံပညာရှင်တွေ က စက်မှုတော်လှန်ရေး နောက်ပိုင်းကနေ ဒီနေ့အထိ ကမ္ဘာကြီက ၁ဒီကရီခွဲ လောက် ပိုပူလာတယ်လို့ ဆိုကြပေမဲ့ ။ ဥရောပမှာက ၁. ၇ ကနေ ၂ ဒီကရီထိလောက်ကို အပူရှိန် တက်နေပါတယ်။

လူနေထူထပ်တဲ့ မြို့တွေမှာဆိုရင် ၂ ဒီကရီလောက်ကို ပိုပူပါတယ်။ ၂၀၂၀ ကဆိုရင် ဘာစီလိုနာက နှစ် ၂၀၀ အတွင်း အပူဆုံး နှစ်ဖြစ်ခဲ့ပါတယ်။
တစ်နှစ်လုံး ပျှမ်းမျှ အပူချိန်က ၁၆.၈ ဒီကရီ ဆဲစီယက် အထိဖြစ်ခဲ့ပါတယ်။

အဲ့ဒိအပူကြီးမှုကို လျှော့ချနိုင်ဖို့အတွက် ပညာရှင်တွေက ခေါင်မိုးတွေကို ဆေးဖြူသုတ်ပြီး အပူလျှော့ချနိုင်အောင် တိုက်တွန်း ခဲ့ပါတယ်။ ခေါင်းမိုး ဆေးဖြူသုတ်ထားတဲ့ အိမ်တွေက ၄. ၇ ဒီကရီ ဆဲစီယက်အထိ အပူကိုချနိုင်ခဲ့ပါတယ်။

“ မြို့ ပြဆိုတာ အပူတွေအောင်းနေတဲ့ နေရာပါ။ ကျမတို့ အဲ့လိုအပူတွေစုနေတဲ့ နေရာမှာ အပူလှိုင်းကျ ရောက်တာကို သက်သာအောင် ခေါင်းမိုးတွေဆေးဖြူသုတ်ဖို့ အကြံပေးနိုင်ခဲ့ပါတယ်’ လို့ သုတေသီ ဆာဂျီဗန်ကျူရာက ဆိုပါတယ်။ အခုဆိုရင် အချို့ အဆောက်အအုံတွေက ခေါင်မိုးတင်မကဘူး ဘေးနံရံ တွေကိုပါဆေးဖြူတွေ သုတ်လာကြပါပြီ ။

“ ဘာပဲဖြစ်ဖြစ် လူတွေ အပူလှိုင်းဒဏ်ကို ကုန်ကျစာရိတ်နည်းနည်း နဲ့ ကာကွယ်နိုင်တဲ့အတွက် ဝမ်းသာ ရပါတယ်။ ဘာစီလိုနာမှာ မာစတာပလန်ရှိပါတယ်။ လတ်တလောကိစ္စ ကို အိုင်ဒီယာကောင်းကောင်းနဲ့ ဖြေရှင်းနိုင်ခဲ့တာက ပညာရှင်တွေကို ကျေးဇူးတင်ပါတယ်လို့ မြိုခံစေတနာ့ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

မောင်ယဿ ( ဇန် ၁၂ )
REF: euronews
Photo : euornews

About The Author

greenness_mm

No Comments

Leave a Reply