အသက်နှင့်ရင်းပြီး သစ်ပင်ကို ကာကွယ်ခဲ့သော အမျိုးသမီးများ

အသက်နှင့်ရင်းပြီး သစ်ပင်ကို ကာကွယ်ခဲ့သော အမျိုးသမီးများ

ဒီပုံလေးက အိန္ဒိယနိင်ငံ Garhwal တောင်တန်း ဒေသ ရှိ Bishnoi အမည်ရှိတဲ့ရွာလေး တစ်ရွာမှ ပုံပဲဖြစ်ပါ တယ်။ ရုတ်တရက်ကြည့်ရင် တစ်ခုခု အပြစ်ပေးခံရတဲ့ အပြစ်သားတွေလို့လည်း ထင်မြင်နိုင်တဲ့ ပုံလေး ပါ။

ဒါပေမယ့် ဒီပုံရဲ့ နောက်ခံသမိုင်းကတော့တကယ့် ကို လေးစား ချီးကျူးဖွယ် အရမ်းကောင်းသလို သဘာဝကို ချစ်မြတ်နိုးတဲ့ လူနည်းစုလေးတွေရဲ့အကြောင်းတွေရှိနေ ပါတယ်။

“Tree hugger”လို့ သူတို့ကို ခေါ်ဆိုကြသလိုသူတို့ရဲ့ သူတို့ကျေးရွာဝန်းကျင်က သစ်ပင်တွေကို မခုတ်ရလေ အောင် သစ်ပင်အတွက်တစ်ရွာလုံးစုပေါင်းပြီးအရူးအမူး နဲ့ အသည်းအသန်ကာကွယ်ခဲ့ကြတဲ့ ရွာလုံးကျွတ်ပါဝင် သော လှုပ်ရှားမှုကြောင့်

မျက်စိအောက်က အပျောက်မခံနိုင်အောင် ဖက်တွယ် ဆုပ်ကိုင်ထားမှု လို့ သုံးနှုန်းသည့် ဟိန္ဒူဘာသာစကား “Chipko”ဆိုသည့် စကားလုံးနဲ့တင်စားပြီးတော့လည်း ခေါ်ဆိုထားကြပါသေးတယ်။

အခုဖော်ပြပါပုံက၁၉၇၀ ခုနှစ်များအတွင်းက ထပ်မံ ပြုလုပ်ခဲ့တဲ့ Chipko လှုပ်ရှားမှု အတွင်းမှာ သစ်ပင်ကို ကာကွယ်နေတဲ့ Bishnoi ကျေးရွာမှ အမျိုးသမီးတွေရဲ့ ပုံပဲဖြစ်ပါတယ်။

ဒီအကြိမ်ဟာ သူတို့ကျေးရွာလေးရဲ့ ဒုတိယမြောက် လှုပ်ရှားမှုဖြစ်ပြီးပထမဆုံးအကြိမ် ဒီလိုလှုပ်ရှားမှုက တော့၁၇၃၀ ခုနှစ်မှာဖြစ်ပွားခဲ့ပြီး ထိုအချိန် ကာကွယ် ကြသူ ကျေးရွာသူ ကျေးရွာသားတွေအနေနဲ့ အမျိုးသား ၂၉၄ ဦး နှင့် အမျိုးသမီး ၆၉ ဦး အထိ စုပေါင်း ပါဝင်ပြီး ရွာဝန်းကျင်မှ သစ်ပင်တွေကို ခုတ်ယူအသုံးပြုမှုအတွက် ကာကွယ်ခဲ့ကြပြီး သူတို့ရဲ့ ဒီလိုမျိုးလုပ်ရပ်ကထိုအချိန် က အုပ်ချုပ်သူ တော်ဝင်မျိုးနွယ်တွေ သိရှိသွားတဲ့အထိ ပြင်းထန်ခဲ့ကြသလို နောက်ဆုံးတော့အုပ်ချုပ်သူတွေက ဒီကျေးရွာဝန်းကျင်မှာ သစ်ပင်မခုတ်ရ ဆိုပြီး အမိန့်တွေ ထုတ်ပြန်ပေးခဲ့တဲ့ အထိလည်း အောင်မြင်မှု ရှိခဲ့ကြတဲ့ လှုပ်ရှားမှုကြီး ဖြစ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့ကျေးရွာနဲ့ဝန်းကျင်မှာ သစ်တော သစ်ပင်တွေနဲ့ စိမ်းလန်းနေပြီး သူတို့လိုမျိုး မလုပ်ခဲ့ကြတဲ့ ရွာတွေကတော့ အခုဆို ကန္တာရ လို ပူလောင်ခြောက်သွေ့နေကြပါပြီ တဲ့။

#ThawZinAung

About The Author

greenness_mm

No Comments

Leave a Reply