အမေရိကန်တွေက ရေပေးတူးမြောင်းတွေပေါ်မှာ ဆိုလာတွေ တည်ဆောက်နေ

အမေရိကန်တွေက ရေပေးတူးမြောင်းတွေပေါ်မှာ ဆိုလာတွေ တည်ဆောက်နေ

၂၀၁၅ ‌တုန်းက ကယ်လီဖိုးနီးယားမှာ ၄နှစ်ဆက် မိုးခေါင်မှု ဖြစ်ခဲ့ပါတယ်။ မြေကြီးခြောက်သွေ့ အက်ကွဲကုန် ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက ပြည်နယ်အတွင်း ရေသုံးစွဲမှုကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့အတွက် အမိန့်ထုတ်ခဲ့သလို ရေအများအပြားသုံးစွဲတဲ့ လယ်သမားတွေကတောင် ရေသုံးစွဲမှုကို စေတနာ့ဝန်ထမ်းအဖြစ် လျှော့သုံးခဲ့ရပါတယ်။ ဘရောင်းက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းတွေ အများကြီးလုပ်ခဲ့ပါတယ် ။ အဲ့ဒိနောက်မှာတော့ ကယ်လီဖိုးနီးယားမှာ ရာသီဥတုဖောက်ပြန်မှု လျော့ပါးလာတာကို တွေ့လာရပါတယ် ။
ပြီးခဲ့တဲ့ နှစ်တွေက ကယ်လီဖိုးနီးယားမှာ စံချိန်တင်အပူလှိုင်းကျတာတွေ ၊ တောမီးအကြီးအကျယ်လောင်တာတွေ ၊ ကော်လိုရာဒိုမြစ်ရေကျဆင်းသွားတာတွေ နဲ့ရာသီဥတုဖောက်ပြန်မှုဖြစ်လာတာတွေက စွန့်ဦးတီထွင်သူတွေ ဖြစ်တဲ့ ဂျော်ဒန်ဟာရစ်နဲ့ ရော်ဘင်ရာဂျ်တို့ကို ဆည်မြောင်ဖုံး ဆိုလာပြားတွေ တပ်ဆင်ဖို့အတွက် စိတ်ကူးရသွား စေပါတယ် ။ သူတို့ရဲ့ အိုင်ဒီယာကတော့ ရိုးရှင်းပါတယ် နေအလင်းရောင်ကောင်းကောင်းရတဲ့ ဒေသတွေက ဆည်မြောင်းတွေမှာ ရေငွေ့ပြန်ခြင်း လျှော့နည်းသွားအောင်နဲ့ ဆိုလာစွမ်းအင်ကနေ လျှပ်စစ်ထုတ်ယူဖို့အတွက်ပဲ ဖြစ်ပါတယ်။ အဓိကကတော့ ရေရှားပါးတဲ့ ဒေသတွေမှာ အဲ့ဒိစနစ်ကို အကောင်အထည်ဖော်နေတာပါပဲ။
ကယ်လီဖိုးနီးယားတက္ကသိုလ်၊ Merced ကလုပ်တဲ့ လေ့လာမှာ ကယ်လီဖိုးနီးယားမှာ ရေသွင်းတူးမြောင်း အရှည်က ၆၄၃၇ ကီလိုမီတာရှိပါတယ် ။ အဲ့ဒိတူးမြောင်းတွေမှာ ဆိုလာပြားတွေ လိုက်ခင်းရင် လျှပ်စစ်ဓာတ်အား ၁၃ ဂီဂါဝပ် ထုတ်ပေးနိုင်မှာဖြစ်ပြီး ရေဂါလန် ၆၃ ဘီလီယံ ကယ်တင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒိပမာဏက Los Angeles တစ်မြို့လုံးအတွက် ဇန်နဝါရီလမှ အောက်တိုဘာလဆန်းအထိ မီးပေးဖို့ လုံလောက်ပါတယ် ။
အဲ့ဒိလိုတူးမြောင်းဖုံး ဆိုလာ လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းက အိန္ဒိယနိုင်ငံကို နမူနာယူခဲ့တာပါ ။ လက်ရှိ ဝန်ကြီးချုပ် မိုဒီ က ဂူဂျာရက်ပြည်နယ်အုပ်ချုပ်ရေးမှူးလုပ်တုန်းက အဲ့လိုစီမံကိန်းမျိုးကို စမ်းသက်ခဲ့ဖူးပါတယ် ။ ကုန်ကျစရိတ်‌ ကြောင့်စီမံကိန်း မအောင်မြင်ခဲ့ပါဘူး ။ သူက တူးမြောင်းအရှည် ကီလိုမီတာ ၂သောင်းလောက်ကို ဆိုလာတွေ ခင်းဖို့လုပ်ခဲ့တာပါ ။ လုပ်နေရင်တန်းလန်းမှာ ပိုက်ဆံပြတ်သွားလို့ ရပ်သွားတာပါ ။
ကယ်လီဖိုးနီးယားမှာကတော့ အိန္ဒိယရဲ့ အတွေ့အကြုံကိုအခြေခံပြီး ပိုကောင်းတဲ့ စီမံကိန်းတစ်ခုဖြစ်အောင် လုပ်နေပါတယ် ။ သူတို့တွေက ပြည်ထောင်စုအစိုးရရဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေကရတဲ့ ရန်ပုံငွေ ၊ ဂရင်းပိစ်က ရတဲ့အထောက်အပံ့တွေ ၊ ဒေသခံတွေရဲ့ ထည့်ဝင်ကြေး‌‌‌‌ငွေ ၊ ပြည်နယ်အစိုးရရဲ့ချေးငွေ နဲ့ ရနိုင်သမျှ အထောက်အပံ့တွေ ယူထားလို့ စီမံကိန်းလည်ပတ်ဖို့အတွက် အဆင်ပြေနေပါတယ် ။ တကယ်လို့ တူမြောင်းမိုင် ၈ ထောင် လုံးကိုသာ ဆိုလာတွေနဲ့ အုပ်နိုင်မယ်ဆိုရင်တော့ လျှပ်စစ် ပါဝါ ၂၅ ဂီဂါဝပ်ရနိုင်မယ် လို့ သုံးသပ်ထားပါတယ် ။
မောင်ယဿ
Ref: EURONEWS

About The Author

greenness_mm

No Comments

Leave a Reply