အယ်နီညိုကြောင့် မိုးခေါင်ပြီး ဇင်ဘာဘွေမှာ တောဆင်ရိုင်း အကောင်ရာနဲ့ချီပြီးသေ

အယ်နီညိုကြောင့် မိုးခေါင်ပြီး ဇင်ဘာဘွေမှာ တောဆင်ရိုင်း အကောင်ရာနဲ့ချီပြီးသေ

ဇင်ဘာဘွေနိုင်ငံက အကြီးဆုံး အမျိုးသားဥယျာဉ်ကြီးဖြစ်တဲ့ Hwange မှာ မိုးခေါင်ရေရှားဖြစ်ပြီး တောဆင်ရိုင်း အနည်းဆုံး ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ် ။ နိုင်ငံတကာ တောရိုင်းထိန်းသိမ်းရေးအဖွဲ့ ကတော့ အယ်နီညိုကြောင့် ဖြစ်ရတာလို့ ဆိုပါတယ် ။
အယ်နီညိုကြောင့် ဇင်ဘာဘွေမှာ မိုးအဝင်နောက်ကျပြီး နွေရာသီက ၁လခွဲ နီးပါးလောက် ပိုပြီး ကြာသွားပါတယ်။ အမျိုးဥယျာဉ်ထဲမှာ ဆင်ကောင်ရေ ၄ သောင်းခွဲလောက်ရှိနေရာ သောက်သုံးရေ ကောင်းကောင်းမရလိုက်တဲ့ ဆင်ကောင်ရေ ရာနဲ့ချီပြီ သေဆုံးခဲ့ရတာပါ ။ အဲ့ဒိဥယျာဉ်ထဲမှာ ဆိုလာစွမ်းအင်သုံး ရေပန့် ၁၀၄ ခု ရှိပေမဲ့ အဲ့နေရာတွေကို မလာနိုင်တဲ့ ဆင်တွေ သေကြရတာပဲဖြစ်ပါတယ် ။
ဒီနေ့အထိ မိုးက မရွာသေးလို့ ရေကြိုက်တဲ့ တောရိုင်းတွေ အားလုံးနီးပါး အခက်တွေ့နေကြပါတယ် ။
၂၀၁၉ တုန်းကလည်း ဇင်ဘာဘွေမှာ မိုးခေါင်လို့ ဆင်ကောင်ရေ ၂၀၀ ကျော် သေဆုံးဖူးပါတယ်။ ကမာ္ဘ့ရာသီဥတု ဖောက်ပြန်မှုက တောရိုင်းတွေကို အမှန်တကယ်ထိခိုက်မှုရှိနေပါတယ် ၊ အခုသိရတဲ့ အကောင်ရေက အတိအကျမဟုတ်သေးပါဘူး ၊ နောက်ထပ်သေဆုံးနိုင်သေတဲ့ အကောင်တွေ ရှိနိုင်ပါသေးတယ် လို့ နိုင်ငံတကာ တောရိုင်းရန်ပုံငွေ အဖွဲ့မှ ပြောပါတယ် ။
မောင်ယဿ
REF: news kanataka

About The Author

greenness_mm

No Comments

Leave a Reply