အသစ်တွေ့ရှိသော သစ်ပင်မျိုးစိတ်အား လီယိုနာဒို၏ အမည်ပေး

အသစ်တွေ့ရှိသော သစ်ပင်မျိုးစိတ်အား လီယိုနာဒို၏ အမည်ပေး

ယူကေရှိ တော်ဝင်ရုက္ခဗေဒဥယျာဉ် Kew မွ သိပ္ပံပညာရှင်များသည် အော်စကာဆုရှင် Leonardo DiCaprio ကို အစွဲပြု၍ သစ်ပင်မျိုးစိတ်သစ်ကို အမည်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။

Uvariopsis dicaprio ဟုလည်းလူသိများသော “dicaprio သစ်ပင်” သည် ကင်မရွန်းနိုင်ငံ Ebo သစ်တောတွင်သာ ပေါက်ရောက်သော အပင်ဖြစ်ပြီး အီဘိုသစ်တောတွေ ခုတ်ထွင်တာကို ရပ်တန့်အောင် ကူညီပေးရာမှာ လီယိုနာဒို၏ လုပ်ဆောင်မှုများက အရေးပါခဲ့ကြောင်း ဒေါက်တာ Martin Cheek က BBC သတင်းဌာနအား မကြာသေးမီက တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။ ကင်မရွန်းအစိုးရသည် စက်မှုလုပ်ငန်းများအတွက် Ebo သစ်တောကို ခုတ်ထွင်းရန် ခွင့်ပြုမိန့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပတ်ဝန်းထိန်းသိမ်းရေး ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများ၏ တောင်းဆိုမှုကြောင့် သစ်တောခုတ်ထွင်းရေး ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့သည်။
သိပ္ပံပညာရှင်တစ်ဦးအဖြစ် Netflix ၏ “Don’t Look Up” တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် DiCaprio သည် ဟောလိဝုဒ်တွင် အထင်ရှားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။ ဒီကာပရီယိုပင်သည် ယခုနှစ်တွင် Kew သုတေသီများ၏ တရားဝင်အမည်ပေးခြင်းခံရသည့် ပထမဆုံးအပင်ဖြစ်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

#ဖူးဖူး
ref-BBC
photo-Gettyimage,LORNAMACKINNON

About The Author

greenness_mm

No Comments

Leave a Reply